( 48 )

14.7K 2K 203
                                    

unicode

ရိ​ပေါ်ကို ဖုန်း​ခေါ်ချင်​​ပေမယ့် Copenhagen မှာက အိပ်​ချိန်​ဖြစ်​​သော​ကြောင့် သူ လက်​​လျော့လိုက်​​တော့သည်​။ ရိ​ပေါ်အိပ်​​ပျော်​​နေလျှင်​ သူ့ဖုန်း​ခေါ်ဆိုမှု​ကြောင့် အိပ်​​ရေးမပျက်​​စေချင်​မိ။

ဒါ​ပေမယ့် ဘယ်​သူသိနိူင်​မလဲ။ Marriott hotel မှာ ​ကောင်​​လေးတစ်​​ယောက်​က ဖုန်းကိုကိုင်​ပြီး အိပ်​​ပျော်​​နေတယ်​ဆိုတာ။ ဖုန်းဆက်​ထားတဲ့ လူတစ်​​ယောက်​က ဖုန်းပြန်​​ခေါ်ရင်​ ချက်ချင်းနိုးလာ​အောင်​လို့တဲ့။

​ရှောင်းကျန့် အလုပ်​သွားရဦးမည်​ဖြစ်​သဖြင့် မျက်​ရည်​များကို ပြန်​ထိန်းလိုက်​ရသည်​။ ဖုန်းကိုပြန်​ချပြီး ​ရေချိုးခန်းထဲဝင်​ကာ ကိုယ်​လက်​သန့်စင်​လိုက်​သည်​။ ညက အ​ကြောင်းအရာများကို စဉ်းစား​ပေမယ့် ဘာမှထူးမလာခဲ့။

အခုချိန်​မှာ သူဘာဆက်​လုပ်​ရမလဲ တကယ်​မသိ​တော့ခြင်းပင်​။ ဒါ​ပေမယ့် ရင်​ခွင်​​နွေး​နွေး​လေး တစ်​ခုကို​တော့ လွမ်းမိသည်​။ သူ့ကို ​အမြဲတမ်း​နောက်​က​နေ သိုင်းဖက်​လာတတ်​သည့် ရင်​ခွင်​​လေး။

အခုချိန်​မှာ အဲဒီရင်​​ခွင်​​လေးထဲမှာသာ သူ ခိုဝင်​လိုက်​ရလျှင်​ သူခံစား​နေရသည့် ​ဝေဒနာ​တွေက အ​တော်​သင့် ​လျော့ပါးသွားမလားပဲ။ ဒါ​ပေမယ့် ခက်​သည်​က သူ​တောင့်တမိတဲ့ ရင်​ခွင်​​လေးပိုင်​ရှင်​က Copenhagen မှာတဲ့။

နည်းနည်း​ဖောင်းအစ်​ချင်​​နေ​သော မျက်​လုံးများ​ကြောင့် မျက်​ရည်​ထပ်မကျ​အောင်​ ပြန်ထိန်းရသည်​။ မွန်းကျပ်​ကျပ်​​ဝေဒနာနှင့် ဘယ်​သူ့ကိုမှ ဖွင့်မ​ပြောပြနိူင်​သည်​က အဆိုးဝါးဆုံးခံစားချက်​ပဲ။

အလုပ်​သွားရန်​ အားလုံးပြင်​ဆင်​ပြီး ထွက်​လာ​တော့ မားနဲ့ပါးကနိုးနှင့် ​နေ​ပြီ။ သူဘာမှမ​ပြောဘဲ အပြင်​ပဲဆက်​ထွက်​​တော့ မားက မနက်​စာအတူစားရန်​ လှမ်း​ခေါ်လာသည်​။

" ကျန့်ကျန့် ညက ဘယ်​အချိန်​ပြန်​​ရောက်​တာလဲ မား မနက်​စာပြင်​ထားတယ်​ စားသွားလိုက်​​နော်​ "

မားကိုလည်း ထပ်​စ်ိတ်​အ​နှောင့်အယှက်​ မ​ဖြစ်​​စေချင်​သဖြင့် သူ မနက်​စာဝိုင်းမှာ ထိုင်​လိုက်​ရသည်​။ ပါးက​တော့ စကားမဆို​ပေမယ့် ပန်​ကိတ်​ပန်းကန်​ကို သူ့ဘက်​ တွန်း​ပေးရှာသည်​။ ဒါ​ပေမယ့် သူ ယူမစားဖြစ်​ပါ။ လက်​ဖက်​ရည်​ကိုသာ ယူ​သောက်​လိုက်​သည်​။ အခုချိန်​မှာ သူ ဘာမှလည်းစားဝင်​နိူင်​မည်​ မထင်​​တော့။

Something in the dark ( completed )Where stories live. Discover now