( 38 )

17.3K 1.9K 109
                                    

unicode

ကျိုးချန်စကားကို သူ ဆက်မငြင်းတော့ဘဲ လျန်ဖုန်းကို လိုက်မည်ဟု လက်ခံလိုက်ရသည်။

" အေး လိုက်မယ်ကွာ "

" လျန်ဖုန်းမှာ ငါ့ကို ဓာတ်ပုံလှလှတွေ ရိုက်ပေး မင်းက ဓာတ်ပုံရိုက်တာ တော်တယ် "

ကြည့်စမ်း။ လက်စသတ်တော့ ကျိုးချန်က သင့်မြတ်ချင်တာမဟုတ်ဘဲ ကင်မရာမန်း လုပ်ပေးဖို့ ခေါ်နေတာလား။

" မင်းငါ့ကို အတင်းလာခေါ်တာ မင်းဓာတ်ပုံ ရိုက်ပေးစေချင်လို့လား "

" မဟုတ်ဘူး ရှောင်းကျန့် မင်းနဲ့ပြန်တည့်ချင်လို့ လာခေါ်တာ မနက် ၁၀ နာရီခွဲမှာ အတူထွက်မယ်တဲ့ ကားပေါ်မှာ တွေ့မယ် "

ပြောပြီးတာနဲ့ ကျိုးချန်က အခန်းထဲက ထွက်တော့သည်။

" ခဏနေဦး အတူသွားမယ်လေ "

သူ ကပျာကယာ လိုက်တားသည်ကို ကျိုးချန်က နားမထောင်ခဲ့။

" ငါ ပြင်ဆင်စရာတွေ ရှိသေးတယ် "

ပြောပြီးသည်နှင့် ထွက်သွားတော့သည်။ ကျိုးချန်ထွက်သွားမှ ရိပေါ်က အနား လာရပ်သည်။

" ပေကျင်းကို ပြန်မယ်လို့ တကယ်စဉ်းစားနေတာလား "

မေးသံက အေးဆေးပေမယ့် အေးစိမ့်သော အရိပ်အငွေ့များက အပြည့်။ ရိပေါ်ကို လှည့်ကြည့်မိတော့ မျက်နှာက လုံးဝအပြုံးရိပ် ပျောက်နေလေသည်။

ကျိုးချန်အကူအညီနဲ့ အခန်းထဲက ထွက်နိူင်လိမ့်မည်ဟု သူ ထင်မှတ်မိတာ မှားတာပဲ။ အခုက ပိုတောင်ဆိုးတော့မည့် အခြေအနေပါလား။

" ငါ လျန်ဖုန်း လိုက်မယ်လို့ ပြောလိုက်ပြီလေ "

" လှည့်ပတ်မဖြေနဲ့ မေးတာဖြေ ပေကျင်းကို ပြန်မယ်လို့ စဉ်းစားနေတာလား "

" မဟုတ်ဘူး ကျိုးချန်ကို အမြင်ကတ်လို့ ပြောတာ "

သူ လိမ်မပြောလည်း အခြေအနေက ပိုဆိုးကုန်လိမ့်မည်။

သူ့ရဲ့အလိမ်အညာ စကားကို သခင်လေးက ယုံကြည်သွား၍ တော်သေးသည်။ အေးစက်စွာ တည်နေသော မျက်နှာလေးက ပြန်ပြုံးယောင် သမ်းသွားသည်။

Something in the dark ( completed )Where stories live. Discover now