( 43 )

17.7K 2.1K 157
                                    

unicode

အစောကြီးနိုးတတ်တဲ့ အကျင့်နဲ့ ကျွမ်းဝင်နေသော ရိပေါ်မှာ ထုံးစံအတိုင်း ရှောင်းကျန့်ထက် အရင်နိုးလာသည်။ ရှောင်းကျန့်ကတော့ သူ့ကိုကျောပေးရင်း အိပ်ပျော်နေလေသည်။

မအိပ်ခင်က သူ့လက်မောင်းပေါ် ရှောင်းကျန့်ကို လဲလျောင်းစေခဲ့ပေမယ့် ဘယ်အချိန်ကတည်းက ထိုအနေအထား ပျက်သွားသည်မသိ။ ​ရှောင်းကျန့်က သက်​သက်​သာ အိပ်​​ပျော်​​နေသည်​။

လှုပ်ရှားမှု မရှိရအောင် အသာထထိုင်ပြီး ရှောင်းကျန့်မျက်နှာကို အပေါ်မှ ကြည့်မိသည်။

အပြစ်ကင်းစင်သော ယုန်လေးက တကယ်အိပ်ပျော်နေခြင်းပင်။ ပါးစပ်လေးတောင် မသိမသာ ဟနေလိုက်သေး။

အိပ်နေတာလေးက ချစ်ဖို့ကောင်းလိုက်တာ။

သူ့စိတ်ထဲ အသည်းယားစွာ ဆိုမိပေမယ့် လက်တွေ့မှာတော့ နည်းနည်းလေးတောင် သွားမထိရဲ။ အိပ်ပျော်နေသော ရှောင်းကျန့်ကို အိပ်ရေးဝဝသာ အိပ်စေချင်သည်။

ရှောင်းကျန့်ကို မနိုးစေချင်ပေမယ့် ကွမ်းယောင်ဆီကို ဖုန်းခေါ်ရန်တော့ ဖုန်းကိုအသာယူရင်း ရေချိုးခန်းထဲ ဝင်လာခဲ့သည်။

" ဘာလဲ မနက်အစောကြီး "

ကွမ်းယောင်သံက တကယ်အိပ်ချင်မူးတူးသံ။

" ငါ ပေါင်မုန့်ဖုတ်ချင်တယ် "

" အဲဒါ မင်းဘာသာဖုတ်လေ ဘာလို့ သူများအိပ်နေတာကို ဖုန်းခေါ်နိုးရတာလဲ "

" နေရာစုံစမ်းပေး bakery ဆိုင် တစ်ဆိုင်လုံး ငှားရလည်းဖြစ်တယ် ဒီနေ့တစ်နေ့အတွက် ဘယ်လောက်ပဲကျကျ ငှားလိုက် "

" ဘာလုပ်မလို့လဲ "

" မင်းနားကန်းနေလား ပေါင်မုန့်ဖုတ်မလို့ပါဆို "

" ဘာလို့ဖုတ်မှာလဲလို့ "

" ငါ ရှောင်းကျန့်ကို ကျွေးချင်တယ် "

ကွမ်းယောင် အသံခဏတိတ်သွားသည်။ ပြီးမှ နည်းနည်းအံ့သြနေသော အသံဖြင့်

" ကြည့်စမ်း မင်းပြောတော့ ဟိုအစ်ကိုကလွဲပြီး ဘယ်သူ့ကိုမှ လုပ်မကျွေးပါဘူးဆို အခု . . . "

Something in the dark ( completed )Where stories live. Discover now