( 45 )

16.4K 2K 118
                                    

unicode

ဆိုးဝါးသော အတိတ်တွေကနေ သူ ဘယ်လောက်ပဲ ရှောင်ပုန်းရှောင်ပုန်းခဲ့။ အတိတ်တွေဟာ သူ့ကိုခင်တွယ်တုန်းပဲ ထင်သည်။ အခုလည်း သူ ဘယ်လိုမှ မမေ့နိုင်သည့် အတိတ်ဟောင်းမှ လူနှစ်ယောက်ကို Jaihui မှာ ဆိုက်ဆိုက်မြိုက်မြိုက် လာတွေ့နေပြန်ပြီ။

အဲဒီနှစ်ယောက်က Hebei ကိုဘယ်လိုရောက်နေကြတာလဲ။ Beidaihe ကို အလည်လာကြတာလား။

" ရိပေါ် "

ဗြုန်းခနဲ ပြောင်းလဲသွားသည့် ရိပေါ်ပုံစံက နားလည်ရခက်တာမို့ ရှောင်းကျန့် တိုးတိုးလေးပြန်ခေါ်မိသည်။

သူ့ကို ရိပေါ်က လှည့်မကြည့်ပေမယ့် ဆွဲကိုင်ထားသော လက်ကိုတော့ ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်သည်။ ပြီးမှ စိတ်လျော့သလိုနှင့် သက်ပြင်းသဲ့သဲ့ချသည်။

" ကျွန်တော် မတွေ့ချင်တဲ့သူတွေ ရှိတယ် "

ဖြေသည့်အသံက တိုးပေမယ့် ထိုအသံမှာ ခက်ထန်မှုနဲ့ တုန်လှုပ်မှု နှစ်ခုစလုံးရောစပ်ကြောင်း သူ သတိထားမိသည်။

ရှော့ပင်းမောမှာ လူတွေကများလွန်းတာမို့ ရိပေါ်မတွေ့ချင်တဲ့သူတွေက ဘယ်သူတွေကို ရည်ညွှန်းပြောမှန်း သူ မမှန်းဆနိူင်ချေ။ ဘေးနား မျက်လုံးဝေ့ကြည့်ပေမယ့် သူတို့နှစ်ယောက်ကို သတိထား ကြည့်နေသူလည်း မရှိ။

သေချာသည်။ ရိပေါ်မတွေ့ချင်တဲ့ သူတွေက ရိပေါ်ဒီမှာရှိမှန်း မရိပ်မိကြသေးဘူးပဲ။

" ပြန်ကြရအောင် ရှောင်းကျန့် "

ပြောရင်း ဆွဲခေါ်လာသည့် ရိပေါ်နောက်ကို သူ ခပ်သုတ်သုတ်သာ လိုက်လာမိသည်။ ရိပေါ်က ကားပါကင်ဘက်ကိုသာ တန်းသွားပေမယ့် သူ စောဒက မတက်ရဲတော့။

yeast ဝယ်ဖို့ လာတာဖြစ်ပေမယ့် အခုချိန်မှာ yeast က အရေးမှမကြီးတော့ဘဲ။

ရိပေါ်မျက်နှာကလည်း တကယ်ခပ်မှိုင်းမှိုင်းသာ ဖြစ်နေသည်။ ဒေါသထွက်နေခြင်းလည်းမဟုတ်။ ဝမ်းနည်းနေခြင်းလည်း မဟုတ်။ စိတ်ဓာတ်ကျနေသော ရုပ်နဲ့သာ ပိုတူသည်။

ရိပေါ်က ကား boot ကိုဖွင့်ပြီး ဝယ်လာသော အိတ်များကို ထည့်သည်။

Something in the dark ( completed )Where stories live. Discover now