6

903 20 0
                                        

#သရဲပလေးသွားတဲ့အကြောင်းလေး

ကိုယ့်ကိုကိုယ်ဆော်ကပလေးသွားတာတို့
ဘဲကပလေးသွားတာဆိုပြီးအားမငယ်ကြနဲ့
ပြည်ခရိုင်ကလူတွေဆိုရင်သိကြမှာပါနော်
ပြည်တန်ဆောင်တိုင်ပွဲတို့ ရွှေတောင်နတော်ပွဲတို့
တပေါင်းရွှေနတ်တောင်ဘုရားပွဲတို့ ခေတ်ကောင်းတုန်းကပေါ့
ပေါင်တည်ဘာညာ ဘာညာ ထည့်မရေးတော့ဘူးပျင်းတယ်
၁၂ရာသီပွဲရှိတယ် ဘာပွဲညာပွဲနဲ့ ပွဲတော်အစရက်ဆိုလူမစည်ဘူး
၁၂ရက် ကနေ ၁၅ရက်ထိလောက်ပဲ ကြိတ်ကြိတ်တိုးစည်ကြတာများတယ်
ကိုယ်တွေသူငယ်ချင်းတွေစုပြီးသွားကြတာ ပွဲတော် အစရက်ဖြစ်တဲ့
၈ရကနေ့ညမှာ သွားကြတာ ဘုရားပေါ်မှာထိုင်နေကြတဲ့အချိန် ကိုယ်ကဗိုက်နာလာကော
အိမ်သာက စောင်းတန်း အမှောင်ကျတဲ့ဘက်ထဲမှာ သွားရမှာဆိုတော့
သူငယ်ချင်းတွေကိုလဲခေါ်မနေဘူး ကိုယ်ကကျတစ်မျိုးတစ်ယောက်တည်းဆို
မကြောက်တက်တက်ဘူး အဖော်ပါရင်သာ တဖက်လူကကြောက်နေရင် ကိုယ်ပါရောကြောက်တာမျိုး
အာ့ကြောင့်တစ်ယောက်တည်းသွားကောပေါ့ အိမ်သာတံခါးကပိတ်ထားတော့ ကိုယ်လဲဆွဲဖွင့်ကြည့်တာ
မရဘူး လူရှိလောက်တယ်ဆိုပြီး တံခါးကိုသုံးချက်ခေါက်တာ အထဲကပြန်ခေါက်တယ်
အထဲမှာလူရှိတာမရှိတာသေချာသလားမပြောနဲ့ လိဖြစ်နေတာလားလူရှိတယ်တဲ့
ကိုယ်လဲထိုင်စောင့်နေတာ ပေါ့ နောက်ထပ်လူကြီးပိုင်းနှစ်ယောက်ထပ်ရောက်လာပြန်ကော
ကိုယ်ကလဲပြောတာပေါ့အထဲမှာလူရှိတယ်လို့ သူလဲခဏထပ်စောင့် မကြာဘူး
အဲရောက်လာတဲ့လူကြီးနှစ်ယောက်တည်းက တစ်ယောက်က မအောင့်နိုင်လို့နေမယ်
တံခါသွားခေါက်ပြီး အထဲကလူကြာလာနေပြီ မပြီးသေးဘူးလားသွားမေးတာ
မျက်ခွက်မျက်နှာပျက်နဲ့ပြန်လာတယ် သူ့ကိုအိမ်သာထဲကကောင်ကဆဲလွှတ်လို့တဲ့
တော်တော်မိုက်ရိုင်းတယ်ဘာညာပေါ့ တအောင့်ကြာတော့ နောက်ထပ် လူကြီးတစ်ယောက် ထပ်ရောက်လာလာပြန်ကော ကိုယ်နဲ့ပထမရောက်နေတဲ့ လူကြီးနှစ်ယောက်ကအထဲမှာ
လူရှိတယ်လို့ပြောတာကို အရေးတောင်မလုပ်ဘူး သူသွားတော့အထဲမှာဘာလူမှရှိမနေဘူး
အဲလူပြန်ဆင်းသွားတော့ ကိုယ်နဲ့ ဟိုလူကြီးနှစ်ယောက်နဲ့က သူအရင်သွားကိုယ်အရင်သွား
ကြီးသူငယ်သူဦးစားပေးတာတို့ အရင်ရောက်သူ နောက်ကျသူ ဦးစားပေးတာတို့
တစ်ယောက်ကိုယ်တစ်ယောက်အိမ်သာအရင်၀င်ဖို့ဦးစားပေးနေကြတာ
အဲအချိန်မှာ စောနကအိမ်သာ၀င်ပြီးပြန်ထွက်သွားတဲ့ ကုတုံးပြောင်၂ အသားမဲမဲ ၀၀ဖိုင့်ဖိုင့်နဲ့လူကကြီးက
ပြန်ရောက်ချလာတာဗျ ‌ဒီလူကြီးက ခုပဲပြန်ထွက်သွားပြီ ခုပဲပြန်လာတယ် ဘာလဲပေါ့
အိမ်သာတံခါးကြီးသွားဆွဲဖွင့်ပြီးတော့ ကိုယ်လုံးကမလှည့်လာပဲ ခေါင်းကြီးတင်ပဲ တပတ်လည်လာပြီးတော့
အိမ်သာထဲမှာဘာလူမှမရှိပါဘူး လာတက်ကြပါဟတဲ့ အီးပါချင်တာတောင်ဘယ်ရောက်သွားမှန်းမသိဘူး
‌ခြေဦးတည့်ရာ သူ့ထက်ငါဦးပြေးလိုက်ကြတာကို ကိုဗစ်မဖြစ် ခင် နောက်ဆုံးပွဲတော် ဖြစ်တဲ့နှစ် မှတ်မှတ်ရရ ပါပဲ

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now