( 34 )

16.4K 2K 128
                                    

unicode

ပုစွန်ဆီသမ်း ရောင်စဉ်ကို နောက်ခံထားပြီး ဆံပင်တိုလေးများ လွှင့်ရင်း ရပ်နေသည့်ကောင်လေးက တကယ် ငေးကြည့်ချင်စရာ ကောင်းအောင် လှပလွန်းသည်။ သူ့ကိုစိုက်ကြည့်နေသော ကောင်လေးရဲ့ မျက်ဝန်းများက ပြုံးယောင်သမ်းနေပေမယ့် နှုတ်ကတော့ စကားတစ်ခွန်းမှ မဆိုချေ။

ထိုအကြည့်များကို အမြဲတမ်း နေရခက်ခဲ့သည့်သူက အခုလည်း ခံနိုင်ရည် မရှိတော့။

" ဘယ်အချိန်က ရောက်တာလဲ "

နတ်ဆိုးလေးကို မြင်လျှင် ချက်ချင်းထွက်ပြေးမည်ဟု ဆုံးဖြတ်ဖူးခဲ့သည့် သူက အခုတော့ နှုတ်ဆက်စကားကို ပထမဆုံး စဆိုလိုက်ပြီပဲ။

ရိပေါ်က နာရီကို ငုံ့ကြည့်ပြီး

" ရောက်တာ တစ်နာရီ နှစ်ဆယ့်တစ်မိနစ် ရှိပြီ ပထမဆုံး မိနစ် ၂၀ က ကားပါကင်ထိုးပြီး hotel check in လုပ်တယ် ကွမ်းယောင်ကို ဖုန်းဆက်တာ ၅ မိနစ်ကြာတယ် ကျန်မိနစ်တွေက ခင်ဗျားကို ရှာရင်း ကုန်ဆုံးခဲ့တာ "

စကားအဆုံးမှာ တဖြည်းဖြည်းပြုံးရယ် သွားသော ပုံရိပ်လေးကြောင့် မဆီမဆိုင် ကင်မရာကို ပိုညှစ်ကိုင်ပြီး သူ အကြည့်လွှဲလိုက်ရသည်။

သူ့ကိုရှာနေခဲ့သည်ဆိုသည့် စကားကြောင့်လည်း သူ့ရင်ထဲမှာ နာမည်မဆိုတတ်သော ခံစားချက်က တသိမ့်သိမ့်။

ဒါပေမယ့် နတ်ဆိုးလေးရဲ့ ထိုအပြုံးတွေဟာ လှပသလောက် အန္တရာယ်အငွေ့သက်တွေလည်း ရမိပြန်ပြီ။

" ငါ ဟိုတယ် ပြန်တော့မယ် "

ပြောသာပြောလိုက်တာ။ သူ့ခြေထောက်များက ထိုနေရာမှာပင် အနည်းငယ်မျှ မရွေ့ဘဲ ရပ်နေတုန်း။

" နေမကောင်းဘူးဆို သက်သာသွားပြီလား "

" ငါ နေမကောင်းတာ ဘယ်လို သိတာလဲ "

ရိပေါ်က လျှို့ဝှက်စွာပြုံးပြီး outdoor chaise lounge တွင်ဝင်ထိုင်သည်။

" ဒီနားလာထိုင် "

နေရာလွတ်ကို လက်ပုတ်ပြပြီး ခေါ်သည့် သခင်လေးစကားကို သူ ခေါင်းခါပြလိုက်သည်။

Something in the dark ( completed )Where stories live. Discover now