49

313 6 0
                                        

#အပ်မင်းတင်ခွင့်ပြုပါ
#အမေသေဆုံးခြင်

ညီမအမေက ၅လပိုင်းတုန်းက ဆုံးသွားပါတယ်
အမေက အိမ်မှာ တစ်ယောက်ထဲနေတဲ့လူပါ ညီမကကြတော့ အလုပ်မှာပဲနေတာပါ အမေ့ဆီကို ၄/၅ရက်တစ်ခါတော့ အမေလိုအပ်တာလေးတွေ သွားပို့ပေးပါတယ်

အမေဆီကို ညီမ 17ရက်နေ့ နောက်ဆုံးသွားတွေ့ခဲ့တာပါ အမေကပုံမှန်ပါပဲ နေကောင်းပါတယ်

17ရက်နေ့နောက်ပိုင်း ညီမ မရောက်ဖြစ်တော့ပါဘူး 21ရက်နေ့မှာ ပတ်ဝန်းကျင်က ဖုန်းဆက်လာပါတယ် ညီမတို့ အိမ်အပေါ်ထပ်မှာ အပုတ်နံရတယ် အမေလဲ အပြင်ထွက်တာ မတွေ့တာ 2ရက်လောက် ရှိပြီပြောလို့

ညီမအိမ်ကိုသွားကြည့်တော့ အမေက အိပ်ခန်းရဲ့အလည်ကြွေပြားပေါ်မှာ လဲကျပြီးဆုံးနေတဲ့အနေအထားကိုတွေ့ရပါတယ် (အမေအသက်ရှိစဉ်က ခန္တာကိုယ် သေးသေးလေးပါ အမေ့အလောင်းကိုတွေ့တဲ့ချိန်မှာ ပုတ်ပြီးပွနေတာ အမေက ပေါင် 200ကျော် ခန္တာကိုယ်လောက်ရှိနေပါတယ်)

အရမ်းနံလို့ အသုဘတောင် ချက်ချင်းချရပါတယ် အလောင်းက အခေါင်းနဲ့မဆံလို့ ပလပ်စတစ် ပတ်ပြီး ချရတဲ့အဖြစ်ပါ

ညီမသိချင်တာက တစ်ချိူ့တွေဆို တစ်ယောက်ယောက် တစ်ခုတစ်ခုဖ့စ်တော့မယ်ဆို နိမိတ်ပြတယ်မို့လား အမေဆုံးတာ ညီမကိုဘာနိမိတ်မှမပြပါဘူး အခုအမေဆုံးတာ ဒီနေ့ဆို 5လပြည့်ပါပြီး အခုထိညီမကို အိမ်မက်တောင်လာမပေးပါဘူး အမေဘာကြောင့်ဒီလိုလူမသိသူမသိ ဆုံးသွားတာလဲဆိုတာ အမေ့ကိုမေးချင်တာပါ  အဲ့ဒါအမေအိမ်မက်ပေးအောင်ဘယ်လိုလုပ်ရမလဲ😓

သရဲ တကယ်ဖြစ်ရပ်မှန်(2)Nơi câu chuyện tồn tại. Hãy khám phá bây giờ