#အမေပြောသောပရလောက(၁၄)
#သစ်ရွက်နဲ့လိပ်ပြာ
ဒီတစ်ပိုင်းကတော့ တော်တော်ကဗျာဆန်သွားပြီထင်ပါရဲ့ 😁 … ဒီညတော့ ဒီကဗျာဆန်တဲ့အရာလေးတွေက ပရလောကနဲ့ ဘယ်လိုဆက်စပ်နေလဲဆိုတာ ရေးပါမယ်.. စာရှည်ရှည်ရေးထားပါတယ်နော်..
(၁).. အမေရဲ့ ကြီးဒေါ် အပျိုကြီး တစ်ယောက်က မကျန်းမာတာကြောင့် မယ်သီလရင်လူထွက်ခိုင်းပြီး ဦးလေးတစ်ယောက်က ခေါ်ထားတယ်.. အခု တောင်မြင်းပြိုင်ကွင်းလမ်းပေါ်က condo က အဲဒီဦးလေးရဲ့အိမ်နေရာပေါ့.. ခြံဝင်းထဲမှာ တစ်ထပ်အိမ်ကို ဘေးတိုက်ခပ်ရှည်ရှည်ဆောက်ထားပြီး ကြမ်းခင်းနဲ့ မြေကြီးကြား တစ်တောင်လောက်ပဲကွာတယ်.. ကြမ်းနဲ့မြေကြီးကြားနေရာကိုလဲ အကောင်တွေဝင်မရအောင် သံဇကာတွေအပြည့်ကာထားတယ်..
.. ကြီးဒေါ်ကြီးကတော့ နာတာရှည်လိုဖြစ်ပြီး အိပ်ရာထဲက မထနိုင်လို့ သန်းသန်းဆိုတဲ့ အိမ်အကူလေးကို တချိန်လုံးဘေးမှာလုပ်ကိုင်ပေးဖို့ အတူထားပေးရတယ်.. ကြီးဒေါ်ကြီးက တစ်ချိန်လုံး ညောင်းညာကိုက်ခဲနေလို့ ကောင်မလေးက အမြဲ နင်းပေးနှိပ်ပေးနေရတယ်.. အမေ ကျောင်းပိတ်ရက်သွားလည်တဲ့အခါမျိုးကျရင်လည်း နှိပ်ပေးပါဦး၊ နင်းပေးပါဦးနဲ့ တချိန်လုံး လုပ်ခိုင်းတတ်တယ် .. အဲဒီ သန်းသန်းက တဖြည်းဖြည်းပိန်လာပြီး နေမကောင်းဖြစ်လာလို့ နောက်ကောင်မလေးတစ်ယောက်ပြောင်းထားရတယ်.. သိပ်မကြာခင်ပဲ အသစ်ထားတဲ့ ကောင်မလေးလဲ ပိန်ချုံးပြီး ဖြူဖပ်ဖြူရော် ဖြစ်လာတာနဲ့ ဦးလေးတို့က မသင်္ကာ စ ဖြစ်လာကြတယ်.. အဲဒါနဲ့ ကြီးဒေါ်ကြီးနားမှာ လူအမြဲမထားတော့ပဲ အစားကျွေးချိန်ကျွေး၊ လုပ်စရာရှိတာလုပ်ပေးပြီးရင် အနားမကပ်ခိုင်းတော့ဘူး..အဲလိုလဲလုပ်ရော ကြီးဒေါ်ကြီးက ညောင်းလှပါချည်ရဲ့ နှိပ်ပေးကြပါနဲ့ တချိန်လုံးအော်နေပြီး လူကလဲ ပိုပို အားနည်းလာတယ်..
..ဦးလေးတို့လဲ ဆရာတစ်ယောက်ကို ခေါ်ပြတော့ အပမှီနေကြောင်းနဲ့ လုပ်ရမှာတွေ မှာသွားတယ် .. ကြီးဒေါ်ကြီးက လူအသားနဲ့မထိရမနေနိူင်တဲ့သွေးစုပ်ဖုတ်ဆိုပြီးလဲ ပြောသတဲ့..
