( 61 )

13.9K 2.2K 130
                                    

unicode

အလုပ်ဆင်းချိန်ဆိုပေမယ့် ကုမ္ပဏီမှာ လူများက ရှိတုန်းပါပဲ။

" မင်းကိုသူဌေးတစ်ယောက်က မွေးစားလိုက်တာလား "

Warriors Wang ဟာ self-made millionaire တစ်​​ယောက်​ဖြစ်​​ကြောင်း ဘယ်​​လောက်​ပဲ ​ဖော်​ပြထားထား ရိ​ပေါ်ရဲ့​မွေးစားအ​မေက ရိ​ပေါ်ရဲ့ကိုယ်​စွမ်းကိုယ်​စကို မယုံကြည်​နိူင်​ဘူး ထင်​ပါရဲ့။

ထိုမိန်းမရဲ့အမေးကို ရိပေါ်မဖြေပါ။ ရုံးခန်းသို့သွားရန်သာ ဓာတ်လှေကားနှိပ်နေခဲ့သည်။
သူကတော့ နှစ်ယောက်ကြားမှာ ဘာလုပ်ရမှန်း မသိပေမယ့် ရိပေါ်နဲ့ တူတူနေပေးဖို့တော့ ဆုံးဖြတ်မိသည်။ 

ဆယ့်ငါးနှစ်အရွယ်ကောင်လေးကတော့ သူနဲ့မျက်လုံးချင်းဆုံသည်နှင့် ပြုံးပြသည်။ သူတစ်ပါး ပြုံးပြလျှင် မျက်နှာမတည်နိူင်သော သူက ထိုကောင်လေးကိုလည်း ပြန်ပြုံးပြဖြစ်သည်။ ရိပေါ်ကတော့ ထိုအခြေအနေကို မြင်လိုက်ပုံမရပါ။

" တွေ့ခွင့်က လုံးဝတောင်းလို့ မရလို့ ကားပါကင်မှာပဲ လာစောင့်နေတာ ငါးရက်လောက်ရှိပြီ ဒီနေ့မှပဲ တွေ့ရတော့တယ် "

ရိပေါ်က ဘာမှမတုံ့ပြန်ဘဲ ပွင့်လာသောဓာတ်လှေကားထဲကိုသာ ဝင်သွားသည်။ ရိပေါ်နောက်က သူပါ လိုက်ဝင်တော့ ထိုမိန်းမရဲ့ အကြည့်က သူ့ဆီရောက်လာပြီး မဆိုစလောက်ပြုံးပြသည်။

အပြုံးတောင်မှ ကပ်စေးနှဲတဲ့သူပဲ။

ရှောင်းကျန့်လည်း နှုတ်ခမ်းတွန့်ရုံလောက်သာ ပြန်တုံ့ပြန်လိုက်သည်။

" Warriors ရဲ့ CEO ပုံဆိုပြီး media တွေရော အသုံးပြုသူတွေရော ရသမျှ ပုံတွေစုတင်ကြတော့ ပုံတွေတက်လာတယ် အဲဒီနေ့က search မှာ trending ဖြစ်လာတော့ မင်းအဖေ အရင်တွေ့တာ သူပဲ အရင်မှတ်မိတာ ပုံတွေအရင်တွေ့လိုက်လို့ တော်သေးတယ် အခု ပြန်ရှာကြည့်တော့ ပုံတွေက တော်တော်နည်းသွားပြီ ဖျက်ချခံရတာ ထင်တယ် တမင်ဖျက်ချခိုင်းလိုက်တာလား "

" ကြည့်မကောင်းလို့ ပြန်ဖျက်ချခိုင်းလိုက်တာ နောက်ပိုင်း ကြည့်ကောင်းတဲ့ပုံတွေ ပြန်တက်လာလိမ့်မယ် "

Something in the dark ( completed )Tempat cerita menjadi hidup. Temukan sekarang