( 42 )

18.4K 2.1K 111
                                    

unicode

သူ့ luggage ထဲမှာ အဝတ်အစားအနည်းငယ်သာ ပါပေမယ့် ရိပေါ်က ဘာတွေရွေးချယ်နေသည်မသိ။ နည်းနည်း အချိန်ကြာသည်ဟု ဆိုရမည်။

ထိုအခါမှ သူလည်းတစ်ခုခု သတိရမိသည်။

" ရိပေါ်  အတွင်းခံသစ်က ဘေးအိတ်ကပ်ထဲမှာ "

သူ့အသိပေးချက်ကို ရိပေါ်က ဖျတ်ခနဲပြုံးပြလေသည်။

ခဏကြာမှ ရိပေါ်က အဝတ်အစားယူပြီး ပြန်ထလာခဲ့သည်။

" အဲဒီတဘတ်ဖြေလိုက် လာ အင်္ကျီဝတ်ရအောင် "

" ငါ့ဘာသာငါဝတ်လို့ရတယ် "

" ဝတ်ပေးမယ် "

ကလေးတစ်ယောက်လည်း မဟုတ်ဘဲနဲ့ သူ ဒီလိုမျိုး ဆက်ဆံခံရတိုင်း နေရခက်ကြောင်း ရိပေါ်သိအောင် ဘယ်လိုရှင်းပြရမလဲ။

" ငါ . . . "

" ရှောင်းကျန့် "

ရှင်းပြဖို့ စကားလုံးတောင် မစရသေး။ သခင်လေးရဲ့ ခေါ်သံက မာသွားရာ သူ့စကားလုံးများက လည်ပင်းမှာတင် ပျောက်ဆုံးကုန်သည်။

" ကျွန်တော့်ကို အားသုံးစေချင်လို့လား "

ခြိမ်းခြောက်စကားသံများက စပြန်ပြီ။ သူ မလိုက်လျောရင်လည်း bath sheet ကို အတင်းအဓမ္မ ဖြေချပြီး အဝတ်ဝတ်ပေးမယ်လို့ ဆိုလိုတာပဲမလား။

ရုန်းရင်းဆန်ခတ်လည်း သူ မဖြစ်ချင်တော့ပါ။ ဒီသခင်လေး သူ့ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလာတိုင်း သူ့ရင်ထဲတစ်နေရာက ဝမ်းနည်းမိသလို ဖြစ်သော ခံစားချက်ကိုလည်း သူခံနိုင်ရည်မရှိတော့။

ရှက်ပေမယ့် bath sheet ကိုသာ ဖြေချပေးလိုက်သည်။

သခင်လေးရဲ့ တင်းမာနေသော မျက်နှာလေးက ချက်ချင်း ပြုံးသွားသည်။ အဲဒီအပြုံးလေးတွေက သူ့ရင်ထဲ တစ်နေရာမှာ စိတ်ချမ်းမြေ့မှု ရစေသလို ဖြစ်လာတာကလည်း သူ့ရဲ့ ထူးခြားသော ခံစားချက်ပဲ။

ရှောင်းကျန့်ကိုယ်ပေါ်  ဒဏ်ရာ ရသည်ကို သူ မနှစ်သက်ပေမယ့် မြင်နေရတဲ့ အမှတ်တံဆိပ် ဒဏ်ရာများကိုတော့ ရိပေါ်စိတ်ထဲကျေနပ်မိသည်။ သူကိုယ်တိုင်လုပ်ပေးထားတဲ့ ဒဏ်ရာတွေပဲမလား။

Something in the dark ( completed )जहाँ कहानियाँ रहती हैं। अभी खोजें