..ညဘက် သူမအိပ်ခင် အိပ်ရာခါမယ်ဆိုပြီး သူ့ကို တခြား ခဏရွှေ့ပြီး ဆရာပြောတဲ့အတိုင်း ဩဇာရွက် ခုနှစ်ရွက်ကို ဖင်ပြန် ခေါင်း ပြန်ထပ်ပြီး သူ့မွေ့ယာအောက်မှာ ထားလိုက်တယ်.. ပြီးမှ သူ့ကိုပြန်ထားတယ်.. ခဏနေတော့ ပူတယ် ပူတယ် ဆ်ုပြီးအိပ်ရာအောက်ကို လျှော လျှောဆင်းတယ်.. သူက လျှောဆင်းလိုက် ဦးလေးတို့က ပြန်တင်လိုက်နဲ့ တစ်ညလုံး လုပ်နေကြရတယ်..
ညသန်းခေါင်လောက်လဲရောက်ရော အိပ်ရာကနေ ငေါက်ခနဲ ထထိုင်ပြီး အေး ငါ လာပြီ ငါလာပြီ ဆိုပြီး ဘုန်းကနဲ ပြန်လဲကျပြီး အသက်မရှူတော့ဘူး.. သူလဲကျသွားတဲ့အချိန် အိမ်အောက်ကနေ ခွေးတစ်အုပ်ကြီး ရုတ်တရက်တိုးထွက်သွားသလို ဝုန်း ကနဲ အသံကြီးကြားလိုက်ကြရတယ်.. ေသလဲသွားရော ခေါင်းမှာ ဘယ်ကရောက်လာမှန်း မသိတဲ့ သန်းတွေအများကြီးပဲတဲ့.. လူကြီးတွေပြောပြတဲ့ သစ်ရွက်လေးတွေရဲ့ အစွမ်းပေါ့နော်
(၂) နောက်တစ်ခါက ကျွန်မကိုယ်တိုင်မြင်ခဲ့ရတဲ့ သစ်ရွက်လေးတစ်ရွက်ရဲ့ အစွမ်းပါ.. မြစ်ဝကျွန်းပေပါ်က မြို့တစ်မြိ့ုမှာ ကျွန်မတို့ မိဘများနဲ့ ခင်မင်ရင်းနှီးတဲ့ ယောင်ထုံးကြီးနဲ့ အထက်လမ်းဆရာကြီးတစ်ယောက်ရှိတယ်.. သူက မြို့ကိုလာရင် ကျွန်မတို့ အိမ်မှာ နှစ်ရက်တန်သည် သုံးရက်တန်သည် နေလေ့ရှိတယ်.. ပြီးရင် သူ့ကို လာပင့်တဲ့သူတွေနောက်လိုက်ပြီး ဆေးကုတာတို့ ဘာတို့လုပ်တယ်ပေါ့.. ကျွန်မကိုးတန်းကျောင်းသူ အရွယ်တုန်းက ဆရာကြီးက အိမ်မှာ လာတည်းနေတဲ့အချိန်.. ကျွန်မတို့ မြို့က ဆရာမတစ်ယောက် သူ့အမျိုးသားနဲ့ အတူရောက်လာတယ်.. အမေတို့နဲ့မိတ်ဆွေတွေပါပဲ..သူက ကြက်ခြေနီသင်တန်းမှာလဲ သင်တန်းပေးလို့ ကျွန်မနဲ့လဲ ကြုံဖူးတယ်.. အဲဒီဆရာမက ပြောရရင် အပေါက်ဆိုးတယ်ပေါ့နော်.. အရိုက်လဲကြမ်းတယ်ကြားတယ်.. သူ လာရင်းကိစ္စက သူ တာဝန်ကျနေတဲ့ ရွာမှာ ညနေဆို အိမ်ပြင်ထွက်ပြီး အော်ဟစ်ငိုယိုနေတာ တစ်လလောက်ရှိနေပြီမို့ မရိုးဘူးဆိုပြီး ဆရာကြီးဆီ ခေါ်လာတာတဲ့.. ဆရာကြီးက အဲဒီဆရာမကို အောက်မှာထိုင်ခိုင်းပြီး ဆံပင်ကိုဖြန့်ချပြီး ဘုရားကန်တော့ခိုင်းတယ်.. ပြီးတော့ ဆရာကြီးက ကျွန်မကို သမီးလေး မာလကာရွက်လေးသွားခူးပေး ဆိုပြီးခိုင်းတယ်.. ကျွန်မလဲ အိမ်ဘေး မာလကာပင်က မာလကာရွက်တစ်ရွက်ခူးပြီး ဆရာကြိးကို