107(အဆက်

139 3 0
                                        

ဒီပိုစ့်ရဲ့အဆက်ပါ

သူ့ကခေါင်းပြတ်နေရတဲ့အကြောင်းကို ဆက်ပြောပြတော့
ကျနော်လည်းတော်တော်လေးသနားသွားတယ် ( ခေါင်းမရှိပဲဘယ်လိုစကားပြောလဲဆိုတော့ သူကစကားပြောနေတာမဟုတ်ပါဘူး ကျနော်နားတည်းမှာသူပြောနေတာကိုကြားနေတာပါမျိုး)
အ့အချိန်မှာ သူ့ကိုကြောက်လည်းမကြောက်တော့ဘူး
ဟုတ်တယ်လေ ခြောက်ချင်ရင်အစောတည်းကခြောက်မှာပေါ့
သူအကွောငျးရငျးတဈခုခုရှိလို့ ကိုယ်နဲ့စကားပြောနေတယ်လို့ပဲ
ဖြေသိပ်လိုက်တယ် အမျှဝေတာဘာညာလိုချင်တယ်လို့ပဲ ကိုယ်ကအစကထင်နေတာ သူ့ပြောလိုက်မှကိုယ်ထင်တာ တစ်ခုမှမဟုတ်ဘူးဆိုတာ သိလိုက်ရတယ် သူပြောတာက
ဒီရွာမှာကအရင်တုန်းက ရေကန်မရှိဘူး ရေခပ်ချင်ရင် တစ်ဖက်ရွာကရေကန်မှာပဲသွားခပ်ရတာ တော်တော်များများကတော့ ဝေးလို့ချောင်းတည်းကရေကိုပဲ သုံးကြတာများတယ် နောက်ပိုင်းမှရွာကလူတွေတိုင်ပင်ပြီး ရွာမှာရေကန်တစ်ကန်တူးမယ်ဆိုပြီး တူးကြတာရေကန်တူးတာက လွယ်တာမဟုတ်တော့ ရေငန်ဘက်ဆိုတော့ကြိုက်တဲ့နေရာတူး ရေငန်ကြီးပဲလေ ကံကောင်းချင်တော့
ရွာအပြင်ဘက်တစ်နေရာ အခုရေကန်တည်ထားတဲ့နေရာမှာ
ရေချိုကြောတွေ့လို့ အ့မှာရေကန်သွားတူးကြတာပေါ့ စတူးတဲ့နေ့တုန်းက ရေကကြည်ပြီးသောက်လို့ပါရတော့ တစ်ရွာလုံးလည်းပျော်နေတာပေါ့ ဒါပေမဲ့နောက်နေ့ကျရေကန်တည်းမှာ ရေတစ်စက်မှမရှိတော့ဘူးဆိုပဲ တစ်ရွာလုံးလည်းအံ့သြကုန်တာပေါ့
ထူးဆန်းတယ်ဆိုပြီး ရွာကလူတွေကလည်း နတ်ဝင်သယ်ခေါ်ပီးမေးကြတာပေါ့ဗျာ အ့ဒီရေကန်တူးတဲ့နေရာက ကွင်းပိုင်(နတ်စိမ်း)ပိုင်တဲ့နေရာဖြစ်ပြီး သူ့ဆီမှာခွင့်မတောင်းပဲ သူမြေကိုရေကန်တူးလို့ စိတ်ဆိုးပြီးအခုလို့လုပ်လိုက်တာတဲ့ သူ့ကိုပြန်တောင်းပန်မှ ရေကန်ကရေပြန်ထွက်မယ်ဆိုပြီးပြောရော ရွာကလူတွေကလည်း တောင်းပန်မယ်ပေါ့ တောင်းပန်ဖို့ဘာတွေလိုမလဲပေါ့ ဒါပေမဲ့နတ်ဝင်သယ်ဆီက နတ်ကထွက်သွားတော့ ဘာနဲ့တောင်းပန်ရမှာလဲဆိုတာ ရွာကလူတွေလည်းမသိဘူးပေါ့ဗျာ
နတ်ကလည်းပြန်ခေါ်တာမဝင်တော့ဘူးတဲ့ ရွာကလူတွေကလည်း
တတ်သလောက်မှတ်သလောက်နဲ့ တောင်းပန်ကြတာပေါ့ဗျာ ဒါပေမဲ့မရဘူးတဲ့တော့ နှစ်ရက်လောက်ကြာတော့ ရေကန်ထိပ်မှာ
ကိုအေးမောင်(အမည်လွဲ)တစ်ယောက် ခေါင်းပြတ်ပြီးသေနေတယ်ဆိုပြီး တစ်ရွာလုံးဆူဆူညံညံဖစ်သွားရော ထူးထူးဆန်းဆန်းရေကန်ကလည်းရေတွေပြန်ပြည့်နေရောတဲ့ ကိုအေးမောင်တစ်ယောက်ဆိတ်ကျောင်းရင်းကနေ ဘယ်လိုဖြစ်ပြီးခေါင်းပြတ်သွားလဲဆိုတာဘယ်သူမှအဖြေရှာမပါ ပိုထူးဆန်းတာကခေါင်းပြတ်ပေမဲ့ သွေးမထွက်ပဲဒီတိုင်းအရုပ်တွေကို ခေါင်းဖြုတ်လိုက်တဲ့ပုံစံမျိုးတဲ့လေးဗျာ အ့တော့မှလူတွေက ကွင်းပိုင်ကိုလူတစ်ယောက်စတေးပြီးတောင်းပန်ရတယ်ဆိုတာ သဘောပေါက်သွားတယ်
ဒီအဖြစ်အပျက်ကို ရဲလည်းမတိုင်ခဲ့ကြသလို ဘယ်မှာမှလည်းအမှုမဖွင့်ခဲ့ကြဘူး ဘယ်သူလုပ်လဲဆိုတာ သိနေကြတာလည်းပါတာပေါ့
( အမှန်တကယ်တော့ကိုအေးမောင်က ကျနော်ကိုပြောပြနေတာပါ သူပြောပြတာရယ် ကျနော်အဒေါ်တွေပြောပြတာရယ် နှစ်ခုပေါင်းပြီးရေးလိုက်တာ)

