အလုပ်နဲ့အမြဲ နယ်သွားနေရတဲ့ကိုယ်က ပြည်မှာ site သွားတုန်းက အတွေ့အကြုံပြောပြမယ် တကယ်ပါ ကိုယ့်ဘဝမှာသရဲတွေ အကျိုးပေးကောင်းတယ်ပြောရမယ် ပြောင်းရတဲ့နေရာတော်တော်များများ နေခဲ့ရတဲ့အိမ်တိုင်းမှာ သူတို့ရှိနေတာပါပဲ ၂၀၁၄ လာက်က ပြည်မှာ site တခုသွားရတယ် အဲ့မှာ နေဖို့ ကို စီစဥ်တော့ လက်စသတ်ခါနီးအိမ်တအိမ်မှာနေဖို့ဖြစ်လာတယ် အဲ့အိမ်က ပြည် မြို့သစ်ဘက်မှာရှိတယ် အိမ်ကဘယ်လိုပြောရမလဲဆိုတော့ အိမ်ရှေ့မှာကုက္ကိုလ်ပင်ကြီးရှိတယ် အိမ်နောက်မှာကမန်ကျဥ်းပင်ကြီးရှိတယ် အိမ်ကလည်းအပေါ်ထပ်ကကြမ်းတဝက်ပဲခင်းရသေး အိမ်ရှေ့ဝရံတာနဲ့အရှေ့ခြမ်းက လုံးဝမခင်းရသေးဘူး အကိုတွေကလည်း ခုတခေါက်မှာ ၂ယောက်ပဲ ပါလာတယ် ရောက်တဲ့ညမှာ ပြည်မှာမီးတွေပျက်နေတာနဲ့ ဖယောင်းတိုင်လေးနဲ့ညဘက်ကြီး အိမ်ထဲဝင်ခဲ့ရတယ် လိုက်ပို့တဲ့ကောင်လေး ကအထဲတောင်မဝင်ဘူး အိမ်ပေါက်ဝတင်ပြန်သွားတယ် အိမ်ထဲဝင်လိုက်တာနဲ့ချမ်းစိမ့်စိမ့် ခံစားလိုက်ရတယ် ဒါပေမယ့် သိပ်ကြာကြာမတွေးနိုင်ဘူး ပင်ပန်းတာနဲ့ ထိုးအိပ်ပလိုက်တယ် ပါတဲ့အကိုတွေကလည်းမကြောက်တက်တော့ တော်သေးတာပေါ့ အဲတုန်းက ပြည် မှာမီးခဏခဏပျက်တယ် ရောက်ပြီးတပတ်လောက်ထိ ဘာမှသိပ်မသိသာဘူးပေါ့ ဘာမှလည်းထူးထူးခြားခြားမရှိဘူး အဲ့အချိန်မှာ အကိုတယောက်ရဲ့ အမျိုးသမီးနဲ့ ကလေးလေး ရောက်လာတယ် ကလေးက ၂နှစ်ခွဲလောက်ပဲ ရှိဦးမယ်ယောကျာ်းလေး အခန်းက၂ခန်းပဲပါတော့ အကိုတွေမိသားစုက တခန်း ကိုယ်ကတခန်း အကိုတယောက်က ဘုရားစင် နားက ကွပ်ပျစ်အမြင့်ပေါ်အိပ်တယ် မနက်ပိုင်းအလုပ်ထဲသွားကြ ညနေစောင်းမှပြန်လာ ချက်ပြုတ်စားသောက်ပြီး အိမ်ရှေ့ခန်းကကွပ်ပျစ်မှာထိုင်စကားပြောကျတုန်း အဲ့အချိန်မီးကလည်းပျက်နေတော့ ဖယောင်းတိုင်ထွန်းထားတယ် အဲ့မှာ ကလေးလေးက အပေါ်တက်တဲ့လှေကားကိုကြည့်ပြီး လက်ညှိုးထိုးပြီး ဟိုမှာဦးဦးဆင်းလာတယ်တဲ့ အကုန်လုံးက အမှတ်တမဲ့ဆိုတော့စကားပြောရင်း