ပေးလိုက်တယ်.. ဆရာမကိုအိပ်ခိုင်းပြီး ဗိုက်ပေါ်ကို မာလကာရွက်လေးတင်လိုက်တယ်.. ပြီးတော့ ဆရာကြီးက တစ်ခုခုလဲ ရွတ်လိုက်ရော ဆရာမက ထွန့်ထွန့်လူးပြီး အော်တော့တာပဲ.. မာလကာရွက်ိကိုလဲ သူဖယ်ချင်တယ်.. ကိုင်လို့လဲမရဘူးဖြစ်နေတာ.. အတော်ကြာတော့မှ ဆရာကြီးက မာလကာရွက်ကို ဖယ်ပေးလိုက်တယ်.. ပြီးတော့ ရွာက ကျောင်းသားမိဘက သူ့ကလေးကိုရိုက်လို့မကျေနပ်လို့လုပ်တာလို့ ပြောတယ်.. ဆရာမလဲ ကောင်းသွားတယ်..မာလကာရွက်လေးကို ခုထိမှတ်မိနေတော့တာ..
(၃) သစ်ရွက်လေးပြီးတော့လိပ်ပြာလေးအကြောင်းဆက်ကြတာပေါ့ 🙂
.. တိုက်ကြီးနားက ဂျိုးဖြူကျောင်းဆို အတော်များများကြားဖူးကြမယ်ထင်ပါတယ်.. ရွှေဂျိုးဖြူ မူလခဲသိုက် ရှိတဲ့နေရာဆိုပြီးနာမည်ကြီးသလို အဘိုးလိူ့ခေါ်ကြတဲ့ ဆရာတော်ရဲ့ မပုပ်သိုးတဲ့ ရုပ်ကလာပ်ရှိလို့လဲ လူသိများတယ်.. ကျွန်မတို့ဘကြီးက ဆရာတော်ရှိစဉ်ကတည်းက ကိုးကွယ်ခဲ့လို့ ဆရာတော်ပျံလွန်တော်မူပြီးလဲ တစ်နှစ်တစ်ခါ အဲဒီမှာ အလှူသွားလုပ်လေ့ရှိတယ်.. ပြောရရင် အဲ့နေရာက အတော် ဂမ္ဘီရဆန်တယ်.. လျှိုမြောင်တောင်ကုန်းတွေနဲ့.. ဒေါက်ချာကြီးတွေနဲ့ ရသေ့တွေလဲရှိသလို တောင်ကုန်းပေါ်က ရေကန်ကြီးအလယ်မှာ မိန်းကလေးတွေလှေလှော်နေတဲ့ပုံစံ ရုပ်တုတွေလဲရှိတယ်.. အမေပြောပြတာ လပြည့်ညဆို အဲဒီကန်ထဲက သီချင်းဆိုသံတွေ လှေလှော်သံတွေကြားရသတဲ့.. မျက်မြင်မဟုတ်လို့ ဒီလိုပဲ ယုံတမ်းပဲသဘောထားပါတယ်.. ပြောချင်တာက ဒီနယ်မြေမှာ ဥစ္စာစောင့်တွေ၊ ပရလောကသားတွေပေါတယ်.. မြေကြမ်းတယ်ပေါ့.. လူငယ်တွေကိုလဲ တံတွေးမထွေးဖို့ ပါးစပ်မသရမ်းဖို့မှာထားတယ်.. ကျွန်မက လေးတန်းကျောင်းသူ.. ကျွန်မတို့တည်းတဲ့ ကျောင်းဆောင်ရဲ့ မျက်နှာချင်းဆိုင်မှာ လျှိုကြီး.. မနက်ဖန် မုန့်ဟင်းခါးအလှူလုပ်ဖို့ လူကြီးတွေက ကျောင်းဆောင်ရှေ့က မြေကွက်လပ်မှာချက်ပြုတ်နေကြတယ်.. ကျောင်းဆောင်ရဲ့ ဘေးဘက်ခြမ်းမှာ လမ်းကြီးခြားပြီး ဘုန်းကြီးတွေဆွမ်းခံကြွနေတဲ့ ရုပ်တုတွေတန်းစီနေတာပဲ.. ကျွန်မနဲ့ ညီမဝမ်းကွဲလေးက အဲဒီရုပ်တုတွေနားမှာဆော့နေကြတာ.. မုန့်ဟင်းခါးချက်နေတဲ့ နေရာကကြည့်ရင် ကျွန်မတို့ကို ကောင်းကောင်းမြင်နေရတယ်.. ပြီးရင် ဟိုဘက်မှာလဲ ဘာကျောင်းမှမရှိတော့ပဲ ကွင်းပြင်ကြီးပဲ တမျှော်တခေါ်..
