85

277 5 0
                                        

ကဝေ အဖွားကြီး ဗူး လာသွင်းတဲ့အကြောင်းလေး ပြောပြမယ်နော်

ညီမ အသက် ၁၉ လောက်တုန်းက ညီမတို့မိသားစု ခရီးထွက်ကျမယ်ပေါ့ဆိုပြီး ကလောဘက် ကိုခရီးထွက် ကြပါတယ်။ အမေက နဂိုတည်း က မိတ်ဆွေ အရမ်း များလို့ ဘယ်နေရာကိုခရီးထွက်ထွက် hotel တည်းစရာမလိုပါဘူး အမေ့အသိတွေအိမ်လိုက်အိပ်ရုံပါပဲ ။ အာ့တာနဲ့ ကလော ရောက်တော့ အမေ့အသိ တယောက် အိမ်မှာတည်းပြီး ကလောမြို့ပေါ်မှာလည် တယ်ပေါ့နော် ။ အမေ့ရဲ့ အခြား ကလောက အသိ တွေလဲ အများကြီး လာတွေ့ ကြတယ် ။သူတို့အိမ်တွေလဲလိုက်လည်တာ ပေါ့ ။ အာ့တာ နဲ့ အမေ့အသိထဲက ဦးလေးကြီး တယောက် ရဲ့ အိမ်က သူ့မိန်းမက ရှမ်းခေါက်ဆွဲ ချက် ကျွေးချင်လို့ပါ အရမ်း စားလို့ကောင်းတယ် အိမ်လိုက်လည်ပါဆိုလို့ အမေရယ် ညီမ ရယ် အငယ်မရယ် လိုက် သွားကြရော။ အဲ့ဒီဦးလေးကြီးအိမ်က ရွာလိုပုံစံပဲ ဒါမဲ့ ရွာစစ်စစ်လိုပုံစံတော့မဟုတ် အိမ်ခြေနည်းပြီး တအိမ်နဲ့ တအိမ် ဘယ်အိမ်မှာ ဘယ်သူက ဘာလုပ်တယ် ဘာဖြစ်တယ်က အစ သိနေတဲ့ ရပ်ကွက်မျိုး ။ ဒါနဲ့ အဲဒီ့ဦးလေးကြီးအိမ်ရောက်တော့ လူကြီးတွေစကားပြောဘာပြောနဲ့ နေနေတော့ ညီမ လဲ ပျင်းလာတာနဲ့ ဟိုနား ဒီနား ဓာတ်ပုံရိုက်မယ်ဆိုပြီး အမေ့ကို ပြောပြီး ထွက်လာရော အငယ်မ ကမလိုက်ပါဘူး Introvert ပါ ။ ညီမ က extrovert ပါ အလွန်ယွပါတယ် ဘယ်နေရာရောက်ရောက် မသိတဲ့ လူကိုလဲချက်ချင်း နှစ်ပေါင်းများစွာကခင်တဲ့လူလိုပေါင်းနိုင်ပါတယ် ။ အဲဒါနဲ့ ရပ်ကွက်ထဲလျှောက် သွားတော့ ဦးလေးကြီးအိမ်ရဲ့ ၄ အိမ်ကျော်လောက်က အပင်လေးက ပန်းတွေပွင့်နေတာလှလို့ဆိုပြီး ဓာတ်ပုံရိုက်နေတုန်း အိမ်ထဲက သန့်ပြန့်ပြီး အသားဖြူဖြူ နဲ့ ခပ်ချောချော အဖွားကြီး တယောက်က ထွက်လာပြီး "ဟိတ်ကလေးမ မင်း မောင်မျိုးတို့အိမ်လာတာမို့လား" တဲ့  အာ့နဲ့ ဟုတ်အဖွားပေါ့ အဲ့ဒါနဲ့ အဖွားကြီးက " လာလာ အိမ်ထဲခဏဝင်ဦး အဖွား လဲစကားပြောစရာလူမရှိလို့လို့ပြောပါတယ်။ ညီမ လဲ အာ့တာနဲ့ အိမ်ပေါ်တက်ပြီး အိမ်ရှေ့က ခင်းထားတဲ့ ဖျာ မှာဝင်ထိုင်လိုက်ပါတယ် ။ အဖွားကြီးက လဲ နောက်ဖေးက နေ ညီမ လဲမခေါ်တတ်ဘူး သကြားနဲ့တို့စားရတဲ့ မုန့်လေ အာ့တာလေး ကိုင်ပြီး ညီမ နဲ့ အတူ ထိုင်ရင်းစကားပြောပါတယ် ညီမ က နဂိုထဲက စကားများတဲ့ လူပီပီ လှိမ့်ပြောတာ အဖွားကြီး ခမျာ အပျင်းပြေပုံရတယ် ရီလိုက် မုန့်တွေကျွေးလိုက် ညီမ ကလဲကျွေးသမျှ အကုန်စား တာ။ ခဏနေတော့ အဖွားကြီးက "ကလေး မ ည ည်းအတော် ခင်ဖို့ကောင်းတာပဲ ညည်းရှိတော့ ငါ့မှာ မပျင်းရတော့ဘူးတဲ့ "အာ ကိုကလဲ "အမလေး အဖွားရယ် အာ့ဆို ခေါ်ထားပေါ့ သမီးကို "ဆိုပြီး ပြောတော့ ရီပြီးအေးအေး တဲ့ အာ့နဲ့ ခဏနေတော့ အိမ်ရှေ့ကနေ အမေ့ အသိဦးလေးကြီးက အကြီးမ နင့်အမေ က ပြန်တော့မယ် တဲ့ ဆိုပြီး အိမ်ရှေ့ကနေ လာခေါ်ပါတယ် ။ အဖွားက ထပြီး အိမ်တံခါးဝကနေ "ဟက် မောင်မျိုး အိမ်ပေါ်လာလေဆိုပြီး လှမ်းခေါ် တဲ့အချိန် ညီမ ကလဲ ပြန်မယ်ပေါ့ဆိုပြီး ထလိုက်တာ ဟဲဟဲ ဖျာ ကြီးက ဖင်မှာ ကပ်နေပါလေရော ကပ်တာ မှနော် ချွေးနဲ့ကပ် သလိုကပ်တာမဟုတ်ဘူး ခါချမရ ဆွဲခွာမရဖင်မှာ ဖျာကြီးကပ်နေတာ အဲ့ဒါနဲ့ ညီမ လဲ အဖွားရေ ဖျာကြီး ကပ်နေပြီ လုပ်ပါဦး ဆိုပြီး အော်တာ အမေ့အသိဦးလေး ကြီးက အာ့တော့ မှ "ကဲ အဖွားရေ ဒီကလေးက ရန်ကုန်က နေလာလည်တာ ပါ မစပါနဲ့ သူတို့ လဲပြန်ရမှာမို့ လို့ ပါ မှားတာရှိရင်လဲ သူ့အစား တောင်းပန်ပါတယ် လို့ပြောလိုက်တော့ အဖွားကြီးက "တောင်းပန်စရာမလိုဘူး ငါချစ်လို့ စနေတာ သွားသွား ပြန်ခေါ်သွားဆိုပြီး ဖနောင့် တချက်ပေါက်လိုက်ပါတယ် ချက်ချင်း ညီမ ဖင်မှာ ကပ်နေတဲ့ ဖျာကြီး ကွာ ကျသွားရော.. အာတာနဲ့ ညီမ လဲ ဖင်ကိုလက်နဲ့ ခါပြီး ပြန်လိုက်ဦးမယ် အဖွားဆိုပြီး ရီကျဲကျဲ နဲ့ ပြန်လိုက်တယ် ။ အဲဒါနဲ့ အရင်တည်းနေတဲ့ နေရာကို ပြန်ရောက်တော့ ရေမိုးချိူး အမေနဲ့စကားလေးဘာလေးပြောပြီး အိပ်ကြတယ်။ အာ့မှာ အိပ်ပျော်ခါနီး မှေးခနဲ ဖြစ်နေတဲ့အချိန် အပြင်ဘက်ကနေ နေ့ခင်းက တွေ့ခဲ့တဲ့ အဖွား အသံ နဲ့ "ကလေးမ ကလေးမ နဲ့ ခြံ အပြင်ကနေ လှမ်းခေါ်နေတဲ့ အသံကြားတော့ ညီမလဲ အိပ်ချင်မူးတူးနဲ့ ထပြီး ခြံ အဝ ကို အဖွား လာလေ ခြံထဲ ဝင် ဆိုပြီး လှမ်းအော်တာ အဖွားကြီးက "အော် မဝင်ဘူး ကလေးမ ထွက်လာခဲ့ လာ" ဆိုပြီးပြောလို့ ညီမလည်း ခြံပြင်ထွက်သွားပါတယ် ။ အဖွား ကြီးက ကလေးမ ကို အဖွား ပေးစရာရှိလို့ လာတာ ယူမှာလား လို့မေးပါတယ် ညမက ယူမှာပေါ့ အဖွားက ဘာပေးမှာလဲ ဆိုတော့ ကွမ်းယာလေး တယာ ကွမ်းယာ ထုတ်ထားပုံက အခြား ကွမ်းယာတွေထုတ်ထားတဲ့ပုံစံနဲ့တော့မတူဘူး အာ့တာနဲ့ ညီမ လဲ "အာ အဖွားက လဲ သမီးက ကွမ်းမှမစားတာ အဖွားက လဲ ညကြီးအချိန်မတော် ကွမ်းလာကျွေးနေတယ်ဆိုပြီး ပြန်ပြောလိုက်တယ် ။ အာ့မှာ အဖွားကြီးက "ညည်းဘာသိလို့တုန်း ဒီ ကွမ်းယာက ငါ့ရဲ့ ဘဝ တလျှောက်လုံး ကြိုးစားပြီးရခဲ့တဲ့ အရာတွေ အလကားပေးနေရင်ယူ ညည်းကိုချစ်လို့ ပေးတာ ဒီအရာတွေက လိုချင်တိုင်းရတာမဟုတ်ဘူး ညည်းမှာ အထုံလဲပါတယ် ယူလိုက် ငါ့ထက် တော်တဲ့ ကဝေ ဖြစ်လာလိမ့်မယ် လို့ပြောပါတယ် ။ ညီမလဲ အတော်ထူးဆန်းတာပဲဆိုပြီးစားဖို့အလုပ် ခြံထဲက နေ ယောကျ်ားတယောက်အသံနဲ့ " အိမ်ထဲ အခုပြန်ဝင် "ဆိုပြီးအော် လိုက်တဲ့ အသံကြား လိုက်တာ ချက်ချင်းနော် ညီမ လွင့်ထွက်သွားသလို အိမ်တံခါးဝပြန်ရောက်နေတာ ။ ခြံ ဝကိုလှမ်းကြည့်တော့ ဟို အဖွားကြီး အဲ့ဒီတိုင်း မတ်တပ်ကြီးရပ်ပြီး ညမ ကိုလှမ်းကြည့်နေတာ စက္ကန့် ပိုင်းလောက်ကြာတော့ ခြံရှေ့မှာ ဖနှောင့်တချက်ပေါက်ပြီး လှည့်ထွက်သွားတယ် ။ အာ့နဲ့ ညီမလဲ ပြန်အိပ်မယ်လုပ်တော့ ညီမကို နောက်ကနေ စောင့်တွန်းလိုက်တာ အိပ်ရာကနေနိုးလာတာ နေ့ခင်း ၁၂တောင်ကျော်နေပြီ  ဆိုတော့ အိမ်မက်လားတကယ် ဖြစ်တာလား ။ အရမ်းထူးဆန်းလွန်းလို့ စိတ်ဆွဲလို့ မက်တာလား လို့တောင်ထင်ပါတယ် ။ ဒါမဲ့ စိတ်ဆွဲလိုမက်ရင် အိမ်မက်ကမေ့သွားမှာ ဒါမဲ့ လုံးဝအခုချိန်ထိမမေ့သေး ။ အိမ်မက်က တော့ အာ့  ၂ခု ပါပဲ လောကကြီးက တအား ဆန်းကြယ် ။

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now