( 68 )

14.7K 2.2K 254
                                    

unicode

မြေပြင်များသာမက အပင်များပါ ဖြူဖွေးနေသော မြင်ကွင်းက သူနဲ့ရင်းနှီးလွန်းလှသည်။ ဒါပေမယ့် ဘယ်နေရာမှန်းတော့ ရုတ်တရက် အဖြေမထုတ်နိူင်။ မညီညာသော မြေမျက်နှာပြင်တွေကို ကြည့်ခြင်းအားဖြင့် ဒါတောင်ထိပ်တစ်ခုပဲဆိုတာ သေချာသည်။

ကျိလင်းဒေသက ချန်ပိုင်တောင်ထိပ်ကို ရောက်နေတာလား။

ခြေတစ်လှမ်းလှမ်းလိုက်တိုင်း နစ်ဝင်သွားတဲ့ နှင်းထုအနက်ကိုကြည့်ပြီး နှင်းတွေများလိုက်တာဟု ညည်းမိသည်။ ဖြူဖွေးနေသော အပင်များနှင့် ထူလွန်းသောနှင်းများကို ကြည့်ရင်း သူ့စဉ်းစားဉာဏ်က ပြန်လင်းလက်လာသည်။

ဒါ hakkoda တောင်ပဲ။ Aomori ကို ဆောင်းရာသီကာလ သွားခဲ့တုန်းက ဒီနှင်းများဖုံးလွှမ်းနေတဲ့ ဟက်ကိုးဒါးဟာ သူ့အတွက် တကယ်အမှတ်တရ ဖြစ်ခဲ့သည့်မြင်ကွင်း။

အာအိုမိုရီကို သူဘယ်လိုရောက်နေတာလဲ။ ဟက်ကိုးဒါးမှာ ဘာလာလုပ်မိတာလဲ။

သူ့ဘေးနားမှာလည်း ဘယ်သူမှမရှိဘဲ ပတ်ဝန်းကျင်တစ်ခုလုံး လေတိုးသံမှအပ တခြားအသံမကြားရ။

လူတွေဘယ်ရောက်သွားကြတာလဲ။ သူတစ်ယောက်တည်း ဘာလို့ကျန်ခဲ့တာလဲ။

" ရိပေါ်  မြန်မြန်လာ "

ခေါ်သံကြောင့် အရှေ့ကိုမျှော်ကြည့်မှ သူ့ရှေ့ ခပ်လှမ်းလှမ်းမှာ ရပ်နေသော ကျန့်ကော။

သူတစ်ယောက်တည်း မဟုတ်ဘူးပဲ။ ကျန့်ကောရှိတယ်။

အတွေးနဲ့ပင် သူ့နှလုံးသားက လှစ်ခနဲလှိုက်မော ပျော်ရွှင်ရသည်။ သူ့ကိုရပ်စောင့်နေသော ရှောင်းကျန့်နားရောက်ဖို့ ခြေလှမ်းများကို သွက်သွက် လှမ်းမိသည်။ သွက်သွက်လှမ်းနေသော ခြေလှမ်းများကနေ ခပ်မြန်မြန်ပြေးသော ခြေလှမ်းများအဖြစ် ပြောင်းလဲသွားသည်။

ကျန့်ကောနားကို အမြန်ရောက်ချင်ပြီး လက်လေးများကို ဆုပ်ကိုင်ချင်မိပြီ။

" အ "

သတိမထားမိခင်မှာပဲ ပြေးနေသောခြေလှမ်းများက ခေါက်လဲကျသွားသည်။ ရှောင်းကျန့် သူ့ကိုလာထူလေမလား မော့ကြည့်မိပေမယ့် ရှောင်းကျန့်က ရပ်မြဲတိုင်းရပ်နေသည်။

Something in the dark ( completed )Donde viven las historias. Descúbrelo ahora