74

263 3 0
                                        

#အထုံပါခြင်း

ဟိုးအရင်က ရှမ်းပြည်နယ်က ရွာလေးတွေမှာ ချစ်ခင်ရသူတွေ သေဆုံးတဲ့ခါ ခြံဝန်းထဲမှာပဲ မြုပ်နှံလေ့ရှိကြတယ်

တစ်ရက် မိသားစု တစ်စုက ခြံဝိုင်းကြီး ဈေးသက်သက်သာသာနဲ့ ရတယ်ဆိုပြီး ဝယ်လိုက်ကြတာပေါ့ ခြံရဲ့အနောက်ဘက်မှာ အုတ်ဂူတစ်ခုရှိနေတယ် အသက် ၃၈နှစ် မ*** ဂူကိုတော့ မဖျက်စီးပဲ ဒီတိုင်းလေးပဲထား ထားလိုက်တယ်  သူတို့ စ ရောက်‌တဲ့နေကစပြီး အမျိုး" ခြောက်လှန့်ခံရတယ် ဒါမဲ့ ငွေကြေးအခက်အခဲကြောင့် အဲ့ခြံထဲမှာပဲ ဆက်နေကြရတာပေါ့ ခြံထဲမှာ နေတဲ့သူတွေတင်မဟုတ်ပဲ အနီးနားက‌လူတွေကိုပါ အမျိုး" ခြောက်လှန့်‌တော့ ရွာထဲမှာ အဲ့ သရဲက နာမည်ကြီးပဲ  နေပြီး သုံး လေး နှစ်လောက်ကြာတော့ အိမ်မက်ပေးလာတယ် သူဝင်စားချင်လို့ပါ သူ့ကို လက်ခံပေးပါဆိုပြီးပေါ့ အိမ်ရှင်ကလဲ လက်ခံပေးလိုက်တယ် သူလေး မွေးလာပြီး ၇နှစ် အရွယ်လောက်ရောက်တော့ ခြံထဲကို ‌အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရောက်လာတယ် သူ့တို့ အမေအုတ်ဂူကို လာကန်တော့တာပါတဲ့ အဲ့မှာ ခြံထဲမှာ ဆော့နေတဲ့ ၇နှစ် အရွယ် ကလေးမလေးက ပြေးလာပြီးတော့ 

" ဟယ် သားနဲ့သမီးလာတယ် အမေလေ အမေ့ကို မမှတ်မိဘူးလား  အမေ သားနဲ့သမီးကို လွမ်းနေတာ  သားတို့အဖေရော မပါလာဘူးလား"...စသဖြင့် ၇နှစ်အရွယ်လေးက လူကြီးတစ်ယောက်လို ပြောဆိုလာခဲ့တယ်

အဲ့ကလေးမလေး အရွယ်ရောက်လာ‌တော့ ရန်ကုန်ကို ပြောင်းလာကြတယ် နောက် ကိုမင်း(နာမည်လွှဲ) ဆိုသူနဲ့ ၆နှစ်တာ တွဲပြီး ယူခဲ့ကြတယ်ပေါ့‌လေ ယောင်္ကျားက အရမ်းချစ်တယ် ဘာလေးစားချင် ဘာလေးလိုချင် တတ်နိုင်သမျှ အကုန်ဖြည့်စည်းပေးခဲ့တယ် ဒီလိုနဲ့ သားသမီးနှစ်ယောက်ရလာခဲ့တယ် အငယ်ဆုံးသမီးလေး ၃နှစ်အရွယ် သူ့အသက် ၃၈နှစ်မှာ တီဘီရောဂါရခဲ့တယ် အစားအ‌သောက်က နဂိုထဲက နည်းတဲ့အပြင် ရောဂါရတော့ ဘာမှ စားမဝင်တော့ဘူး ဆေးကလဲ တအားပြင်း‌တော့ အသည်းပါရောင်လာခဲ့တယ်  ဒီလိုနဲ့ ဆေးရုံတင်လိုက်ရတယ် ယောင်္ကျားက အရင်က ဂရုစိုက် ချစ်ခဲ့သမျှ ရောဂါဖြစ်တဲ့ချိန်က စပြီး သိပ်ဂရုမစိုက်တော့ဘူး ဆေးရုံမှာလဲ လူစောင့်နဲ့ပဲ ထား ထားခဲ့တယ် အရင်က အရမ်းချစ်ခံခဲ့ရတဲ့ မိန်းမ ဆိုတော့ ယောင်္ကျားက ဂရုမစိုက်‌တော့ ရောဂါအပြင် စိတ်ဓာတ်‌တွေပါ ကျနေခဲ့ရတာပေါ့ ညတိုင်း သားနဲ့သမီး ပုံလေးတွေကြည့် ယောင်္ကျားကိုမျှော်နဲ့ ဆေးရုံတက်ပြီး ၂ပတ်လောက်မှာ ဆုံးပါးသွားခဲ့တယ် 

အရင်ဘဝကလို အသက် ၃၈နှစ် သားသမီးနှစ်ယောက် ရချိန်မှာပဲ ထပ်ဆုံးပါးသွားခဲ့တာပေါ့လေ

အခုဒီစာကိုရေးနေချိန် ရက်မလည်သေးပါဘူး သေပြီး ၂ရက်မြောက်နေ့မှာ ရေးထားတာပါ ဆုံးတဲ့ နေ့ကတည်းက အိမ်ကလူတွေအကုန် ညည်းသံတွေ ကြားနေရတော့တာပါပဲ

သရဲ တကယ်ဖြစ်ရပ်မှန်(2)Where stories live. Discover now