အဖေ ငယ်ငယ်တုန်းက ဖြစ်ခဲ့တာပါ..
‘Doppelgänger’ ဆိုပြီး ဒီ group ထဲ ခဏခဏ
တင်ဖူးတဲ့ ဖြစ်ရပ်နဲ့ ဆင်မယ်ထင်ပါတယ်..အဖေ ၆ နှစ် ၇ နှစ်အရွယ်လောက်ကပါ..
နေခဲ့တဲ့အိမ်ကလည်း ကျွန်းအိမ်ကြီးကိုမှ တော်တော်ကို ကျယ်ပါတယ်..အဖေရယ်၊ အဖေ့ရဲ့ ညီအကိုတွေရယ်၊ အဖေ့ရဲ့ အဖေနဲ့ အမေရယ်၊ နောက်ပြီး အဘိုးပါ
နေကြပါတယ်..တစ်ည.. အဖေက ဆီးသွားချင်လာတာနဲ့
အောက်ထပ် အိမ်သာကို သွားဖို့ ဆင်းလာပါတယ်..
အိမ်သားတွေကလည်း အိပ်နေကြပြီမို့
ဆင်းလာတဲ့ လှေကားတစ်လျှောက်
မီးမှိတ်ထားတာနဲ့ လရောင်အားကိုးနဲ့ပဲ
ဆင်းလာတာပါ..ဒါပေမယ့်.. အောက်ထပ် ဧည့်ခန်းမှာတော့..
ထူးထူးခြားခြား မီးက ထိန်ထိန်လင်းနေပါတယ်.. ပြီးတော့ အံ့ဩစရာနောက်တစ်ချက်က..
အိပ်ပြီလို့ ထင်ထားတဲ့ အိမ်သားတွေက
အကုန် ဧည့်ခန်းထဲ ရှိနေကြတာပါ..အဘိုးက သတင်းစာဖတ်နေတယ်..
အဖေ့ရဲ့ အဖေက (အဖေကလွဲ) ကျန်တဲ့
သူ့သားတွေနဲ့ ဆော့နေကြတယ်..
အမေကတော့ မီးဖိုချောင်ထဲ
ဟင်းချက်နေတယ်တဲ့..အဖေလည်း အံ့ဩသွားတာပေါ့..
အဲ့ဒါနဲ့ ဧည့်ခန်းထဲ ဝင်လာပြီး
‘အဖေတို့က မကောင်းဘူးဗျာ..
ကျွန်တော့်လည်း ဆော့ဖို့ မခေါ်ဘူး’ ဆိုပြီး
ဝင်ထိုင် စကားပြောတယ်..ဒါပေမယ့် အဖေ့ရဲ့ အဖေက မမြင်သလို နေပြီး သူတို့ လုပ်နေတဲ့ ကိစ္စပဲ ဆက်လုပ်နေပါတယ်..
အဲ့ဒါနဲ့ အဖေလည်း စိတ်ဆိုးပြီး
အဘိုးကို တိုင်တော့လည်း
သတင်းစာ ဖတ်မပျက်ပါ..အဖေလည်း သူ့ကို
မမြင်ချင်ယောင်ဆောင်တယ်ထင်ပြီး
ကလေးဆိုတော့ ငိုယိုပြီး အမေ့နားသွားတော့လည်း
အမေက ဟင်းပဲ ဆက်ချက်နေပါတယ်..
လက်ကိုင်တော့လည်း လေကို ကိုင်ရသလို..
အငွေ့တွေပဲ ဖြစ်ဖြစ်သွားတာပါ..အဲ့ဒါနဲ့ အဖေက လန့်ပြီး
အကျယ်ကြီး ထိုင်ငိုတော့မှ..
အကုန်လုံး တစ်ညီတည်း ခေါင်းတွေလှည့်လာပြီး.. တဟားဟားနဲ့ အဖေ့ကို
ဝိုင်းကြည့်ရယ်ကြပါတော့တယ်.(အဖေ့နေရာ ကိုယ်သာဆို
အဲ့နေရာတင် မေ့လဲသွားပြီ)..အဖေ့ငိုသံကြားလို့
တကယ့် အမေအစစ်က
အပေါ်ထပ်ကနေ ဆင်းလာမှ
အဲ့ဒီ လူတွေဟာ တဖြည်းဖြည်းနဲ့
အငွေ့ပုံသဏ္ဍာန် ပျောက်သွားတာပါ..ဘယ်သူမှ မမြင်လိုက်ရတော့
အဖေ့ခမျာလည်း
ကြောင်တောင်တောင်လေးဖြစ်နေပါတယ်..နောက်မှ အဘိုးက
‘ကျွန်းအိမ်ကြီးက နှစ်ချို့နေပြီမို့
အစောင့်အရှောက်တွေက ကလေးကို ချစ်ပြီး
စ ကြနောက်ကြတယ်’ ဆိုတာနဲ့ ပြီးသွားပါတယ်..နောက်တော့ အဖေလည်း
ညဆို ထ ဆီးမသွားတော့ပဲ
အိပ်ရာထဲပဲ ပေါက်ချလိုက်ပါတော့တယ် တဲ့ .. 😂

BẠN ĐANG ĐỌC
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Kinh dị(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်