အောက်လမ်း စုန်းမ
ဒီအကြောင်းကို မပြောဖြစ်တာကြာပြီ
ပါးစပ်ကထုပ်မပြောရဲတာလည်းပါမှာပါ
ငယ်ငယ်ကတည်းက အိမ်မက်ဆိုးတွေမက် မိန်းမတစ်ယောက်ကိုယ့်စိုက်ကြည့်ပြီဆို သေမတက်ကြောက်ရတဲ့အထိ ပြင်းထန် ခဲ့တဲ့ ထရာမာပါ...ကဲ အကြာင်းပြောရရင် လွန်ခဲ့တဲ့ 2005 လောက်ပြန်သွားရမှာပါ
အဲ့ချိန်တုန်းက ရခိုင်ပြည်က ကျနော်တို့ရွာလေးကအတော်ကိုတောကျတာဗျ အနီးဆုံးမြို့ကိုတောင်သွားဖိုး မနက် ၄ နာရီထ ထော်လာကျီနဲ့တကျိကျိမြည်အောင် ၃ နာရီလောက်မောင်းရတာပါ (ခုတေ့ာဆိုင်ကယ်နဲ့ မီနစ်၃၀ လောက်ပဲ)
ရွာက ခေါင်ပေမဲ့ မြို့နယ်ထဲမှာတော့ ကျနော်ရွာကဘကြီးဆုံးဗျ အဲ့တုန်းကတောင်အိမ်ခြေ ၇၀၀ ကျော်တယ် ရခိုင်ပြည်အနှံ့ ကလူတွေလည်းအခြေချဖို့ တွက်နေရာကောင်းလည်းဖြစ်တယ်ဗျ
ကျနော်တို့မိသားစုက အဖေ (ဘာဘာ) မေမေ(အမေ) အမ အကြီးဆုံး ၂ ယောက် ပီးတော့အမွှာ ၂ ယောက် ကျနော်က အငယ်ဆုံး ယောက်ျားလေးတစ်ယောက်တည်းပါ စုစုပေါင်း မောင်နှမ ၅ ဦး ပါ
ကျနော် မွေးကတည်း မိန်းမလေးဦး သားတစ်ဦး မမွေးကောင်းလို့ ကျနော့်ကို ရွာမှာသားယောက်ျားပဲ ၅ ဦးမွေးတဲ့ အဒေါ်တစ်ယောက်ဆီ မွေးစားသားအဖြစ် အမည်ခံထားပါတယ် မေမေကြီးလို့ ကျနော်ခေါ်ပါတယ် (ဒီကြောင်းတွေက အယူအဆအရ လိုအပ်မယ်ထင်လို့ရေးလိုက်တာပါ )အဖြစ်ကို စပြောပါမယ်
ကျနော်အဖေက ပုစွန်တာ (ပုစွန်မွေးပါတယ်) ရခိုင်ဖက်မှာ မြစ်နားတွေမှာ ငါး ပုစွန် ကဏန်း အကုန်ပေါ့ဗျာ
အဖေတို့ ငါးဖမ်းပြီး သယ်လာရင် အိမ်ဘေးမှာ ဖျာ ၃ ထည်လောက်ခင်ပြီး ငါးအမျိုးစားတွေရွေးရပါတယ် (အဲ့တုန်းက အိမ်ဟောင်းရွာအိမ်လေး) တစ်ရက်ကွက်လုံးက အမျိုးသမီးတွေ အိမ်ကအလုပ်သမားတွေပါ ဝိုင်းကူကြပါတယ်
ကူပေးတိုင်းလည်း အမေက ငါးတွေ ပုစွန်တွေ ပေးနေကျဆိုတော့ ပျော်စရာကြီးပါ
ရွာမှာ အဆင်ပြေ တဲ့မိသားစုထဲပါပါတယ်
ရွာမှာ ငါးဒိုင် ကဏန်းဒိုင် ပုစွန်ဒိုင် ဆိုလည်း ကျနော်တို့အိမ်ပါပဲ
အဖေက လူကြီးလည်း လုပ်ဖူးတော့ တစ်ပတ်မှာ ၂ ရက်လောက်က အရက်ဝိုင်းရှိပါတယ် မူးလာရင်တော့ သောက်ရမ်းဆိုးတဲ့ထဲပါတယ်
အိမ်ကို ငါးရွေး ကွမ်းလာစား ဟုတ်စွအဆုံး ထမင်းစားဟင်းမရှိရင် အိမ်ပေါ်တက်ပြီးအိုးထဲနိုပ်စားတဲ့ထိရင်းနီးတဲ့ အဒေါ်ကြီးတစ်ယောက်ရှိတယ် အဲ့တုန်းက ၃၀ ကျော်လောက်ဖြစ်မယ်

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်