ဖြစ်ပုံကတော့ နဲနဲထူးဆန်းတယ်ရယ်လို့လဲမဟုတ်ဘူး၊ သရဲခြောက်တာရယ်လို့လဲမဟုတ်ဘူး၊ ဓာတ်ပုံတစ်ပုံအကြောင်းပြောချင်လို့
ညနှစ်နာရီခွဲလောက် အိပ်ရာဝင်တယ်ဗျာ၊ ခုရောက်နေတဲ့မြို့လေးမှာ တအိမ်လုံးမှာတယောက်ထဲ၊ဒါပေမဲ့အေးဆေးပဲ၊ မိုးလေးကတဖွဲဖွဲကျနေတဲ့အသံလေးနဲ့ အိပ်ရာဝင်ရတာ အရမ်းအရသာရှိနေရောပဲ။
အိပ်ရာထဲဖုန်းလေးပွတ်ရင်း gp ထဲက post လေးတခုတွေ့တယ်၊ ပြောရရင်တော့ group ထဲက သရဲဇာတ်လမ်းတွေ တခုမကျန်လိုက်ဖတ်ထားလို့ အံတိုနေပြီလေ၊ တံခါးခေါက်မယ်၊ လမ်းလျောက်မယ်၊ ခြေသံပေးမယ် ဘာညာပေါ့။တော်ရုံနဲ့ မကြောက်တော့ဘူး
မတိုးတော့ဘူးလေ ။ဖတ်မယ်လာထားပေါ့။
ကို့ဟာကိုအဲ့လို အထင်ကြီးထားတာပေါ့နော်😅
အဲ့ဒီ post လေးကလဲ သရဲအကြောင်းမဟုတ်ဘူး ဗေဒင်မှန်တဲ့အကြောင်းပါ ၊ ဘာမှကြောက်စရာမပါဘူး၊
ဇာတ်လမ်းကဘယ်လိုစလဲဆိုတော့ အောက်ကမန့်ထဲမှာ အမတယောက်ကသူလဲဗေဒင်အကြောင်းရေးဘူးတယ်လို့ မန့်ထားတယ်၊ အဲ့ဒါနဲသူရေးထားတာဖတ်ကြည့်တော ခြေခဏာဆရာမအကြောင်းရော သူသရဲခြောက်ခံရတဲ့အကြောင်းတွေရောပေါ့၊ အရေးအသားကောင်းလို့ အားရပါးရ
ဖတ်ပြီးတော့ သူတင်ထားတဲ့ပုံလေးကိုကြည့်တော့ ပြည်က ဘုရားတဆူမှာရိုက်ထားတဲ့ပုံလေး
အဲ့မှာ အရင်ကဖတ်ဖူးတဲ့ပြည်မြို့ကအကြောင်းပြန်ဖတ်ချင်စိတ်ပေါ်လာလို့
ပြီး ဆတ်ဆော့ပီးရှာလိုက်တာ၊စာရေး ဆရာတယောက်ရဲ့ post တက်လာတယ်၊ ရာဇဝင်ဘာဆိုလား မသိဘူး၊ အဲ့ဒီမှာပုံလေးပုံတင်ထားတာ။
အမတော်ပုံသုံးပုံနဲ့နောက်ဆုံးပုံကသူ့ပုံ၊ နေ့ခင်းဘက်ရိုက်ထားတာပေမဲ့၊ ကြည့်မိတာမှားလေခြင်းနော်၊ကြောက်ဖို့ကောင်းတယ်၊ ဘာလို့လဲဆိုတော့သူ့နောက်ကကျောင်းဆောင်ပေါ်မှာ မိန်းမကြီးနှစ်ယောက်ထိုင်နေလို့လေ၊တယောက်ကမျက်နှာကို zoom ဆွဲကြည့်လို့ရတယ်၊ ခုလိုညမှောင်မှောင်တယောက်ထဲကြည့်ရတာတကယ်မမေ့နိုင်စရာပဲ၊ နောက်တယောက်ပုံကအရိပ်ကြီးပဲမြင်ရတယ်
သူရေးထားတာကတော့သူရိုက်တုန်းကအဲ့နားမှာရောကျောင်းပေါ်မှာရောဘယ်သူမှ မရှ်ိဘူးတဲ့၊ကျောင်းအပေါ်မှာလဲ ကြမိးခင်းတွေပေါက်နေလို့လူထိုင်လို့မရပါဘူးတဲ့၊ ကိုယ်ကလဲအဲ့ပုံကို zoom ဆွဲကြည့်လိုက်သေးတာ မနက်သုံးနာရီကျော်၊ဘာမြင်ရသလဲမပြောတော့ဘူး၊gp rule ထဲမှာ အပြင်က post တွေ
လင့်မချရဘူးလို့ပါလားမသိလို့ မပေးတော့ဘူး။
ကြည့်ပြီးကတည်းက ကြက်သီးတွေတဖြန်းဖြန်းထ၊ ဘယ်သူမှမရှိတဲ့ အိမ်နောက်ဖေးမှာလဲ သက်ပြင်းချသံလို ဟူးဟွန်းနဲ့ခနခနကြားရတယ်၊ ထင်တာပဲနေမှာပါ။
လမ်းပေါ်လဲခွေးတွေကထအူနေသေးတယ်၊
စောင်ခေါင်းထိခြုံပြီးဘုရားစာတွေရွတ်ရင်း post တင်လိုက်တာ။
အဲ့ဆရာဆီက ခွင့်မတောင်းရသေးလိုပုံလဲမတင်တော့ပါဘူး၊လင့်ချပေးလို့ရတယ်ဆိုရင်တော့ချပေးပါမယ်။

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်