45

345 6 0
                                        

ထူးဆန်းတာလေးတွေရဲ့ အဆက်ပါ စာရှည်တာမို့ သည်းခံပေးပါရှင့်🙏🙏🙏
Please admin
   ရှမ်းမျိုးနွယ်တွေ စောင့်ရှောက်တာ သိပြီးကတည်းက ပထမဆုံး သတိထားမိတာက အိမ်မှာ မြွေခဏခဏလာတာ သတိထားမိတယ်  လာသမျှမြွေကလည်း မျက်လုံးရှေ့ကနေကို ပျောက်ပျောက်သွားတာပဲ အဲ့ဒါထူးဆန်းတယ် ၁၈ နှစ်ပြည့်ခါနီးမှာ အိမ်မက်မက်တယ် အိမ်မက်ထဲ ဘုရားတစ်ဆူရဲ့ မနီးမဝေးမှာ  နန်းတော်ကြား မြွေကြီး နဲ့ ကျွန်မက ဆော့နေတာတဲ့  ဆော့ပြီးတာနဲ့ ဘုရားပေါ်တက်ကြတယ် ဘုရားပေါ်မှာ လူအများကြီးမရှိဘူး ဘုရားကလည်း ထုံးသင်္ကန်းပဲကပ်ထားတာ အမိုးပဲပါတဲ့ အဆောက်ဦးလေး နဲ့ ကပ်ရပ်မှာ ရေကန်တစ်ခုရှိတယ် ရေကန်ထဲမှာ နဂါးနှစ်ကောင်က မြူးနေတယ် ရေချိုးနေသလိုပဲ အဲ့မြင်ကွင်းကို ရပ်ကြည့်နေတုန်းမှာပဲ နဂါးစာကျွေးရမယ်လေတဲ့  အဲ့အသံကြားတော့ လူလည်း အသိစိတ်ဝင်သလိုဖြစ်ပြီး ကြေးဖလားနဲ့ထည့်ထားတဲ့  ‌နွားနို့တစ်ခွက် ယူတယ် ပေါက်ပေါက်ပွင့်ထည့် နှင်းဆီအနီရောင်ချွေထားတာတွေကိုလည်းထည့်ပြီး အဲ့ရေကန်နားကပ်ပြီး သွားကျွေးတဲ့အချိန်စိတ်က ဝမ်းနည်းနေသလိုကြီးခံစားနေရတာ  အဲ့နွားနို့ခွက်တွေက ဘယ်ကရလာမှန်းမသိဘူး အဲ့ထိပဲအိမ်မက်က မိုးလင်းတော့ ကိုယ်ကလည်း အမှုမဲ့အမှတ်မဲ့ နေတာပေါ့ ဘယ်သူ့မှမပြောဖြစ်ဘူး အဲ့နေ့ပဲ အိမ်ရှေ့အပေါက်ကနေ နန်းတော်ကြားမြွေကြီးက တလိမ့်လိမ့်နဲ့ ဝင်လာတာ လမ်းကမြင်တဲ့သူတွေက မြွေမြွေဆိုပြီး အော်ကြတော့ ကိုယ့်အိမ်ထဲ ဝင်မှန်းမသိဘူး ထွက်ကြည့်တာ ကိုယ်လည်း အပြင်ရောက်တော့ မြွေကြီးက ရပ်သွားတယ် မြွေနဲ့လူက မျက်နှာချင်းဆိုင်ကြီး ခဏလောက် အသိလွတ်သွားသလိုပဲ အဲ့ချိန် ယောင်္ကျားသားတွေက ပြေးလာပြီး လုပ်ကြ ရိုက်ကြနဲ့ အော်မှ အသိဝင်ပြီး မလုပ်ကြနဲ့ မလုပ်ကြနဲ့ဆိုပြီး မနည်းအော်တားရတယ် အဆိပ်ပြင်းတယ် ဘာညာနဲ့ဘေးကပြောနေကြတာ  သူ့လမ်းသူသွားပါစေ မလုပ်ပါနဲ့လို့ ပြောပြီး စိတ်ထဲကလည်း မေတ္တာပို့ပြီး ကိုယ့်လမ်းကိုသွားပါ ဘယ်သူ့မှလည်း အန္တရာယ်မပေးပါနဲ့ ဆိုပြီး ပြောနေတာ ခဏနေတော့ လာလမ်းအတိုင်းလှည့်ပြီး ထွက်သွားလိုက်တာ လမ်းဘေးကခြုံသေးသေးလေးထဲ ဝင်သွားရော