57

387 7 2
                                        

မမြင်အပ်ပုဂ္ဂိုလ်၏ Sexual Harassment

ကျွန်တော်ဒီတခေါက်ပြောပြမှာက ခေါင်းစဉ်အရဆို ရယ်စရာတော့ ဖြစ်နေမလားမသိဘူး။ ကျွန်တော့်အတွက်တော့ ဖြစ်လေ့ဖြစ်ထမို့ သိပ်မထူးဆန်းတော့ဘူး အထူးသဖြင့် ညနေခင်း or မွန်းလွဲ အိပ်မိတဲ့ အခါတွေပေါ့။

နောက်ဆုံးဖြစ်တာက October 17 ရက်ဗျ မွန်းလွဲ 2နာရီခွဲ‌လောက်အချိန် မှာ ကျွန်တော် အိမ်အောက်မှာ လုပ်စရာရှိတာတွေလုပ်ပြီး ၃ထပ်မြောက်အိပ်ခန်းထဲ ဖုန်းအားသွင်းရင်း ကုတင်ပေါ် တရေးတမောအိပ်လိုက်တာ မှေးခနဲ အိပ်ပျော်သွားတယ်။ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားပြီး ခဏအကြာမှာပဲ မူမမှန်တဲ့ အထိအတွေ့ တွေကြောင့် ပြန်လန့်နိုးလာခဲ့တယ် but ခန္ဓာကိုယ်က ဘီလူးစီးသလိုပဲ လုံးဝလှုပ်မရတော့ဘူး မျက်လုံးတောင် ဖွင့်မရလို့ အတင်းမှေးကြည့်ရုံပဲ မြင်ရတယ်။ ဒီနေရာမှာ ကျွန်တော်က ဘီလူးစီးခံရတာကလဲ ဖြစ်ဖူးနေကျဆိုတော့ အခြေအနေ 2ခု မတူတာ သိသာတယ်။ ယှဉ်ပြောရမယ်ဆို ဘီလူးစီးခံရတာကျ ဇောချွေးတွေ ပြန်ပြီး စိတ်ပင်ပန်းလူပင်ပန်းနဲ့‌ အသတ်ခံရသလိုလို တက်ဖိခံရသလိုလို သေမလိုလိုပုံစံ ဒါကကျ မျက်လုံးဖွင့်မရတာနဲ့ လှုပ်မရတာပဲ ရှိတာ သာသာယာယာပဲ ဥပမာပေးရရင် BDSM လုပ်ခံရသလို လက်တွေ ခြေတွေ လက်ထိပ်နဲ့ ချုပ်ခံထားရပြီး မျက်လုံး အဝတ်စည်းခံရထားသလို feeling မျိုး အထိအတွေ့တွေကလဲ တကယ် လူတယောက်က ကိုယ့်ကို လာပွတ်သပ် ထိတွေ့နေသလိုမျိုး တကိုယ်လုံးကို အလွတ်မပေးဘူး ရှေ့မှာဆို အဲ့ထက်ပိုဆိုးဆိုးဝါးဝါးခံရတာတွေရှိသေးတယ် ဒါတော့ ထည့်မပြောတော့ပါဘူး။ ဒီနေ့လုပ်တဲ့ကောင်ကတော့ အထီးလို့ထင်တာပဲ အထီးအထီးချင်းဆိုတော့ ခန့်မှန်းမိကြမှာပါ ကျွန်တော်ကကြီး ခံဘက် တခုခုက တိုးဝင်လာသလို feelကြီး ဒီနေ့ဆို ပါးတွေကို ညောင်းလို့။ တခါတလေကျလဲ တဖက်က မိန်းမလိုလို ဘာလိုလို တကယ် sex လုပ်ရသလို feeling မျိုး ကိုယ်ကပဲ အပေါ်ပြန်ရောက်သွားတာလားတော့ မသိ ဒီတခါတော့ သိပ်မဆိုးဝါးလိုက်ဘူးပေါ့။ အဲ့တာနဲ့ ကျွန်တော်လဲ စိတ်ထဲကတော့ ကျိန်ဆဲလိုက်မိတယ် "မင်းငါ့ကို ခနခန အဲ့လိုတွေ လာလာလုပ်နေတာ သတ္တိရှိရင် ကိုယ်ယောင်ပြလိုက်စမ်း" ဆိုပြီးပေါ့။ အဲ့မှာတင် ထူးဆန်းတဲ့ဖြစ်ရပ်တခုက ထပ်လာပြီ။

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now