ကျွန်မတို့ညီအမလည်း ပန်းလေးတွေခူးလိုက် လိပ်ပြာလေးတွေဖမ်းလိုက်နဲ့ဆော့နေကြတယ်.. ဆော့နေရင်း ရေသောက်ချင်လို့ ကျောင်းဆောင်ဘက်ကို ကျွန်မပြန်ပြေးလာရင်း လမ်းအလယ်လောက်မှာ ကျောင်းဆောင်ဘက်ကနေ လူတစ်ယောက် ကျွနိမဘက်ကိုပြေးလာနေတာတွေ့တယ်.. ကတုံးဆံတောက်၊အကျီလက်ရှည်အဖြူ၊ ပုဆိုးအညိုရောင်နဲ့..လမ်းတစ်ခုလုံးမှာ အဲ့လူနဲ့ ကျွန်မနဲ့ပဲရှိတယ် ရှင်းလင်းလို့.. အဲလောက်အရှင်းကြီးကို အဲ့လူကကျွန်မကို ဝင်တိုက်သွားလို့ ကျွန်မ ပက်လက်လန်လဲသွားတယ်.. တိုက်ပြီးတော့ သူက ရှေ့ဆက်ပြေးသွားရော.. အဲဒါနဲ့ စိတ်ထဲမှာ ဘယ်လိုလူကြီးလဲမသိဘူး.. ငါ လဲသွားတာကို လာလဲမထူပေးဘူးလို့ တွေးမိလိုက်တာ ဗြုန်းဆို အဲ့လူကြီးက အနားပြန်ရောက်လာတယ်.. လက်ထောက်လဲနေတဲ့ ကျွနိမလက်မောင်းကိုဆွဲပြီး သူ့မျက်နှာနား ကပ်လိုက်တာ ပါးစပ်ကြီးက နားရွက်နားထိရောက်နေပြီး သွားတွေကပါးစပ်ကြီးနဲ့အပြည့် အချောင်း ငါးဆယ်လောက်ရှိမယ်.. အဲဒါကြီးလဲ မြင်လိုက်ရော ကျွန်မလဲ ဘာမှမသိတော့ပဲ မေ့လဲသွားရော.. ကျောင်းဆောင်ဘက်ကလူတွေရော၊ ညီမရော ကျွန်မလဲသွားတာကိုပဲ မြင်လိုက်ပြီး ဟိုလူကြီးကိုဘယ်သူမှ မမြင်လိုက်ကြဘူး.. ကျွန်မ မေ့နေတုန်း ရသေ့ကြီးကို သွားလျှောက်တော့ လိပ်ပြာတွေအပေါ်မှာ ဝိဉာဉ်တွေက စီးနေတာတဲ့.. ကျွန်မတို့က လိုက်ဖမ်း ဆော့တော့ သူတို့အနှောင့်အယှက်ဖြစ်လို့ သိုက်စောင့်ဘီလူးကိုလွှတ်ပြိီး သတိပေးခိုင်းတာတဲ့.. ကျွန်မမေ့နေတဲ့အချိန် အိမ်မက်ထဲမှာ မှောင်မှောင်မဲမဲထဲ လိပ်ပြာတွေ အများကြီးပျံနေတာကိုတွေ့ရတယ်.. ကျွန်မ ပထမဆုံး ပရလောကသားနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတာပါပဲ.. အဲဒီကစ ခုထိ လိပ်ပြာဆို ဖမ်းဖို့ဝေးလို့ စေ့စေ့တောင် မကြည့်တော့ဘူး.. 😁😁#End of Part 14

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်