( 13 )

21.3K 2.1K 123
                                    

unicode

အပေါ်ထပ်ကို တက်လာတုန်းက ပျော့တိပျော့ဖတ် နိုင်ခဲ့သောသူ့ ခြေလှမ်းများက အခုတော့လည်း တက်ကြွလွန်းနေပြန်သည်။ အိမ်ပြန်ရတော့မှာကို။ ဒီအိမ်ထဲမှာ တစ်နေ့တည်းသာ သူရှိခဲ့တာဆိုပေမယ့် သူ့အတွက် တစ်နှစ်မက ပိုကြာခဲ့သလို။

အခုတော့ ပြီးပြီ။ ဒီနတ်ဘီလူးအိမ်ကို တစ်သက်လုံး ခြေဦးမလှည့်ဘူး။

" ဖြည်းဖြည်းလျှောက်စမ်း "

သူ့နောက်မှ သခင်လေးရဲ့အော်သံက အလိုမကျသံ အပြည့်။ သခင်လေးကတော့ နောက်ဆုံးအချိန်ထိ အမိန့်ပေးချင်ပုံ ရသေးသည်။

ပေးလိုက်စမ်းပါ။ ငါမရှိရင် မင်း ဒီအိမ်က ဖုန်တွေကိုပဲ အမိန့်ပေးပြီးနေတော့။ အမိန့်ပေးမရလည်း ကောက်စားပေါ့။

သခင်လေးအလိုကျ နည်းနည်းတက်ကြွနေသော သူ့ခြေလှမ်းများကို အရှိန်သတ်ပေးလိုက် ရသည်။ အမိန့်လိုက်မနာ၍ အိမ်ပြန်ပို့မှာကို ရွှေ့ဆိုင်းလျှင် ခက်လိမ့်မည်။

မနေ့က ပေးထားမိခဲ့သော ဒဏ်ရာပိုဆိုးမှာ စိုးသဖြင့် သူ့စိတ်တွေ ဒီလောက်ထိန်းချုပ်ခဲ့ ရတာကို။ အရှေ့က လူသားလေးက အိမ်ပြန်ရမည်ဆိုသည်နှင့် မြောက်ကြွ မြောက်ကြွ လျှောက်နေပြန်ပြီ။ အိမ်ဆိုသောစကားကြောင့် ထိုလူသားလေးရဲ့ နာကျင်မှုများတောင် ပျောက်သွားခဲ့တာလား။

ရှောင်းကျန့် အောက်ထပ်ကိုရောက်မှ သူ့နောက်က သခင်လေးကို ခဏတာ ရပ်စောင့်သည်။ အိမ်ထွက်ပေါက် တံခါးမကြီးကို ကြည့်ပြီး သူ့မှာ အချုပ်ထဲက လွတ်တော့မည့် ယုန်လေးတစ်ကောင်နှယ်။

" ကျွီ "

ခမ်းနားသော အလှဆင်မှုများဖြင့် ထည်ဝါနေသည့် တံခါးမကြီးကို သခင်လေးက တွန်းဖွင့်လိုက်သောအခါ သူ ရေး ဟုတောင် အော်လိုက်ချင်မိသည်။

" ထွက် "

ထွက်မှာ ထွက်မှာ စိတ်ချ။

auto lock ကျသော တံခါးကို အထူးတလည် ပြန်ပိတ်နေစရာ မလိုဘဲ သခင်လေးက စေ့ရုံသာ ပြန်စေ့လိုက်သည်။ ပြီးမှ အိမ်ဘေးရှိ ကားဂိုဒေါင်ရှိရာသို့ သူ့ကို ခေါ်လာခဲ့သည်။

Something in the dark ( completed )Where stories live. Discover now