( 60 )

16.2K 2.2K 99
                                    

unicode

မနက်နိုးကျလာသောအခါ သူ့ခါးပေါ်တွင် ရိပေါ်ရဲ့လက်များက နောက်မှနေ၍ဖက်လျက်သား။

ရိပေါ်  အိပ်နေတုန်းပဲ။

သူစောစောထပြီး မနက်စာပြင်ထားသင့်လား။

အတွေးနဲ့ပင် သူထရန် လုပ်လိုက်သည်။

" ထတော့မှာလား ကော "

မေးသံကြည်ကြည်လေးကြောင့် သူနောက်လှည့်ကြည့်မှ ရိပေါ်က နိုးနှင့်နေလေပြီ။

" အိပ်နေတာ မဟုတ်ဘူးလား "

" နိုးနေတာကြာပြီ ကောအိပ်နေသေးလို့ အတူထချင်လို့ စောင့်နေတာ "

ရိပေါ်ကပြောရင်း သူနဲ့အတူ ထထိုင်လာသည်။

" မနေ့ညကဖြစ်တာ အဆင်ပြေရဲ့လား "

" အဆင်ပြေပါတယ် "

" တောင်းပန်ပါတယ် "

တိုးဖျော့သော တောင်းပန်သံလေးက ဘာအတွက်ရည်ရွယ်​မှန်း မသိ​ပေမယ့် သူပထမဆုံးကြားဖူးတဲ့ ရိ​ပေါ်ရဲ့​တောင်းပန်​စကားပါပဲ။

ရိ​ပေါ်ဟာ ​ကျေးဇူးတင်​ပါတယ်​ ချစ်​တယ်​ ​တောင်းပန်​ပါတယ်​ ဆိုတဲ့စကားသုံးခွန်းကို မ​ပြောတတ်​ဘူးဟု ထင်​ထားမိခဲ့​ပေမယ့် အခု​ပြောတတ်​လာ​တော့လည်း ဆက်​တိုက်​ပါပဲလား။

" ​တောင်းပန်​တာက ဘာအတွက်​လဲ "

" ​ကောရဲ့ပထမဆုံးအကြိမ်​ကို မတရားသိမ်းပိုက်​ခဲ့မိတယ်​လို့ ခံစားလာရလို့ ​. . . "

" ​တောင်းပန်​တာ မ​စောလွန်းဘူးလား "

သူ့ရဲ့စ​နောက်​သံကို ရိ​ပေါ်ကပြုံးသည်​။ ပြီးမှ ခပ်​စွာစွာသံ​လေးနဲ့ ဆက်​​ပြောတာ​ကြောင့် သူစ​နောက်​မိသည်​ကိုပင်​ ​ရှောင်းကျန့်​နောင်​တ ပြန်​ရချင်​သွားသည်​။

" ခင်​ဗျားက ကျွန်​​တော့်ကိုကူညီ​ပေးခဲ့တဲ့ ​ကောဖြစ်​လို့ ​တောင်းပန်​တာ ​ကောကူညီ​ပေးခဲ့ဖူးတာကို မသိဘဲ ကျွန်​​တော်​က​တော့ အမှားလုပ်​ခဲ့မိတယ်​လို့ ခံစားရတယ်​ ခင်​ဗျားက ဒီအတိုင်း​ရှောင်းကျန့်ပဲ ဆိုရင်​​တော့ ​ဘယ်​​တော့မှမ​တောင်းပန်​ဘူး ပထမဆုံးအနမ်းအတွက်​ ပထမဆုံးအကြိမ်​ပဲ "

Something in the dark ( completed )Where stories live. Discover now