( 14 )

20.7K 2K 80
                                    

unicode

ကွန်ဒိုထဲ ဝင်လာပြီး အမြဲပြုံးပြနေကျ လုံခြုံရေးကိုတော့ ရှောင်းကျန့် ပြုံးပြဖြစ်သည်။ မနက်စောစော အပြင်မှ ပြန်လာသော သူ့ကို လုံခြုံရေးကတော့ အံ့သြပုံမရ။ လူပျိုလေးက တစ်ညတစ်လေ night out ထွက်မှာပဲ ဟု တွေးထားပုံရသည်။

" ဒီနေ့ ညဂျုတီမလား လျှိုဦးလေး "

" အင်း ညဂျုတီပဲ လဲမယ့်သူ မလာသေးလို့ ခဏစောင့်ပေးနေတာ "

" တာဝန်ကျေလိုက်ပါဦး "

" ကျန့်ကျန့် အသစ်တွေ့လာတာလား အနံ့လေးက မွှေးသားပဲ "

ဦးလေးလျှိုမျက်နှာက သူ့ကိုကြည့်ရင်း ပြုံးစစဖြစ်နေလေသည်။ ဦးလေးလျှိုပြောမှ သူ့အင်္ကျီမှ ထွက်သော ရနံ့ကတော်တော် စူးရှနေမှန်း သိလိုက်သည်။ သခင်လေးရဲ့ ကိုယ်ပိုင်ရနံ့က လူတိုင်းကို ဆွဲဆောင်နိူင်ပုံပဲ။

" မဟုတ်ပါဘူး "

သူရယ်ပြရင်း ငြင်း၍သာ ဓာတ်လှေကားထဲ ဝင်လာခဲ့တော့သည်။ ကြာကြာနေလျှင်လည်း ဦးလေးလျှိုက စပ်စုနေဦးမည်။ သူရွေးနေကျ ၇ ဂဏန်းလေးကိုသာ တီ ခနဲ နှိပ်လိုက်သည်။

သူ့အခန်းတံခါးကို passcode ဖွင့်ပြီး ဝင်လိုက်ချိန်မှာတော့ အမေ့ရဲ့ နှုတ်ဆက်စကားကြောင့် သူ့ရင်ထဲ ထိတ်ခနဲ။ ဆိုင်ဖွင့်ရန် မနက်အစောကြီး သွားတတ်သော အဖေကတော့ အိမ်မှာမရှိတော့ပါ။

" ဟေ့ ကျန့်လေး နင့်နှုတ်ခမ်းတွေ ဘာဖြစ်လာတာလဲ "

ဟုတ်သားပဲ။ ပြန်ခါနီး သခင်လေးလက်ဆောင် ပေးလိုက်တာတွေ။

အဲဒါကြောင့် ဦးလေးလျှိုက ပြုံးစစနဲ့ ကြည့်နေခဲ့တာလား။ ရှက်လိုက်တာ။

" ခွေးကိုက်လွှတ်လိုက်တာ "

" ဟယ် တကယ်လား နင့်နှုတ်ခမ်းတက်ကိုက် ရအောင် နင်က ခွေးရှေ့ လေးဘက် သွားထောက်နေတာလား ဆေးသွားထိုးရတော့မယ် "

ရိုးသားသည့် အမေကတော့ သူ့စကားကို အတည်ယူနေပြန်ပြီ။ ခက်တာပဲ။

" ခွေးက မတ်တပ်ရပ်ကိုက်တာ "

" ဟောတော့ နင့်အရပ်ကြီး ခွေးမီတယ်ပေါ့ နင့်ဖင်တောင် ခွေးမမီဘဲနဲ့ "

Something in the dark ( completed )Unde poveștirile trăiesc. Descoperă acum