( 9 )

23.3K 2.1K 68
                                    

unicode

မနေ့ကတည်းက ဘာအစာမှ သေချာမစား ရသေးသဖြင့် အစာအိမ်လေးကလည်း ဆာလောင်နေရာ ကိုယ်တော်ချောလေး ပြုတ်ပေးသော ဆန်ပြုတ်ကို သူ အများကြီး စားလိုက်တော့သည်။

ခဏနေရင် အိမ်ပြန်ရတော့မှာပဲကို။ စ်ိတ်လျော့ပြီးပဲ စားလိုက်တော့မယ်။

သူ ဆန်ပြုတ်ကုန်ခါနီး အရှေ့က ကောင်လေးက ဘာစကားမှ မဆိုဘဲ ထသွားလေသည်။ သူ ကြည့်မိတော့ ကောင်လေးက အဖြူရောင်နှင့် အလှဆင်ကာ အနက်ရောင်နှင့် အနားသတ်သော ခွက်လှလှလေး တစ်လုံးကို ယူသည်။

ပြီးမှ လျှပ်စစ်ဖြင့် တည်ထားသော ရေနွေးအိုးထဲမှ ခလုတ်လေးနှိပ်ကာ ထိုခွက်လေးနှင့်ပင် ရေနွေးယူသည်။

မနက်စာ စားပြီးရင် ကျေးဇူးရှင်လေးက ရေနွေး သောက်တတ်ပုံပဲ။

အခုမှ ဒီအိမ်ကြီးရဲ့ မီးဖိုချောင်နှင့် ထမင်းစားခန်း ပေါင်းစည်းသော ဒီအခန်းကြီးကို သူသေချာကြည့်မိသည်။

အိုးခွက်ပန်းကန်များ ရှုပ်ယှက်ခတ် မရှိသလို နည်းနည်းသာရှိသော ပန်းကန်နှင့် ဇွန်းများမှာလည်း သူ့နေရာနှင့်သူ။

တခြားအိုးများနှင့် ယှဉ်လျှင် နည်းနည်းဟောင်းပုံရသည့် ထမင်းပေါင်းအိုးကတော့ သုံးဖြစ်ပုံပဲ။ အခုလည်း ဆန်ပြုတ်ကို ကိုယ်တော်ချောလေးက ထိုပေါင်းအိုးနဲ့ ပြုတ်ထားခြင်းပါ။

မိုက်ခရိုဝေ့နှင့် Oven ရှိပေမယ့် သိပ်သုံးဖြစ်သည့် ပုံလည်းမပေါ်ချေ။ ကော်ဖီစက်နားမှာတော့ ကော်ဖီစေ့ဘူးလေး တွေ့ရာ တစ်ခါတစ်လေတော့ ကော်ဖီဖျော်သောက်ဟန် ရှိသည်။

4-door ရေခဲသေတ္တာက ကြီးသလောက် အထဲမှာ အစားအသောက်တွေက ရှိရဲ့လားမသိ။ အသစ်အတိုင်း သစ်လွင်နေသည့် အိုးများကို ထောက်ရင် ချက်ပြုတ်မှုနေ့တိုင်း မရှိသည်မှာ သေချာသည်။

မနေ့က သူတို့နှစ်ယောက် စားခဲ့သည့် ညစာကိုလည်း ရိပေါ်က delivery နဲ့ မှာခြင်းဖြစ်ရာ ရိပေါ်ချက်ပြုတ်မှု မလုပ်သည်မှာ သေချာသလောက် ရှိနေသည်။ ချက်ပြုတ်မှု မရှိဘဲ တစ်ယောက်တည်း နေတဲ့သူအတွက် ရေခဲသေတ္တာက အဲဒီလောက် ကြီးနေစရာလိုလို့လား။

Something in the dark ( completed )Where stories live. Discover now