ချောင်းသာက နာမည်ကြီးတဲ့ဟိုတယ်တွေထဲပါတဲ့ ဟိုတယ်တစ်ခုပေါ့ သွားတိုင်းလဲအဲ့မှာပဲ တည်းတယ် ညစာလေးလဲbuffetပါတာကော အဆင်ပြေလို့ကောပါ
တည်းတိုင်းလဲ ကိုယ်ပဲအခြောက်ခံရတယ်😁
အခန်းကလဲ ခြံစည်းရိုးအခြမ်းကအခန်းတွေပဲရတယ်
ဒုတိယတခါအကြောင်းပြောပြမယ်
အဒေါ်၂ယောက်ရယ် ညီမရယ် ကားသမားဦးလေးနဲ့ဆို ဦးလေးက၃ယောက်ပေါ့ ညီမတို့မိန်းကလေးတွေကတခန်း
ဦးလေးတွေကတခန်း အခန်းတွေကမရှိတော့လို့ အဲ့၂ယောက်ခန်းတွေကိုပဲextraထိုးအိပ်တာပေါ့
ပထမရက်မှာ အပြင်မှာကျန်၅ယောက်က ညနေဘက်ဆိုတော့ စားသောက်နေကြပြီပေါ့ ညီမက
သူတို့ရေကူးတုံးကမကူးထားလို့ နောက်ဆုံးမှ ရေဝင်ချိုးတာ
ချိုးနေတုံး အပြင်ကနေ တံခါးလက်ကိုင်လုံးကိုလှည့်တာ
လူတစ်ယောက်ကလှည့်သလိုပဲနော် အ့နဲ့ အန်တီ သမီးအထဲမှာရေချိူးနေတယ် toiletဝင်မလို့လား ခဏလေးနော်ပြီးတော့မယ်လို့ပြောတော့ တိတ်သွားပြီး
၂မိနစ်လောက်ကြာတော့ ထပ်လှည့်ပြီး တံခါးပါခေါက်တယ်😀😆
အ့နဲ့ အိုကေအိုကေပြီးပြီ ဆိုပြီး သဘက်တွေဘာတွေကောက်ပတ်ပြီးအထွက် … အဲ့ကျမှ အခန်းထဲကို အဒေါ်က ညီမရေချိုးခန်းထဲကထွက်မှဝင်လာတာ အ့နဲ့မေးတော့ ဘယ်သူမှမဝင်လာဘူးတဲ့🥹
အဲ့တာနဲ့ထားပါတော့ဆိုပြီးနေရော
ညကျအိပ်ကြတော့ ညီမကအလယ်မှာ extraနဲ့အိပ်တာ
ညသန်းခေါင်းထိအိပ်မပျော်ဘူး အဲ့တာနဲ့ ဖုန်းလေးသုံးပြီး
ညာဘက်က အဒေါ်ဘက်ကို
စောင်းလိုက်တဲ့အချိန်မှာ အဒေါ်ကမျက်လုံးပြူးပြီး
ညီမကိုစိုက်ကြည့်နေတာ🥹 ခဏတော့လန့်သွားပေမဲ့ သူနဲ့ကသူငယ်ချင်းပေါင်းပေါင်းနေကျဆိုတော့ ဘာလဲဟ ဆိုပြီး
ပခုံးလေးပုတ်လိုက်တာ သူကမျက်လုံးမှိတ်ပြီးပြန်အိပ်သွားတယ် အဲ့တာနဲ့ကိုယ်လဲနည်းနည်းတော့လန့်လာပြီး
Tayပေါက်ချင်တာတောင် ထမပေါက်ရဲတော့ဘဲ ရအောင်
စောင်ခေါင်းမြီးခြုံပြီး ရအောင်အိပ်ပစ်ရတယ်။
အဲ့တာပထမနေ့ဒုတိယနေ့မနက်ကျ အဲ့ညာဘက်ကအဒေါ်ကပြောတယ်
ညကအိမ်မက်ထဲ နင့်ကိုတရဲမကလာဆွဲသလိုအိမ်မက်မက်တယ်တဲ့ ပြီးတော့ အပေါ်ကနေကျလာသလိုကြီးလို့ပြောတယ် 2ယောက်တဲ့
ဟုတ်လားလို့ပြန်မေးရင်း သမီးလဲညကအိပ်မပျော်ဘူး အန်တီဘက်လှည့်ကြည့်တော့ မျက်လုံးပွင့်လာလို့
ပြန်ပုတ်လိုက်တာအိပ်သွားတာပဲလို့ပြောတော့
ဟုတ်လားတဲ့သူလဲမမှတ်မိ…
