93

83 2 0
                                        

ကျွန်မတို့အိမ်မှာ သရဲမရှိနေလို့ပါ
ကျွန်မတို့ဒီအိမ်ကို စရောက်ထဲက အရိပ်ပြလိုက်အကောင်လိုက်ပြလိုက်မို့သိတာပါ ပုံမှန်ဆိုကျွန်မတို့အိမ်လူများတော့ သိပ်ထွက်မလာဘူး
အခုနောက်ပိုင်း အိမ်မှာလူနည်းသွားတော့ ထွက်ထွက်လာပြီးခြောက်နေလို့ပါ
ပြောချင်တာကပုံထဲမှာပြထားတဲ့ ကျွန်မတို့လင်မယားအခန်းထဲကိုလာပြီး ညအချိန်မတော်မီးပြတ်နေတဲ့အချိန်ကျွန်မယောကျာ်းခြေရင်းမှာ ဒူးထောက်ပြီး ယောကျာ်းကိုသရဲမကကြည့်နေတာကို ကျွန်မတရေးနိုးမြင်လိုက်တာပါ နောက်ထပ်ကြုံရတာက
သရဲလို့ရေးထားတဲ့အခန်းက အခန်းလွတ်ပါ သူကအဲ့အထဲမှာဖဲနေတာပါ အခန်းထဲမှာခုတင်လည်းရှိပါတယ် ကျွန်မအမေကညဘက်၁၁လောက်ကြီး ခုတင်ပေါ်မှာ သရဲမထိုင်နေတာကို နှစ်ခါတွေ့တာပါ
နောက်တစ်ခေါက်ကကြ အကိုတရေးနိုးထတဲ့ချိန်သူနေတဲ့အခန်းထဲလာပြီး ထိုင်နေတာပါ ထိုင်နေရင်းနဲ့ နင်တို့ဘာလုပ်လုပ်မအောင်မြင်ဘူးဆိုပြီး
သရဲမက လက်ညိုးထိုးပြောသွားပါသေးတယ်တဲ့
ကျွန်မတို့ဒီအိမ်မှာနေတာ တစ်နှစ်ကျော်ပါပြီ အရင်ဆို သရဲရှိမှန်းတော့သိတယ် သူကသိပ်တော့မခြောက်ဘူး အခုနောက်ပိုင်းအိမ်မှာလူလည်းသိပ်မရှိတော့ နေ့တိုင်းလိုလိုခြောက်နေလို့မို့
နောက်ပြီး အခုရက်ပိုင်း ကျွန်မ အဖေအမေရယ် ယောကျာ်းရယ်က ပဌာန်းအကျယ်ကို တစ်ရက်၂၄ခေါက် ၂၄ရက် အဓိဌာန်ဝင်နေတာပါ
အဲ့တာနဲ့များဆိုင်မလားရှင် စရွတ်ပြီး နောက်ပိုင်းမှာခြောက်လန့်တာတွေကပိုပြီးဆိုးဝါးလာလို့ အိမ်က ခွေးလေးတွေကြောင်လေးတွေလည်း တစ်ကောင်ပြီးတစ်ကောင် tayနေလို့
ဒါတောင်ကြားထဲတခြားဖြစ်ပျက်တာတွေ
ရှိပါသေးတယ် ကျွန်မစာသိပ်မရေးတတ်လို့ထည့်မရေးတော့တာပါ
နောက်ပြီးအိမ်နား တစ်ဝိုက်မှာလည်း သိုက်တို့ကျက်တို့ရှိပါသေးတယ်
အဲ့တာကလည်းစပြောင်းလာခါစက ညဘက်တွေဆို
ကျက်လှည်းသံ သီချင်းဆိုညည်းသံတွေကိုခနခနကြားရတာပါ နေလာတာရက်ကြာတော့အဲ့အသံတွေကမကြားရတော့ဘူး အဲ့သရဲမကထွက်ထွက်လာနေတာ ရေးရင်းနဲ့စိတ်လည်းတိုတယ် ကြောက်လို့

အဲ့တာဘယ်လိုလုပ်ရမလဲ အရင်ဘုန်းကြီးတွေပင့်ပြီးလည်း အိမ်သန့်တာမျိုးတွေလုပ်တယ် မရဘူး ဘုရားစာကိုမကြောက်ဘူးနဲ့တူပါတယ်

စာသိပ်မရေးတတ်လို့ sorry ပါ

Cm လေူတွေ့သဘာကျလို့ပါ

€€နင်လည်း ဒီအိမ်မှာနေတာ မီတာခလောက်တော့ ပေးဆိုပြီး ဂဏန်းလေးဘာလေးတောင်းပါလား€€

^°^တစ်ဖက်လူကကိုယ့်ကိုမလိုတော့ဘူးဆို
အလိုက်တသိနဲ့အရေးမပါသလိုပဲ နေလိုက်တာအကောင်းဆုံးပဲ။အတင်းကြီး အရေးပါအောင်လိုက်လုပ်ယူနေရတာ သူ့တွက်တော်တော်လေးကို အာရုံနောက်ဖို့ကောင်းနေလောက်တယ် ၊ကိုယ့်ကိုမလိုအပ်တဲ့သူကိုအတင်းသံယောဇဉ်ထားခြောက်လှန့်ခြင်းအားဖြင့်ကျနော်တို့ဟာကိုယ့်အသဲကိုယ်အကြိမ်ကြိမ်အခါခါပြန်ခွဲနေကြတယ်။ မနှောက်ယှက်ခြင်းကလဲချစ်ခြင်းမေတ္တာပါဘဲဆိုတဲ့အကြောင်းကို နောက်တခါတွေ့ရင်သေချာလေးရှင်းပြပေးလိုက်ပါ အမရေ^°^

@@@ဆဲချအစ်မ  သူငယ်ချင်းတစ်ယောက်အိမ်လည်း သူငယ်တုန်းက သူတို့ကိုအိပ်မရအောင်စတာတဲ့ အဲ့မှာသူ့အဖေက ဒီအိမ်ကိုငါပိုင်တယ် ငါကအိမ်ထောင်ဦးစီးဆိုပြီး ဖေကိုင်တုတ်ဆဲတဲ့ဗျ အစ်မရေ နေမယ်ဆိုမနှောက်ယှက်နဲ့ပေါ့ ဒီလိုစနေရင်တော့သူ့အဖေတော့ဖေကိုင်တုတ်ဆဲတာဘဲ အနုနည်းမရတော့ သူကြမ်းကိုယ်ကြမ်းပေါ့@@@

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now