လှည့်ကြည့်ကြတာပေါ့ ဘာမှမတွေ့ဘူး ဒါပေမယ့် ကလေးလေးက ဦးဦးရေဆိုပြီး စကားတွေပြောတော့တာပဲ ပြီးတော့ လာလာဦးဦးဆိုခေါ်တယ် ပြီးတော့ ဒီနားထိုင်ဆိုပြီး လုပ်ကော အကုန်မျက်လုံးကိုပြူး အမ ကလည်းသူသားကို လာသား ဘာတွေပြောနေတာလည်း ဘယ်သူမှမရှိဘူးပြောတော့ ကလေးလေးက ရှိတယ်ဦးဦးရှိတယ် ဟိုမှာလမ်းလျှောက်လာနေပြီ လို့ပြောတော့ အကုန်လန့်သွားပြီးကလေးကိုရေမန်းတွေတိုက် ပြီးတော့ဘုရားစာရွတ်ပြီးအခန်းထဲခေါ်သွားကော အမက အဲ့အချိန်ကိုယ်ကတော့ဓာတ်မီးနဲ့ဟိုထိုးသည်သည်ထိုး အပေါ်ထပ်ကို အကိုတယောက်ကတက်ကြည့်ပေါ့ ဘာမှမတွေ့ဘူး တိတ်ဆိတ်နေတာပဲ အဲ့တာနဲ့အကုန်အိပ်ကြတော့ ဝုန်း ဆိုပြီးအပေါ်ထပ်ကအောက်ကိုပြုတ်ကျသံကြီးအကျယ်ကြီးကြားလိုက် ရတယ် အဲ့တာနဲ့ထွက်ကြည့်တော့ဘာမှမရှိဘူး ကိုယ်လည်းရိပ်မိသလိုရှိလာတာနဲ့ စည်းချပြီးအိပ်လိုက်တော့တယ် နောက်နေ့ကျ အမတို့သားအမိကအိမ်မှာကျန်ခဲ့ပြီးထမင်းဟင်းချက်နေတုန်း ကလေးလေးက တယောက်ထဲဆော့နေရင်း နောက်တော့အဖော်နဲ့ဆော့သလိုပြေးလိုက်ပုန်းလိုက် ဖမ်းလိုက် လုပ်နေပြီးတခစ်ခစ် နဲ့ရီပြီးစကားတွေပြောနေကော ပထမ ကအမကလည်းသတိမထားမိဘူး အသံတွေကတဖြည်းဖြည်းကျယ်လာတော့မှသတိထားမိတာ သားရေဆိုလှမ်းခေါ်ပြီး သူ့အဖေဆီသွားမယ်လဲပြောရော ဦးဦးရေ တာ့တာဆိုလုပ်ပြီးသူ့အမေဆီပြေးလာတယ် အဲ့တာနဲ့အမလည်းသူ့ယောကျာ်းဆီလှမ်းဆက်ပြီး အဲ့နေ့ညကားနဲ့ပြန်ကော ကိုယ်တွေလိုက်ပို့တော့ ညီမလေးရေ အဲ့လို အဲ့လိုအိမ်မှာရှိနေတယ်သတိထားဦး လို့ပြောတယ် အိမ်ပြန်ရောက်ကောဘုရားရှိခိုးမေတ္တာပို့ အမျှဝေပြီးတော့ စည်းချပြီးတော့အိပ်လိုက်ကော တည site ထဲမှာ ပြသာနာတက်လို့အကိုတွေက ပြန်သွားဖို့လုပ်ကော ကိုယ်လည်းသိပ်နေမကောင်းတာနဲ့မလိုက်ဘူးပေါ့ အိမ်မှာအိပ်ကျန်ခဲ့မယ်ဆိုတာကို အကိုတွေကစိတ်မချလို့ အိမ်ဘေးကိုအကူညီတောင်းတော့ ဘေးအိမ်ကသူ့သမီးကို ကိုယ့်ကိုစောင့်ဖို့ လွှတ်ပေးတယ် အဲ့ညီမလေး