( 53 )

18.6K 2.3K 358
                                    

unicode

propose လုပ်သည့်အခါ ပုံမှန်အတိုင်းဆို ရယ်သံများ စကားပြောသံများ လွှင့်ပျံနေလောက်ပေမယ့် အခု propose ကတော့ နည်းနည်းထူးဆန်းသည်။ ရယ်သံများအစား သက်ပြင်းချသံများသာ နေရာယူလျက်။

သူ့ဘယ်ဘက်ပခုံးပေါ်  ဆုပ်ကိုင်ထားသည့် ရိပေါ်လက်ကို သူ ပြန်ဆုပ်ကိုင်လိုက်တော့ ရိပေါ်ရဲ့ ဆတ်ခနဲ လှုပ်ရှားမှုဖြစ်သွားသည်ကို ခံစားမိသည်။

" ငါ တောင်းပန်ပါတယ် ရိပေါ်  "

ထိုစကားမှလွဲ၍ သူ မဆိုတတ်တော့ချေ။

" ခင်ဗျားကို ကျွန်တော် တောင်းပန်ခိုင်းနေတာ မဟုတ်ဘူး မေးနေတာ အဖြေကလွဲပြီး ဘာအပိုစကားမှ မပြောနဲ့ "

ရိပေါ်ရဲ့အသံက ဒေါသသံသို့ ဦးတည်သွားလေပြီ။ သူ့လက်ကိုလည်း ခါချကာ ပခုံးကိုပိုညှစ်ကိုင်ရာ နာကျင်မှုအဆင့်သို့ရောက်သွားသည်။

" အ . . . နာတယ် ရိပေါ်  "

" ထပ်မဖြေရင် ဒီထက်ပိုနာလာမယ် အခု ဖြေစမ်း အဲဒီမိန်းကလေးကို ဘာလို့လက်ထပ်ချင်ရတာလဲ လက်ထပ်ပွဲဖျက်မှာကို ဘာလို့သဘောမတူတာလဲ "

" ငါ မဖြေချင်ဘူး "

စကားဆုံးသည်နှင့် သူ့ကိုယ်ပေါ်မှ ရိပေါ်လက်ကရုတ်သွားပြီး တစ်ဆက်တည်းမှာပဲ သူ့ကိုယ်က ချိုင်းကနေမပြီး ထရပ်ခြင်းကို ခံလိုက်ရသည်။

သခင်လေးရဲ့ လှုပ်ရှားမှုတွေကို သူ မဆန့်ကျင်နိူင်တာထက် အခုချိန်မှာ မဆန့်ကျင်ချင်တော့တာ။ သခင်လေး ဘာပဲလုပ်လုပ် ခံလိုက်မည်ဟု ဆုံးဖြတ်မိသည်။ ဒါဟာ သခင်လေးကို ချစ်တယ်ဟု ပြန်မပြောနိူင်သောကြောင့် သူ့ကိုယ်သူ အပြစ်ရှိသူတစ်ယောက်လို ခံစားမိသောကြောင့် ဖြစ်လိမ့်မည်။

ရပ်လာသောသူ့ကို ရိပေါ်တစ်ခုခုလုပ်တော့မည်ဟု မျှော်လင့်မိပေမယ့် ရိပေါ်က ဘာမှတော့မလုပ်။ သူ့ပခုံးနှစ်ဘက်ကို ဆုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်စေသည်။ ပြီးမှ အကြည့်ချင်းဆုံစေသည်။

" ကျွန်တော့်ကိုသဘောကျလား "

ရိပေါ်မျက်နှာကို ဒီလိုအနီးကပ်မြင်ရတော့လည်း သူ တစ်ခါလောက် မိုက်ရူးရဲဆန်ကြည့်ချင်လာသည်။ လူ့ဘောင်အဖွဲ့အစည်း စည်းကမ်းများကို နားမလည်သော မလိုက်နာသော ဒီနတ်ဆိုးလေး အကာကွယ်နှင့် သူလည်း ဒီစည်းထဲက လွတ်မြောက်ကြည့်ချင်သည်။

Something in the dark ( completed )Where stories live. Discover now