အ့နဲ့ညရောက်တော့ သောက်ကြစားကြပြီးအိပ်ယာဝင်ကြ
အကုန်လုံးကအိပ်ကြကော ညီမက သောက်ပြီးရင်မမူးတဲ့သူ
မအိပ်တဲ့သူဆိုတော့ နောက်ဆုံးမှ အိပ်ပျော်ကော
အဲ့ချိန် ခုနကtoiletအခန်းနားရဲ့နောက်ဖေးမှာ တံခါးပေါက်ရှိတယ် အဲ့တံခါးပေါက်ကပွင့်သွားသလိုအသံကြီးထွက်လာပြီး လေတွေဝင်လာသလိုအေးတဲ့ခံစားချက်ကြီးရတာ🥹
ထကလဲမကြည့်ရဲဘူး ဖုန်းကိုပဲဆက်သုံးနေတာ😁
ပြီးတော့တံခါးကကျွီခနဲပြန်ပိတ်တဲ့အသံကြီးထပ်ကြားရ
အ့နဲ့ဪတကယ်ခြောက်နေတယ်ဆိုလဲ
သူပြန်ထွက်သွားပြီပေါ့ဆိုပြီး စောင်ခေါင်းမြီးခြုံပြီးအိပ်ဖို့ကြံ ကိုယ်အိပ်တဲ့ကုတင်ကြီးကလေ လူတစ်ယောက်တက်လာသလို အိသွားတာ… အ့နဲ့ မဟန်တော့ဘူးဆိုပြီး
ဘေးကအဒေါ်ကိုနှိုးတာ သူကလဲမနိုးဘူး
လက်နဲ့ကိုင်ပြီးနှိုးတော့လဲ သူနဲ့ကိုယ်အကွာအဝေးက တစ်ပေတောင်မရှိတာကို မမီဘူး ကိုယ်ကအရပ်ရှည်ပြီး
ခြေတံလက်တံရှည်တဲ့သူနော် အဲ့တာကိုမမီတာ
၃ယောက်အိပ်ကြတာ ကြားထဲကကုတင်မှာအိပ်တာကို
မမီတာ၂ဖက်လုံးကို
အ့နဲ့ကဲ မရတော့ဘူးသေချာနေပြီဆိုပြီး စိတ်ထဲကနေ
ရတဲ့ဘုရားစာတွေ သံဗုဒ္ဓေတွေရွတ်လိုက်မှ ခုနကအိတဲ့ခံစားချက်ကိုမရတာ့ဘဲ ငြိမ်သွားတယ်
အ့နဲ့ခနငြိမ်သွားပြီးတော့ နောက်မိနစ်၂၀ထိကညီမကလဲအိပ်မရဘူး မှေးနေတုံး Acကြီးကအေးလာတာ😣
strongခလုတ်ကိုနှိပ်လိုက်သလို လေတွေဒလဟောတိုက်လာတာ ညီမတို့က၃ယောက်လုံးအေးတတ်ကြလို့
acကို၂၀ဝန်းကျင်ထားပီးအိပ်ကြတာ
အခုကလေ လေတွေတလဟောတိုက်ပြီး လုံးဝတခန်းလုံးကအေးလာတာ အရမ်းသိသာတာ အဲ့တာနဲ့မရတော့ဘဲ
စောင်ခေါင်းမြီးခြုံထားတာကို ဗြုန်းခနဲလှန်ချပြီး အဒေါ်တွေကိုနိုးမယ်အလုပ် ခုနကtoiletဘက်ကတံခါးကိုကြည့်လိုက်တဲ့ခါ အရိပ်မည်းကြီးကပြေးသွားတာကို ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတယ်
အဲ့မှာ လူကပထမနေ့က ဟာတွေက အခုမှစုကြောက်ပြီး
ဘေးကအဒေါ်ကို ရိုက်ချတာအားနဲ့ ထပါအုံးဆိုပြီး
အ့ကျမှအဒေါ်တွေကလဲထပြီး ဘာဖြစ်တာလဲမေးတော့
ပြောပြရင်း ဦးလေးတွေဘက်ပါသွားနှိုးပြီး
တစ်ညလုံးမအိပ်ကြတော့ဘဲ စကားထိုင်ပြောနေကြကော😂
၂ညအိပ်၃ရက်တာ ပျော်စရာချောင်းသာခရီးစဉ်လေးဖြစ်ခဲ့ပါ၏ပေါ့😁

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်