အိမ်ရှေ့ခန်းက စားပွဲခုံမှာ စာဖတ်ရင်းထိုင်စောင့် ကိုယ်ကဘေးကကွပ်ပျစ်မှာ လှဲအိပ်နေတာပေါ့ အဲ့နေ့ကမီးကပျက်နေတာ နဲ့ဖယောင်းတိုင်တွေထွန်းထားတာပေါ့ အဲ့အချိန်အဲ့ညီမလေးကစာဖတ်နေရင်းအိပ်နေတဲ့ ကိုယ့်ဘက်ကိုလှည့်ကြည့်တာ အိပ်ပျော်နေတဲ့ ကိုယ့်ကို ဘေးကနေ ငုံကြည့်နေတာကိုမြင်သွားကော လန့်ပြီး ထအော်ပြီး အိမ်ထဲကနေထွက်ပြေးတာ ဘေးအိမ်တွေပါ ဝိုင်းလာတဲ့အထိ ကိုယ်လည်းအိပ်ချင်မူးတူးနဲ့ထပြီး အပြင်ပြေးလိုက်တော့ အဲ့ညီမလေးကငိုပြီးပြောနေတာ အဲ့နေ့ကစအဲ့ညီမလေး အဲ့အိမ်ရှေ့တောင်မလာတော့ဘူး အဲ့နေ့နောက်ပိုင်းအိမ်ထဲရိုးတို့ရိတ်တိတ်တွေ ဟိုနားတွေ့သည်နားတွေ့ တွေ့နေကော ညဆို အိမ်အပေါ်ကနေတခုခုခုန်ချသလို ဝုန်း ခနဲ ဆိုတာချည်းက သန်းခေါင်ကျော်ကြားရပြီ တည အိပ်နေတုန်း အမလေးကယ်ကြပါဦး လုပ်ကြပါဦး ဆ်ုတဲ့အသံကြားတော့ တံခါးတွေဖွင့်ပြီး ကြည့်တော့ သူခိုး တယောက် အိမ်ရှေ့က ကုက္ကိုပင်က နေအိမ်အပေါ်ဝရံတာလှမ်းတက်ပြီး ပစ္စည်းခိုးမလို့ လုပ်တော့ ဝရံတာ ဘောင်တန်းပေါ်မှာခြေထောက်ကြီးတွဲလောင်းချပြီး မျက်နှာဖြူဖြူကြီးနဲ့ထိုင်နေတဲ့ယောကျာ်းတယောက်ကိုတွေ့ရတော့ မြင်လိုက်တည်းကလူမဟုတ်မှန်းသိသာနေတော့ လန့်အော်တာ သူခိုးလည်းမိ သူခိုးလည်းငိုကြီးချက်မတွေဖြစ် ရဲတွေလာတဲ့ထိ အလန့်တွေမပြေ ဘေးအိမ်တွေကရေမန်းတွေတိုက် နှာနှပ်ပေးရတဲ့ထိဖြစ်ကော ကိုယ်တွေမှာ ကြောက်ရမှာလား ရီရမှာလားတောင်မသိတော့ဘူး နောက်နေ့ကျ ပတ်ဝန်းကျင်မှာ စုံစမ်းကြည့်တော့မှ အဲ့အိမ်ပိုင်ရှင် သားအဖက ဆွဲကြိုးချ သတ်သေသွားခဲ့တာတဲ့ အဲ့အိမ်ကြီးက ဝယ်မယ့်သူမရှိပစ်ထားတာ နှစ်ဆယ်ချီပြီဆိုပဲ ခုမှဝယ်ပြီး အိမ်ဟောင်းဖျက်အိမ်သစ်ပြန်ဆောက်နေတာ ဆိုတော့ ကိုယ်တွေလည်းအင်းဆိုပြီး သက်ပြင်းပဲချမိတယ် ဒါပေမယ့် အမြဲမေတ္တာပို့အမျှဝေနေလို့လားမသိ ဘာမှကိုမတွေ့ရဘူး အသံတွေတော့ကြားရတယ် အဲ့လိုနဲ့နေလာရင်း