( 20 )

27.9K 2K 367
                                    

unicode

ကျင်းကွမ်းယောင် ဖုန်းဆက်ပြောကတည်းက သူ့မှာ sicily ရဲ့ လန်ပန်ဒူဆာကိုလည်းမသွား ချင်တော့။ Mount Etna ကြီးရဲ့ အလှကိုလည်း မမြင်နိူင်တော့။ ကွမ်းယောင် ပြောခဲ့သည့် မင်းသဘောကျနေတယ်လို့ ရှောင်းကျန့်ကို ပြောလိုက်တယ် ဆိုသော စကားသာ နားထဲ တဝဲလည်လည် ဖြစ်နေရှာသည်။

ကျေနပ်စရာကောင်းတာက ရှောင်းကျန့်က သူ့ကို သဘောမကျဘူးလို့ ပြန်မငြင်းလိုက်ဘူးတဲ့။ အဲဒီစကားကြောင့် သူ့ရင်ထဲမှာ King Kong ကြီး ခုန်ပေါက်နေတော့သည်။

# မင်း ယီးတီးယားတားတွေ သိပ်ပြောမနေနဲ့နော် ကွမ်းယောင် ငါ အီတလီကပြန်လာရင် ဖနောင့်နဲ့လာပေါက်မှာ #

အပြင်မှာ မကြိုက်သလိုလို ဘာလိုလိုနှင့် အိန္ဒြေထိန်းနေပေမယ့် အတွင်းစိတ်မှာတော့ ဆီစလီကို မလာကတည်းက ကြိုမပြောဘူး ခွေးကောင်ဟုသာ ကွမ်းယောင်ကို ဆဲလျက်ရှိသည်။

ခြောက်ရက်ကျင်းပမည် ဖြစ်သည့် ဂိမ်းပြိုင်ပွဲအပြီးထိနေမည်ဟု ရည်ရွယ်ပေမယ့် သုံးရက်မြောက်ကတည်းက ကွမ်းယောင်က ထိုသို့ဆိုလာရာ သူ့မှာ လေးရက်မြောက်ထိတောင် မနေချင်တော့။ သူ့ကိုသဘောမကျဟု မငြင်းဘူးဆိုသည့် ရှောင်းကျန့်ကိုသာ ပြေးတွေ့ချင်မိသည်။

သဘောမကျဘူးလို့ မငြင်းဘူးဆိုတော့ သဘောကျနေတယ်လို့ ဆိုလိုတာမလား။ သဘောကျနေတာဆိုရင် ရှောင်းကျန့်က သူ့ကိုချစ်နေတာမလား။

အတွေးနဲ့ပင် သူ့ရင်ထဲ တသိမ့်သိမ့်။

CEO ကို အကျိုးအကြောင်း တိုက်ရိုက်ပြောနိုင်အောင် လိုက်ခဲ့ပါဟု ခေါ်တုန်းက မလိုက်ဘူးဟု ငြင်းသည့် အတွင်းရေးမှူးက ဂိမ်းစမည့်နေ့မှာမှ ဆိုင်းမဆင့် ဗုံမဆင့် ရောက်ရှိလာ။ ရောက်လက်စနဲ့ နောက်ဆုံးဆုပေးသည်အထိ CEO ကိုယ်စား နေပေးပါဆိုလည်း လေးရက်မြောက်ကတည်းက ထပြန်သွားသဖြင့် Warriors မှ တာဝန်ရှိ ပုဂ္ဂိုလ်များမှာ အမြီးပြတ်ခွေး ဖင်လောက်ကိုက်နေတယ် ဟုသာ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ကြတော့သည်။

ရိပေါ်မှာလည်း မလိုက်ဘူးဟု ငြင်းပြီးမှ သူ့ဂိမ်းကို လူအများဘယ်လောက်ထိ စိတ်ဝင်တစား ဖြစ်ကြသလဲဆိုတာ ကိုယ်တိုင်မြင်ချင်၍ ပြန်လိုက်လာခြင်း ဖြစ်သည်။

Something in the dark ( completed )Where stories live. Discover now