သူပြောပြပီးသွားတော့ အ့တာဆိုခင်ဗျားက ဘယ်လိုခေါင်းပြတ်လဲလို့မေးတော့ သစ်ပင်ပေါ်ကနေသစ်ကိုင်းခြောက်တစ်ခု ကြွေကျလာလို့ အမှတ်တမဲ့သစ်ပင်ပေါ်ကိုမော့ကြည့်လိုက်တော့ မဲမဲအရာကြီးတစ်ခုက သူ့ကိုယ်ပေါ်ကိုခုန်ဆင်းလာပြီးသူလည်းမေ့သွားတာတဲ့ ပြန်သတိရလာတော့အခုလိုဘဝမျိုးရောက်နေတာတဲ့ နောက်ပိုင်းကျမှကွင်းပိုင်ကသူ့ကိုခေါ်လို့သူဒီလိုဘဝမျိုးရောက်ကြောင်းပြောတယ်
အမျှဝေတုန်းကရောမကျွတ်ဘူးလားလို့ ကျနော်လည်းထပ်မေးလိုက်တယ် သူကကွင်းပိုင်ခွင့်မပြုရင် မကျွတ်လွတ်ဘူးလို့ပြောတယ် သူအ့လိုပြောမှပဲ ကိုယ်လည်းကြောက်လာတော့တယ်
ဟုတ်တယ်လေ တာတေစာအုပ်ဖတ်နေကြဆိုတော့ မဖဲဝါတို့ကွင်းပိုင်တို့ဘယ်လောက်ကြမ်းတယ်ဆိုတာကသိနေတော့ ကြောက်တာပေါ့ဗျာ အ့တာနဲ့ကျနော်လည်းအိမ်ပြန်မယ်ဆိုပြီး လှည်းတွန်းတာလှည်းကရွေ့ကိုမရွေ့ဘူးဗျာ အ့တာနဲ့ကိုအေးမောင်က ဝိုင်းတွန်းပေးတော့ လှည်းကရေကန်နည်းနည်းကျော်တဲ့အထိရောက်သွားတယ် ကိုအေးမောင်ကဒီနေရာထိပဲသူပို့ပေးရတယ်ဆိုပြီး
ကန်ဘက်ကိုပြန်သွားရော ကျနော်လည်းလှည်းတွန်းမယ်ဆိုပြီးလုပ်တာ ခြေထောက်ကလှုပ်မရတော့ဘူးဗျို့ ခြေထောက်တင်မဟုတ်ဘူး လက်ရောပဲတစ်ကိုယ်လုံးလည်းတောင့်တင်းနေသလိုပဲ အမှန်တကယ်တော့ခြေထောက်က အကြောက်လွန်ပြီး ဆိုင်းသွားတဲ့ပုံစံပါပဲ ကျနော်လည်းတော်တော်ချွေးပြန်နေပြီ စောနကကိုအေးမောင်လိုမျိုးကွင်းပိုင်က လာလုပ်ရင်ငါတော့သွားပီလို့ အ့လိုနဲ့ဘယ်လောက်တောင်ကြာသွားလဲမသိဘူး ရွာတည်းကနေ
အမေတို့လေးယောက်ဓာတ်မီးတဝင်းဝင်းနဲ့ထွက်လာတဲ့အချိန်မှပဲ ခြေထောက်ကပြန်လှုပ်ရတော့တယ် အမေတို့က ကိုယ်ကိုမတွေ့လို့စိတ်ပူပီးလိုက်လာကြတာ ကိုယ်လည်းရေပြည့်အောင်စောင့်နေရတာဘာညာဆိုပြီး စိတ်မပူအောင်ပြောလိုက်ပြီး အိမ်ပြန်လိုက်တော့တယ် နောက်နေ့မှကိုအေးမောင်နဲ့ကြုံခဲ့တာကိုပြောပြပြီး
ကိုအေးမောင်အကြောင်းလည်းသိခဲ့ရတာပေါ့ဗျာ သူ့ကိုမကြောက်ပေမဲ့ ကွင်းပိုင်ကိုကြောက်တာကြောင့် နောက်နောင်ရေကန်ကို
ကျနော်တစ်ယောက်တည်းဘယ်တော့အခါမှမသွားတော့ပါ

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now