( 1 )

103K 3.6K 228
                                    

unicode

Beijing, Sanlitun မှာ ဖွင့်ထားတဲ့ နာမည်ကြီး Destination club က LGBTQ community ရဲ့ အထင်ကရ နေရာတစ်ခုပါပဲ။ Des gay bar လို့ပဲ အတိုကောက် ခေါ်ကြလေရဲ့။ အပတ်တိုင်းဖျော်ဖြေကြတဲ့ နာမည်ကြီး DJs သမားတွေနဲ့ တကယ်ကို စည်ကားကြီးကျယ်တဲ့ club။

ဒီနေရာကို ရှောင်းကျန့်အရင် တစ်ခါမှမလာဖူးပါ။ Night life ကိုခံစားဖို့ Sanlitun ကိုလာဖူးပေမယ့် အခြားကလပ်များကိုသာ သွားဖြစ်ခဲ့သည်။ Des ကို မလာခဲ့ဖူး။

အခုတော့ တကူးတကလာပြီး သူ gay bar ကိုရောက်နေကြောင်း တစ်စုံတစ်ယောက်သိရန် ကြိုးစားနေမိသည်။ အဲဒီတစ်စုံတစ်ယောက်ကတော့ တခြားသူမဟုတ်ပါ။ မိဘချင်း သဘောတူညီမှုဖြင့် အိမ်က အတင်းစေ့စပ်ပေးထားသည့် သူ့ရဲ့ဇနီးလောင်း လွီဖေးသိစေရန် ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်က သိပ်လည်းမကြီးသေးဘဲ မိဘတွေက ဘာလို့စိတ်လောနေမှန်း မသိတော့ချေ။

# လွီဖေး ငါ လက်မထပ်ချင်သေးဘူး ငါတို့နှစ်ယောက် စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ရအောင် #

ရှောင်းကျန့်ပြောခဲ့ပေမယ့် လွီဖေးက လက်မခံ။

# ရှင့်ကို ကျွန်မသဘောကျတယ် လက်ထပ်ပွဲကို ဖြစ်အောင်ပဲ ဆက်လုပ်မှာ #

လွီဖေးရဲ့ စိတ်ထက်သန်မှုကို အဆုံးသတ်ရန် သူက gay တစ်ယောက်ပါဟု ဟန်ဆောင် အဆုံးသတ်လိုက်ရုံမှအပါး တခြားနည်းလမ်း မစဉ်းစားမိတော့။ လွီဖေးဘက်က လက်မလျော့ဘဲ သူ့ဘက်က အရင်လက်လျော့လျှင် သူ့မိဘများက သူ့ကို နှင်ထုတ်မှာ သေချာသည်။ ဒီလိုအဖြစ်ခံ၍ မဖြစ်။ လွီဖေးဘက်က လက်လျော့သွားအောင်သာ လုပ်ရမည်။

အခုချိန်ဆို သူ့သူငယ်ချင်းကျိုးချန် သတင်းပေးမှုကြောင့် ရှောင်းကျန့် Des ရောက်နေကြောင်းကို လွီဖေးသိလောက်ပြီ ထင်သည်။ Des ကို ရက်ဆက်လာကာ သူက gay ဆိုတာကို ဝန်ခံပြီး လွီဖေးလက်လျော့ သွားအောင်လုပ်မည်ဟု စဉ်းစားထားသည်။

ရုတ်တရက် vibration ဖြစ်လာသော ဖုန်းကြောင့် ရှောင်းကျန့်စဉ်းစားခန်း ဝင်နေရာမှ ဖုန်းကိုင်လိုက်ရသည်။

Something in the dark ( completed )Where stories live. Discover now