ညဘက်ဖုန်းကင်မလာနဲ့မှန်ကြည့်သလို့ဖွင့်ကြည့်ကြတဲ့သူတွေရှိကြလား
ကိုယ်တုန်းကတော့ည၇နာခွဲ၈နာရီလောက်မှာ ရေချိုးပြီးသနပ်လိမ်းဖို့ မှန်မရှိလို့ဖုန်းကင်မလာဖွင့်ပြီး သနပ်လိမ်းမလို့လုပ်နေတာ ဖုန်းကင်မလာထဲကိုယ့်အနောက်မှာမိန်းကလေးတစ်ယောက်ထိုင်ပြီးခြေတောက်ထိုင်လွဲနေတာ အင်းကျီဂါဝန်အဖြူရောင်နွမ်းနွမ်းလေးနဲ့ ဆံပင်ဖားလားချထားတယ် အသားအရောင်ကသွေးမရှိတော့တဲ့လူလိုမျိုးပြာနမ်းနမ်းလေး ကိုယ်လဲရုတ်ရက်မြင်တော့လန့်သွားတော့ ဆက်မကြည့်ရဲတော့ဘူး ကိုယ်ကလဲလူတစ်မျိုးတစ်ခုခုဆိုမသေချာမရေရာမကြည့်တတ်ဘူးအဲ့တော့သိချင်လို့ပြန်ထပ်ကြည့်ဒါ အစကတစ်ကိုယ်လုံးမြင်ရတဲ့အနေထားကနေအနီးကပ်အနေထားနဲ့ထပ်မြင်ရတာ ကိုယ်လုံးတစ်ဝက်လောက်အမြင်နဲ့ပြန်မြင်ရတော့အဆင်မပြေတော့ဘူး အဲ့တော့မှန်မကြည့်တော့ပဲနဲ့သနပ်ခါးကမန်းကတန်းလူးပြီးတော့အခန်းအပြင်ထွက်ပြီးအမျိုးသားနောက်ကိုလိုက်သွားရော အခန်းမှာကကိုယ့်တစ်ယောက်ထဲရယ် အဲ့ခလေးမလေးက၂၀ကျော်ကျော်အရွယ်လေးပဲရှိဦးမယ် ကြောက်ကလဲကြောက်နဲ့အပြင်သွားရင်းနဲ့တွေးမိဒါကငါထင်ယောင်ထင်မှားဖစ်ဒါနေမှာပါဆိုပြီး ကိုယ့်ကိုကိုယ့်နစ်သိပ့်နေရတာ အမျိုးသားစီရောက်တော့လဲသူ့ကိုဘာမှကိုယ်မပြောဘူးပေါ့လေ စိတ်ထဲပြောမိဒါကကိုယ်ဟာကိုယ်နေလာလဲမပြနဲ့ငါလဲနင့်ကိုမသွားရှုပ်ဘူးငါ့ကိုလဲလာမရှုပ်နဲ့လို့ပေါ့လေနောက်သုံးရက်လောက်နေတော့ကိုယ်လဲမနေနိုင်တော့သူ့နဲ့စကားပြောမြည်ကြည်ဒါပေါ့ အဲ့တော့မှနင်တစ်ယောက်ထဲမဟုတ်ဘူးလာသမျှလူအကုန်တွေ့ဒါတဲ့လေ အဖိုးအဖွားလင်မယားတွဲမြင်တဲ့သူလဲမြင်တယ် မိန်းကလေးမြင်တဲ့သူကမြင်တယ်ပေါ့လေ သူတစ်ယောက်ထဲမမြင်ရတာတဲ့လေ လာသမျှလူအကုန်ထိတာတဲ့ ကိုယ်ကြောက်မှာစိုးလို့သူမပြောပြတာတဲ့ ကိုယ်လဲသိချင်တာနဲ့အဲ့မှာရှိတဲ့လူအိုလူ ဟောင်းတွေ မေးကြည့်တော့အဲ့နေရာအရင်ကလမ်းဆုံလမ်းခွဖစ်ဖူးတယ်ပြီးတော့လူသုံးယောက်ဖက်စာလောက်ရှိတဲ့သစ်ပင်အောက်မှာနတ်စင်အကြီးကြီးရှိတယ် နောက်တော့ဈေးတွေဆောက် ကုန်တိုက်တွေ့ဆောက်တော့သူတို့ရဲ့နေရာကိုဖျက်လိုက်ကြတော့သူတို့လဲယောင်လည်လည်ဖစ်နေကြမှာပေါ့လေ ကိုယ်လဲနေမြဲတိုင်းနေလုပ်စရာရှိတာလုပ်ပေါ့လေ မကြာပါဘူး တစ်နေ့အမျိုးသားအလုပ်ကိုဝိုင်းလုပ်ပေးဒါ သူကရေခဲပို့ဒါကိုး ကိုယ်လဲဘာမသိညာမသိနဲ့ရေခဲအတုံးကိုမခုံးပေါ်ထမ်းပြီးတင်လိုက်ဒါကိုယ့်လည်ပင်းကိုသွားထိဒါ ခေါင်းတောင်တစ်တစ်ပတ်လောက်ပြန်မလည်နိုင်တော့ဘူးအုန်းလွဲသွားတာ😂😂😂 အုန်းလွဲတုန်းနစ်ရက်သုံးရက်လောက်ကဆိုကိုယ့်စိတ်ကိုယ်မနိုင်တော့ဝမ်းနည်းပြီးငိုရော😂😂😂သူများလုပ်တယ်ပေါ့လေ😁တစ်ကယ်တော့ကို့ဟာကိုယ်အသုံးမကျတာဘုမသိဘမသိသွားမတာလေ😂😂😂အမျိုးသားကလဲနစ်သိပ့်ရှာပါတယ်တိုက်ဆိုင်ဒါပါပေါ့လေ🤧ယူတို့ အိုင့်ကိုမရယ်ကြနဲ့နော် သများကခုချိန်ထိညဘက်မှန်မကြည့်ရဲရုံလေးပါ🤧🤧🤧တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမကြုံဘူးတဲ့ဖစ်ရပ်ပဲ ညည်းတို့လဲညဘက်မှန်ကြည့်ရင်အနောက်ဘက်မှာပါကြည့်ကြည့် မြင်လိုမြင်ငြားပေါ့အေ🤣🤣🤣

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်