ဟိုဘက်ကလည်းပြန်မထွက်လို့ ခြုံကို တုတ်‌တွေနဲ့ ဝိုင်းရိုက်ကြည့်တော့ ဘာမှမရှိဘူး ဝင်ပြီး ထွက်စရာလမ်းက တစ်ခုပဲ ရှိတာကို ပျောက်သွားတာ  နောက်နှစ်ရက်လောက်နေတော့ အိမ်မက် ထပ်မက်တယ် အိမ်မက်ထဲ မြွေဟောက်ပေါက်ကာစအကောင်လေးက ပြေးသွားတယ် အဲ့အကောင်ပြေးပြီး သိပ်မကြာဘူး အရွယ်နည်းနည်းရှိတဲ့ကောင်က ပါးပျဉ်းထောင်ပြီး နေနေတာ အိမ်ကကြောင်လေးက ဘေးကကြည့်နေတယ်လို့ မက်‌ပြန်ရော ဒီတစ်ခါမက်တော့ မိုးလင်းတာနဲ့ အိမ်ကလူတွေကို ပြောပြတာ‌‌ စိတ်စွဲလို့ မက်တာ ဘာမှမဖြစ်ဘူး ဆိုတော့ ကိုယ်ကလည်းအေးဆေးပေါ့  မနက် 10နာရီလောက်ရောက်တော့ ကိုယ်အိပ်တဲ့အခန်းထဲကနေ မြွေဟောက်ပေါက်စလေးက ပြေးထွက်လာပြီး အိမ်အပြင်ကို တန်းနေတာပဲ ထွက်သွားတာ မြင်တော့ အံ့အားသင့်‌ေနတာ ပြီးမှ ကြက်သီးတွေထပြီး အော်တာ အိမ်ကလူတွေလည်း လာကြ‌ အခန်းထဲ ဝင်စရာအပေါက်မရှိပဲ ထွက်လာလို့ အထဲမှာ ပေါက်နေတယ်ဆိုပြီး ဗြောင်းဆန်အောင် ရှာတာ ဘာမှမရှိဘူး မြွေအောင်းလို့ရမယ့် နေရာလည်း မရှိဘူး ကုတင်ရယ် ဗီဒိုနှစ်လုံးပဲ ရှိတာ ကိုယ့်အခန်းက
    ကိုယ်က ရင်တွေတုန်နေပြီ အိမ်မက်ကို သတိရပြီး တစ်ယောက်ထဲ မနေရဲဘူး အိမ်ထဲ (သတ္တိကောင်းတာ 😅)  အဲ့အချိန်ထိ အိမ်က မယုံကြဘူး တိုက်ဆိုင်တာတဲ့ နေ့ခင်း 1နာရီလောက်ကျ အိမ်ကို သူငယ်ချင်းက အလည်လာတော့ အဖော်ရှိပြီဆိုပြီး အဲ့ကိစ္စမေ့ထားလိုက်တယ် ပြီးကျ သူငယ်ချင်းနဲ့ mlဂိမ်းဆော့နေတာ သူက ကွတ်ပျစ်ပေါ်မှာ ကိုယ်က ကုလားထိုင်နဲ့ ဘုရားခန်းမှာ ဆော့နေကြတာ ကိုယ်ထိုင်တဲ့နေရာက အိမ်မကြီးထဲဝင်မယ့် အပေါက်နဲ့ နီးတယ် ‌ဂိမ်း‌ဆော့နေရင်း မျက်လုံးထောင့်ကနေ ရိပ်ကနဲ့ မြင်လိုက်လို့ လှမ်းကြည့်လိုက်တော့ အမလေး အပေါက်မှာ အရွယ်နည်းနည်းရှိတဲ့ ကောင်က ပါးပျဉ်းကြီးထောင်ပြီး ကိုယ့်ကို ကြည့်နေတာ မျက်နှာကြီးကလည်း ကိုယ့်ဘက်ကို မူလို့ သူ့ဘေးမှာ အိမ်ကကြောင်လေးက ကြည့်နေတာ ကိုယ်က အိမ်မက်နဲ့တူနေလို့ အံ့ဩနေတာမအော်နိုင်ဘူး ပြီးမှ သူငယ်ချင်း မြွေမြွေလို့ လှမ်းပြောမှ အားကိုးရတယ် ပြတင်းပေါက်ကနေ ခုန်ဆင်းတာများ ကိုယ်ပဲကျန်နေခဲ့တာ အိမ်ထဲ  ပြီးမှ ဘေးအိမ်က လင်မယားနဲ့ အိမ်ကလူတွေလာမှ တုတ်တွေနဲ့ ခြောက်ကြတာ အဲ့ကျ သူမဟုတ်တဲ့အတိုင်းပဲ အပေါက်ကိုတည့်နေတာပဲ ပြန်သွားတာမှ တန်းလို့ ကိုယ်ကတော့ ကြောက်လိုက်တာမှတုန်နေတာပဲ ရက်အတော်ကြာကြာလောက်ကို တစ်ယောက်ထဲမနေရဲဘူး အဲ့လို အဖော်နဲ့နေတဲ့ကြားက ထန်းမြွေက အခွေလိုက် ကိုယ့်ခေါင်းပေါ်ပြုတ်ကျသေးတယ် 😁 ငယ်သံပါအောင် အော်တာ 
    နောက်ကျ သူငယ်ချင်းက အိမ်လာအိပ်လို့ အတူအိပ်ကြတာ ကိုယ်က နံရံဘက်ကအိပ်တာ စကားတွေပြောနေရင်း သူငယ်ချင်းက အိပ်ချင်ပြီလို့ ပြောပြီး တန်းအိပ်သွားတာ  ကိုယ်ကလည်း သူ့ကို ကျောပေးလိုက်ပြီး အိပ်မယ်ပေါ့ မျက်လုံးမှိတ်ပြီး နေနေတာ တစ်ခုခုငါ့ကို ကြည့်နေသလိုပဲဆိုပြီး မျက်လုံးဖွင့်ကြည့်လိုက်တာ မြွေဟောက်က ပါးပျဉ်းထောင်ပြီး ကြည့်နေတာ သူ့နဲ့ကိုယ့်ကြားမှာ ခြင်ထောင်လေးပဲ ခြားတယ် (ထိန့်လန်စရာ‌တွေမြင်ရင် တန်းမအော်တတ်ဘူး ) တွေးကြည့်နော် ကိုယ်လည်း လန့်ပြီး ခေါင်းကို နောက်ဆုတ်လိုက်တာ မြွေကလည်း လန့်ပြီး သူ့ခေါင်းကလည်း နောက်ဆုတ်သွားတယ် ကိုယ်လည်း ငုတ်တုတ်ထထိုင်ပြီး သူငယ်ချင်းကို တိုးတိုးလေး နှိုးတာပေါ့ သူလည်း နိုးလာပြီး ဘာလဲပေါ့ ဟိုမှာ မြွေဆိုတော့ အမလေး အော်လိုက်တာ ငိုကလည်းငိုသေး အဲ့ချိန်ထိ မြွေက အဲ့နေရာက မရွေ့ဘူး အိမ်ကအစ်ကိုကရောက်လာပြီး ခြင်ထောင်ကြိုး‌တွေဖျက် ဘေးအိမ်က ဦးလေးတွေလည်း ရောက်လာကြတဲ့ထိ မရွေ့ဘူး မြွေဟောက်ဆိုတော့ အန္တရာယ်များတယ်ဆိုပြီး သတ်ကြရော အဲ့တုန်းက video မရိုက်လိုက်ရဘူး
    အဲ့ဒါပြီးတော်တော်လေးကြာတော့ ညဘက် 10နာရီလောက် အိမ်ကအစ်ကိုက toilet သွားပြီး အိမ်ထဲ ပြန်ဝင်မယ့်အချိန် သူ့ရှေ့ကနေ မြွေဝင်သွားတာ မြင်လို့ လိုက်ရှာကြတာ မ‌တွေ့ဘူး  အဲ့ညက မအိပ်ရဲဘူး ခြင်ထောင်ကို အတွင်းဘေးပတ်လည်ကနေ ဖိထားပြီး အလယ်ငုတ်တုတ်ထိုင်နေတာ 😁 အဲ့တစ်ည ကုန်သွားရော နောက်နေ့ တစ်နေကုန်လည်း ဘာမှမဖြစ်ဘူး လာပါပြီ ညရောက်‌တော့ ဗိုက်ဆာလို့ အပြင်မုန့်သွားဝယ်ပြီး အိမ်ရောက်တော့ ည 8နာရီကျော်ပြီ ဆောင်းတွင်းဆိုတော့ အေးလို့အိမ်ထဲနေကြတာများတယ်လေ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာပဲ အိမ်ထဲရောက်ပြီး မုန့်စားမလို့ ရှိသေး အိမ်ကခွေးက