55

332 5 0
                                        

Outlandish dream💭

အိပ်မက်လေးတစ်ခုမက်တာ၊ ပုံမှန်ထက် ထူးဆန်းနေတယ် ခံစားရလို့ပါ။

တကယ်တော့ ပဠာန်းပြန်ရွတ်နေတာ ၂၅ ရက်လောက်ရှိပါပြီ။ အဲတာကြောင့်လည်း ပါမယ်လားတော့ မပြောတတ်။

တစ်နေ့က မနက်ပိုင်းစာမေးပွဲဖြေရမယ်ဆိုတော့ မနက်အစောကြီးထပြီး စာထကြည့်မယ်ဆိုပြီး alarm ပေးထားပါတယ်။ alarm လည်း မြည်ရော ခဏလေး မှေးဦးမယ်ဆိုပြီး မှေးလိုက်တဲ့အချိန်မှာ မက်တဲ့ အိပ်မက်ပါ။

ဖြစ်ပုံကဒီလိုပါ…
အိပ်မက်ထဲမှာ အိပ်ရာကနိုးတော့ ကျွန်မအရင်က အရမ်းနှစ်သက်ခဲ့ဖူးတဲ့ အင်္ကျီလေးတစ်ထည် ဝတ်ထားတယ်။ ( အဲ့အင်္ကျီလေးကတော့ စုတ်နေတဲ့အပေါက်လေးတောင်ပါသေး၊ အရမ်းဝတ်ကောင်းတယ်ခံစားရလို့သာ ဆက်ဝတ်နေတာ။ တကယ်တမ်း အဲ့င်္အကျီဝတ်ရင်လေ ကျွန်မမှာ ရှက်လွန်းလို့ အိမ်ကို တစ်ယောက်ယောက်လာလို့ အဲ့အင်္ကျီဝတ်ထားရင် ထွက်မတွေ့တဲ့အထိပဲ။)
ဆိုတော့ အိပ်ရာက နိုးနိုးချင်းမှာ အဲ့အကျီလဲဖို့အတွက် ကျွန်မအင်္ကျီထားတဲ့အခန်းဆိုပြီးယူဆရတဲ့ အခန်းတခုထဲ သွားတာ။ ( အဲ့နေရာက ကျွန်မအပြင်မှာ မရောက်ဖူးတဲ့ နေရာမျိုးပါ။ ပြီးတော့ အိပ်တဲ့အခန်းနဲ့ အင်္ကျီလဲရမဲ့အခန်းကို လမ်းလျှောက်သွားရတဲ့ပုံလိုမျိုး။ နည်းနည်းတော့ ကမောက်ကမနိုင်ပါတယ်။🥲)
သွားတဲ့လမ်းတစ်လျှောက် လူတွေစည်နေရောပဲ
အဲ့အချိန်ထိ ဘာမှ သတိမထားမိသေးဘူး။

လူကလည်းစည်၊ ကျွန်မကလည်း အကျီအစုတ်လေးနဲ့ဆိုတော့ ရှက်တော့ ရှက်သား။
အဲတော့ မင်္ဂလာဆောင် ဒါမှမဟုတ် အလှူလို့ယူဆပြီး အခန်းဆီကို တည့်တည့်လျှောက်သွားတာပါပဲ။

အခန်းရှေ့ရောက်လို့ အခန်းတံခါးလဲဖွင့်ရော လူတိုင်းက အဖြူအမဲ ဝတ်စုံတွေနဲ့ ခုံတန်းတွေပေါ် ထိုင်နေကြတယ်။
အခန်းဖွဲ့စည်းပုံကလည်း church( ခရစ်ယာန်ဘုရားကျောင်း) လို ဖွဲ့စည်းပုံမျိုး၊ ခုံတန်းအပြင်အဆင်က တော်တော်လေးကို တူတယ်။
အခန်းနံရံတွေကိုလည်း အနက်ရောင်ပဲခြယ်ထားတယ် ထင်ပါရဲ့။
(မေမေက တရုတ်သွေးစပ်တော့ မင်္ဂလာလား/ အမင်္ဂလာလား မသဲကွဲတော့ဘူး။ ဒါပေမဲ့ အဲ့အချိန်အထိ မင်္ဂလာဆောင်လို့ပဲ ထင်နေတုန်းပါ။ မေမေကလည်း တရုတ်ရိုးရာကို စွန့်ပြီး မေမေ့ဘွားဘွားဆုံးကတည်းက ဗုဒ္ဓဘာသာစစ်စစ်လုပ်ထားတာဆိုပေမဲ့ တခါတလေ ဘုံကျောင်းသွားပြီး ကန်တော့ပါတယ်။)

ကျွန်မလည်း အင်္ကျီလဲဖို့ မဝင်တော့ဘဲ အပြင်မှာ လျှောက်ပတ်ကြည့်တော့ church လိုမျိုး (church တော့ မဟုတ်ပါ။) ခုံတန်းရှည်တွေ ထားထားတဲ့နေရာတစ်ခုထပ်တွေ့ပါတယ်။(အခန်းတော့မဟုတ်ဘူးပေါ့နော်။) အဲ့နေရာမှာ ကျွန်မအကိုကြီးနဲ့ အကိုနဲ့အရင်ကအရမ်းခင်ကျတဲ့အကို့သူငယ်ချင်းတစ်ယောက်ကိုပါတွေ့တယ်။ အဲ့ခုံတွေမှာလည်း လူတွေ တော်တော်များများ ထိုင်နေကြတယ်။ သူတို့ဆီသွားတော့ အကိုကတော့ အဖြူရောင်မှာ အကွက်ပါတဲ့အင်္ကျီဝတ်ထားပြီးတော့ အကို့သူငယ်ချင်းက အဖြူပဲဝတ်ထားတယ်လို့ ထင်ပါတယ်။ (အကို့သူငယ်ချင်းက Christian ဆိုပေမဲ့ ကိုကိုက Buddhist ပါ။)
အကို့အင်္ကျီက အဖြူလုံးလုံးမဟုတ်တဲ့အပြင် အကို့ကိုပါတွေ့လိုက်တော့ နည်းနည်းတော့ စိတ်သက်သာရာရသွားတာပေါ့။

အဲတာနဲ့အနောက်လှည့်ကြည့်တာ အမျိုးသမီးတစ်ယောက်က ငိုနေပါတယ်။
ပြီးတော့ တီလုံးသံတွေနဲ့ လူတစ်စုဝင်လာပါတယ်။ သူတို့လည်း အင်္ကျီအမဲဝတ်ထားတာပါ။ အကိုတို့ကလည်း သူတို့ကို စောင့်နေတာလို့ ယူဆရပါတယ်။

အဲတာနဲ့ အကိုကပြောတယ်။
“အပြစ်ပေးခံရမှာ၊ ငိုပြရမယ်။
အစီအစဉ်တခုလုံး ၃မိနစ်ပဲ ကြာမယ်။”တဲ့

အဲတာနဲ့ နိုးလာတာပါပဲ။
အကိုပြောသွားတဲ့ စကားက ထူးဆန်းနေတယ် ခံစားရလို့ပါ။ တစ်လလောက်ကလည်း အကြောင်းပြချက်မရှိ ကျွန်မကို block သွားပါတယ်။ သူနဲ့ စကားမပြောဖြစ်တာတောင် ကြာနေပါပြီ။

ဆိုတော့ အဲ့အိပ်မက်က ရိုးရိုးမက်တာရောဖြစ်နိုင်ပါ့မလား။
ဒါမှမဟုတ် ဘာ message ပေးချင်နေတာလဲရှင့်။

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now