( 69 )

15.2K 2.1K 153
                                    

unicode

အနာဂတ်ကို တူတူဖြတ်သန်းမည်ဟု ရည်ရွယ်ထားတဲ့ ချစ်သူအား နှုတ်ဆက်လမ်းခွဲရခြင်းဟာ ဘဝမှာ အနာကျင်ရဆုံး အခန်းကဏ္ဍထဲက တစ်ခုပါပဲ။ အဲဒီကဏ္ဍနဲ့အတူ သူ့ရဲ့ပျော်ရွှင်မှုသည်လည်း တစ်ဖန်ပျောက်ကွယ်ရသည်။

ပျော်ရွှင်မှုကို ပျောက်သည့်နေရာတွင် ပြန်ရှာဖွေပါဟု ဆိုကြပေမယ့် သူကတော့ အားလုံးကို ပြည်ဖုံးကားချလိုက်ချင်မိပြီ။ တစ်ခုခုလုပ်ဖို့ မတွန့်ဆုတ်ခဲ့သည့်သူက တစ်ခုခုလုပ်ပြီးလည်း နောက်ပြန်မလှည့်ချင်သူ။

ရှောင်းကျန့်ကိုလွမ်းတာလား ပျော်ရွှင်ခဲ့ဖူးတဲ့သူ့ကိုယ်သူ ပြန်လွမ်းတာလား မသဲကွဲတဲ့အတွေးများထဲမှာ အထီးကျန်ခဲ့တာတော့ သေချာသည်။

ကွမ်းယောင်ကတော့ သူ့အခြေအနေကို ကြည့်ပြီး နဂိုစွပ်စွဲနေတဲ့အတိုင်း စွပ်စွဲလေရဲ့။

" ဝမ်ရိပေါ်  . . မင်းကအခုထိ ကိုယ့်ကို ဘာဖြစ်ချင်တာလဲ ဆိုတာ မသိဘူး နာကျင်ရမှာကို အမြဲကြောက်ပြီး ပိုနာကျင်အောင် လုပ်နေတာကျမသိဘူး . . မင်းကိုယ်မင်း တစ်ယောက်တည်းအဆင်ပြေတယ် ဆိုပြီးပဲ အမြဲဖိအားပေးနေချင်တယ် "

အပြင်ပန်းကြည့်ရင်တော့ ဒီလိုမြင်ကောင်းမြင်မှာပဲလေ။ သူကတော့ တစ်ယောက်တည်းမနေတော့ဘူးဟု ဆုံးဖြတ်မိသည့် အချိန်ကစပြီး အကြိမ်ကြိမ်ပင်ပန်းပြီးခဲ့ပြီ။ ရှောင်းကျန့် သူ့ဆီက ထွက်သွားဖို့စဉ်းစားခဲ့တိုင်းလည်း အကြိမ်ကြိမ် ကြေကွဲပြီးခဲ့ပြီ။

သူ့အတွက် လက်လွှတ်ပေးရတာက ဝမ်းနည်းရပေမယ့်  ဖမ်းဆုပ်ဖို့ကြိုးစားရတာက ပိုနာကျင်ရသည့်အခါ လက်လွှတ်တာကိုပဲ ရွေးချယ်ချင်တော့သည်။ ဝမ်းနည်းခြင်းဆိုတာ အချိန်တစ်ခု ကျော်လွန်တဲ့အခါ အသားကျသွားမယ့် ဝေဒနာမျိုးပဲမလား။ ဒါပေမယ့် ဖမ်းဆုပ်ထားပြီး မကြာခဏနာကျင် ရတာမျိုးကျတော့ သူ့ဘဝသူ လွတ်မြောက်ချင်တဲ့အထိ မွန်းကျပ်စေသည်။ သူ နောက်ထပ် မခံစားနိူင်တော့ပါ။

" ငါငယ်ငယ်တုန်းက မားလုဟွာက ငါ့ကိုအရင်လို မဆက်ဆံတော့တာ သိပြီးနောက်ပိုင်း တစ်ယောက်တည်း ထွက်သွားချင်ခဲ့ဖူးတယ် . . ဒါပေမယ့် မားလုဟွာ တစ်နေ့ပြန်ချစ်လာမလား စိတ်နဲ့ တွယ်ကပ်နေခဲ့တယ် တစ်ယောက်တည်း ထွက်မသွားနိူင်ခဲ့ဘူး

Something in the dark ( completed )Where stories live. Discover now