ထိုးဟောင်တာ အဲ့ဒါနဲ့ အပြင်တစ်ခုခုတွေ့လို့နေမှာဆိုပြီး အစ်ကိုက ထွက်ကြည့်တာ ခဏနေကြ ညီမလေးရေ မြန်မြန်လာ မြန်မြန်လာဆိုတော့ ကိုယ်လည်းအပြေးသွားတာပေါ့ မြင်ရတဲ့ မြင်ကွင်းက အစ်ကိုက မြွေကို အမြီးကနေ ဆွဲထားတာ မြွေကလည်း ကျွန်မ အိပ်တဲ့အခန်းဘက်ကို ပြေးနေတာ မြွေဟောက်နော်  အဲ့မှာ ကိုကြီးက ဓားမယူပေးဆိုလို့ ယူပေးလိုက်တာ ကိုကြီးက ဓားနဲ့ ပစ်လိုက်တော့ အလယ်လောက်ထိသွားပြီး တွန့်လိမ်နေတာ အဲ့ချိန်ကိုယ်က ဖုန်းပါနေတော့ video ကောက်ရိုက်လိုက်‌တာ ခဏနေကြ သတ်လိုက်ပြီး မီးတစ်ခါထဲရှို့ပြီး မြေမြုပ်လိုက်ကြတယ် အဲ့မြွေဟောက်က ခေါင်းထိပ်မှာအစိမ်းရောင်အကွက်ကြီးပါပါတယ်  အဲ့လို မြွေဟောက်ရှိလားဟင် မြွေအမြီးလှမ်းဆွဲထားရတာကလည်း အစ်ကိုလာတာမြင်တော့ သူ ပြေးတာတဲ့ ပုံမှန်မြွေဟောက်ဆို ပါးပျဉ်းထောင်ပြီး သူ့ဘာသာကာကွယ်မယ်လို့လည်း မြင်မိပါတယ် (video က ဖုန်းတွေချိန်းတာနဲ့ အခုဖုန်းထဲပါမလာဘူး ပုံလေးရှိနေခဲ့လို့ တင်ပေးလိုက်ပါတယ်)
    မနက်ကျ အမေက အဝေးမှာမို့ ညက ဒီလိုတွေဖြစ်သွားတယ် ပြောပြပြီး video ပို့ပေးလိုက်တာ ခဏနေကျ အမေက နောက်က ဘယ်သူအိုးစည်တီးနေတာလဲတဲ့ ကိုယ်ကလည်း ကြောင်ပြီး ဘယ်ဟာတွေမေးနေတာလဲပေါ့ video ထဲကလေတဲ့ ရိုက်ထားပြီး ကျွန်မက မကြည့်ရသေးပဲ အမေ့ဆီပို့လိုက်တာ ပြန်ကြည့်မှ နောက်မှာ အိုးစည်သံတွေ ကြားရတာ အဲ့မှာ ကိုယ်လည်း ဘုရားပွဲကပ်တဲ့ ဦးလေးဆီ သွားမေးတော့မှ ရှမ်းမျိုးနွယ်တွေက လာစောင့်ရှောက်ကြတာတဲ့ တစ်နည်းအားဖြင့် လာကြည့်ကြတာပေါ့ အဲ့မှာ နောက်ရက် ဘုရားပွဲကပ်ပြီး စောင့်ရှောက်ရင်လည်း အဆိပ်ရှိတဲ့ သတ္တဝါအနေနဲ့ မလာဖို့ အခုလည်းမသိလို့သတ်ခဲ့မိတာပြောပြီး နောက်ပိုင်းအိမ်မှာမြွေလာရင် လင်းမြွေ‌ မြက်လျှော အဲ့မြွေတွေပဲလာတော့တယ် ထူးဆန်းတာတစ်ခုက အိမ်မှာမြွေတွေ့ပြီဆိုရင် အိမ်မကြီးအပေါက်ကနေဝင်မှရမယ့်  ကျွန်မ အခန်းထဲကပဲ တွေ့တယ် ရှာရင် ပျောက်သွားတယ် တစ်ခါတစ်လေ မျက်လုံးအောက်မှာပဲ ကြည့်နေရင်း ပျောက်သွားတယ်  နောက်မှ တခြားကြုံတာတွေ ပြောပြပါအုံးမယ် အခုတော့ စာလည်းရှည်သွားပြီမို့

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now