51

342 8 0
                                        

#ဖြစ်ရပ်မှန်
#အခုလက်ရှိဖြစ်ပျက်

ဒီကိစ္စလေးကို ဘယ်လိုထင်လဲ
ကူစဉ်းစားပေးကြပါအုံးနော်

ကျုံထော်ရွာကိစ္စက လွန်ခဲ့တဲ့ ၁နှစ်ခွဲ ၂နှစ်လောက်ကစဖြစ်ခဲ့တာလို့ သိရပါတယ်
စပြီပျောက်တာက အိမ်သုံးပစ္စည်းတန်ဖိုးမရှိလို့ဆိုပြီနေခဲ့တာ အခုချိန်မှာ လုံခြုံရေးကင်းချပြီစောင့်နေရတယ်
တရွာလုံးကလည်း ညဖက်ကင်းစောင့် နေ့ခင်းဖက်ကျမှပြန်အိပ်ရတော့ လယ်ထဲဆင်းဖို့ ခြံထဲသွားဖို့ကပစ်ထားရတယ် သူ့ကိုညဖက်စောင့်ဖမ်းပြန်တော့ အရိပ်လိုလို လူလိုလိုနဲ့ ခေါင်မိုးပေါ်တက်ပြေးလို့  ဓာတ်မီး ၅လုံးလောက်စုပြီဝိုင်းထိုးတော့ ဘာမှမတွေ့ပြန်ဘူး
နောက်တစ်နေ့ရွာကလူတွေကိုခေါ်ပြီ ည ၇နာရီထိုးရင် အပြင်မထွက်ဖို့ အမိန့်ထုတ်လိုက်တယ်
အမိန့်ကိုမလိုက်နာရင် လုံခြုံရေးအရ သေနတ်နဲ့ ပစ်မယ်လို့ကြေငြာလိုက်တယ်
လူငယ်တွေကို ၂ ယောက် ၁ဖွဲ့ ဖွဲ့ပြီ သေနတ်တလက်စီပေးထားလိုက်တယ်
အဲ့ဒီညမှာပဲ ၇နာရီကျော်တာနဲ့ မီးရောင်လေးဖျဖျထွန်းပြီလာတာကိုတွေ့လို့ သေနတ်နဲ့သေချာစောင့်ပြီပစ်တာ 
ပစ်ထားတဲ့နေရာကိုလူစုပြီသွားကြည့်တော့ အိမ်တွေမှာခိုးထားတဲ့ ဆပ်ပြာကိုပစ်ချထားတာတွေ့ရတယ်
အဲ့ဒီညပဲ သူ့ကိုသေနတ်နဲ့ပစ်ခဲ့တဲ့လူရဲ့နေအိမ်ကို လီကယ်ဆိုဒ်လောက်ရှိတဲ့စာရွက်အထူနဲ့ ကရင်ဘာသာစကားကိုခဲတံနဲ့စာရေးပြီ လစ်ပိုပုလင်းနဲ့ပတ်ကာ အိမ်ရှေ့မှာ လာပစ်ချသွားတယ် နောက်ရက်တွေမှာလည်း ရွာကအိမ်တွေကို စာတွေခဏခဏပို့ပြီ ခြိမ်းခြောက်ခဲ့တယ်
ရွာကလည်း လူလည်းမမြင်ရပဲ တစ်ရွာလုံးပတ်ပြီခြိမ်းခြောက်နေတော့ ရွာမှာအမှားတစ်ခုများရှိနေလာထင်လို့ တခြားရွာကဗေဒင်ဆရာမကို ဗေဒင်မေးမြန်းကြည့်ရာ ဗေဒင်ဆရာမက ရွာစောင့်နတ်ကိုပူဇော်ပသပေးလိုက်လို့ပြောတယ် အဲ့တာနဲ့ ရွာစောင့်နတ်ကို ပူဇော်ပသလိုက်ကြတယ်
နောက်တစ်နေ့ကျတော့ ရွာစောင့်နတ်နဲ့ ငါနဲ့ဘာမှမဆိုင်ဘူးဆိုပြီ စာတစ်စောင်လာပြန်ရောက်လာတယ် ရွာသားတွေလည်းစိတ်တွေညစ်ကြပြန်ရောပဲ ဘာလုပ်ပေးလို့ ပေးရမှန်းမသိဖြစ်ကုန်တယ်
သူ့အကြောင်းကို အိမ်ထဲမှာမိသားစုကလွဲလို့ ဘယ်သူမှမသိအောင်တိုင်ပင်ပြောဆိုတာ သူ့အကြောင်းပြောနေတာ သူသိတယ်ဆိုပြီ စာပို့လာပြန်ရောပဲ
နောက်ထပ်ဆက်ရန်
အခုတင်ပေးတဲ့ video က ရွာမှာကိုယ်တိုင်ကြုံခဲ့လို့ပြန်ပြောပြခဲ့သူပါ
video Chan Chan
Crd..မိုး မြင့် ထက်

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now