အမြဲပဲစာဖတ်နေသူဖြစ်နေလို့ ဒီတစ်ခါတော့ကိုယ့်အတွေ့အကြုံလေးဝင်ရေးပါရစေရှင်။
မဖြစ်မနေမို့လို့ဒီကစပြီးအစပျိုးမယ်နော်။
ကျွန်မက ဂျပန်စာဆရာမပါ။
အပြင်သင်တန်းတွေရော၊Zoom classတွေရောသင်ပါတယ်။
ဒါပေမယ့် Covid ကာလမှာ အပြင်သင်တန်းဖွင့်လို့ရတဲ့အနေအထားမဟုတ်တော့ zoom classကိုပဲတွင်တွင်ကျယ်ကျယ်သင်ရတာပေါ့။
အဖွဲ့လိုက်တွေ၊one on oneတွေအစုံပေါ့။
အဲ့ဒီမှာ zoom classကနေ သင်တန်းသား ၃ယောက် သီးသန့်သင်ချင်တယ်ဆိုတော့ လက်ခံပြီးသင်လိုက်တယ်။ကောင်မလေးတစ်ယောက်၊ကောင်လေး၂ယောက်။
အဲ့ဒီနေ့မှာစာသင်ဖြစ်တာ ည၈နာရီခွဲဝန်းကျင်ပါ။
ကောင်မလေးကအဲ့နေ့ကအတန်းပျက်တယ်။
ကျွန်မတပည့်ကောင်လေးနှစ်ယောက်ကို zoom cameraဖွင့်ပြီးစာသင်တာပေါ့။
အဲ့ဒီမှာ ကျော်ကျော်ဆိုတဲ့ကောင်လေးရဲ့ zoom cameraမှာ ကလေးမလေးတစ်ယောက် အသက်၄နှစ်၊၅နှစ်အရွယ်ကလေးလေးက ကျော်ကျော့်ဘေးကိုကပ်ပြီးzoom camera ကိုလာကြည့်လိုက်၊ကျော်ကျော့်ကိုကြည့်လိုက်နဲ့ကလေးတစ်ယောက်စပ်စုပုံမျိုးလေး လုပ်နေတော့
ကျွန်မကသူ့ညီမလေးထင်တာပေါ့။
အဲ့လိုလုပ်နေတာတော်တော်လေးလည်းကြာတယ်။
ကျွန်မလည်းရှင်းလက်စစာကိုပြီးအောင်ရှင်းပြီးမှ
“ကျော်ကျော်ရေ ဘေးကညီမလေးလား”လို့ အလာပသလာပပြောတော့
ကျော်ကျော်က
“ဟင် ဘာလဲ Sensei “
“သားဘေးက ကလေးလေးလေ သားညီမလေးလား”ဆိုတော့
“အခန်းထဲမှာသားတစ်ယောက်တည်းလေ
ဆရာမ မနောက်နဲ့”တဲ့
“Sensei သားတစ်ယောက်တည်းရှိတာ သားကိုလန့်အောင်မလုပ်ပါနဲ့”ဆိုတော့
ကျွန်မဆက်မပြောဖြစ်တော့ပါ။
အရှိန်သတ်ရပ်လိုက်ရပါတယ်။
အဲ့ကလေးလေးကလည်းအဲ့အချိန်အတောအတွင်းမှာချက်ချင်းပျောက်သွားပါတယ်။
အစကတော့ Zoomထဲ ကနေဆိုတော့camera နောက်ဝင်သွားတယ်ပဲမှတ်တာလေ။
ကျော်ကျော်နဲ့တူတူစာသင်နေတဲ့ သက်ပိုင်ဆိုတဲ့ ကောင်လေးကတော့ ကျွန်မနဲ့ကျော်ကျော်ကြားဘာမှတော့ဝင်မပြောပေမယ့် ဗျာများနေတဲ့ပုံပါ။သူရောမြင်လိုက်လား၊မမြင်လိုက်ဘူးလားကျွန်မတို့စကားမစပ်မိကြပါ။
ကျော်ကျော်ကြောက်နေမှာစိုး၍ ကျွန်မ စသလို၊နောက်သလိုနဲ့ လျှောချပြီး၊စာပဲဆက်သင်လိုက်ပါတယ်။
အတွေးတွေထဲမှာတော့တကယ်ထူးဆန်းနေရင်းပေါ့။

YOU ARE READING
သရဲ တကယ်ဖြစ်ရပ်မှန်(2)
Horror(တကယ်ဖြစ်ရပ်မယ်များ) ပရလောက/အိမ်**) ဂရုကနေတွေ့လိုcopyလာတာပါရှင့် ပိုင်ရှင်များပြန်ဖျတ်ခိုင်းရင်ဖျတ်ပေးပါမယ်ရှင့်