တနေ့ပင်ပန်းတာနဲ့နေ့လည် site က ပြန်လာပြီး အိမ်တံခါးဖွင့်တယောက်တည်း အိမ်ရှေ့ခန်းကကွပ်ပျစ်မှာ အိပ်ပျော်သွားတော့ အိမ်မက်လာပေးတယ် သူ့ကို ကုသိုလ်လုပ်ပေးဖို့ ပြီးအမျှဝေပေးဖို့ လုပ်ပေးဖို့ အကူညီတောင်းတယ် သူပိုက်ဆံပေးမယ် ၂၈ ထိုးတဲ့ ကိုယ့်လည်းလန့်နိုးကော တသက်နဲ့တကိုယ်၂လုံးမထိုးဖူးဘူးလောင်းကစားလည်းဝါသနာမပါ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ဆိုပြီး နာရီကြည့်တော့၃နာရီ ထိုးတော့မယ်အပြင်ထွက်ပြီးဘေးအိမ်ကို ၂လုံးဘယ်မှာထိုးလို့ရလဲဆိုတော့ အဲ့ကမောင်လေးကသူသွားထိုးပေမယ်တဲ့ဘယ်လောက်ဖိုးလဲတဲ့ ကိုယ်လည်း၅၀၀၀ ပေးပြီး ၂၈ ထိုးပေးဆိုတော့သူက ပတ်လည်ထိုးပေးမယ်တဲ့ အဆင်ပြေသလိုထိုးခဲ့ပါဆိုပြီး ညနေ ၄ခွဲ ၂လုံးထွက်တော့တကယ်၂၈ ကိုယ့်မှာဘာပြောရမှန်းမသိဘူး ညနေကျအကိုတွေပြန်လာတော့ပြောပြ ပြီးအိမ်ပိုင်ရှင်ကိုအကြောင်းကြား အလှူလုပ်ချင်လို့ပြော ခွင့်ပြုချက်ယူပြီး အဲ့အိမ်မှာပဲ လုပ်ဖြစ်ခဲ့တယ် အလှုလုပ်ဖို့ဘေးပတ်ဝန်းကျင်အကူညီတောင်းတော့အကုန်လာကူတယ် ဘုန်းကြီးပင့်ဖို့ဘာညာစီစဥ်ပေးတယ် တကယ်တော်တဲ့ပြည်ကလူတွေပါဖော်ရွေတယ်ကူညီတယ် တကယ်ချစ်ဖို့ကောင်းပါတယ် အလှူနေ့ရောက်တော့ ရေစက်ခွက်ကိုင် ပြီးအမျှဝေရတာကိုယ်ဖြစ်ခဲ့တယ် တသက်မှာမှတ်မှတ်ရရ ပါ အမျှဝေနေရင်းငိုသံတွေပါလာခဲ့တယ် ဘာလို့လည်းမသိအလိုလိုဝမ်းနည်းလာသလိုဖြစ်ပြီးမျက်ရည်ကျခဲ့တယ် သူ့နာမည်ကိုလည်း သိခဲ့ရတယ် သူ့နာမည်ခေါ်ရင်း ငိုမိတယ် အဲ့နောက်ပိုင်းဘာသံမှမကြားရတော့သလို အကုန်အေးချမ်းသွားခဲ့တယ် အဲ့အိမ်လည်းအပြီးလတ်စသတ်ခဲ့တယ် ကိုယ်တွေလည်း အိမ်ပြန်ခဲ့တယ် အဲ့နှစ်ပိုင်းမြို့သစ် အဲ့အိမ်နားနေတဲ့သူတွေ မှတ်မိဦးမယ်ထင်ပါတယ် ခုတော့အဲ့မှာအိမ်ပိုင်ရှင်တွေအေးအေးဆေးဆေး နေနေကြပြီ သူလည်းကောင်းရာဘဝတခုရောက်သွားပြီလို့ထင်ပါတယ်

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်