( 36 )

16.6K 2K 171
                                    

unicode

သူ့ကိုပြုံးပြီး ရပ်ကြည့်နေသည့် နတ်ဆိုးလေးက တကယ်မင်းသားလေး တစ်ပါးနှယ်။ ပထမဆုံး သူနဲ့အတူနေရမည့်သူလားဟု ရှောင်းကျန့် တွေးမိပြီး ရင်တုန်သွားရပေမယ့် ရိပေါ်လက်ထဲ luggage က ရှိမနေပြန်။

ဒီအတိုင်းလာတာပဲ ထင်ပါရဲ့။

ကံကြမ္မာ shipper ကြီးက သူတို့နှစ်ယောက်ကို မကြာခဏ အတူတွေ့စေခဲ့ပေမယ့် အတူအိပ်ရအောင် ကြံစည်သည်အထိတော့ မိုက်လုံးမကြီး နိူင်ပါဘူးလေ။

" ကိစ္စရှိလို့လား "

တံခါးကိုဖွင့်ကြည့်ရင်းမှ သူ တည်ငြိမ်စွာ မေးလိုက်သည်။

" မဖြေခင် အရင်ဝင်လို့ရလား "

" မရဘူး "

" ဒါဆို ကိစ္စမရှိဘူး အတူလာအိပ်ရုံပဲ "

" ဘာ "

ရိပေါ်ရဲ့ အဖြေစကားက သူ့ရင်ထဲ ဒိုင်နိုအုပ်ဆော ဖြတ်ပြေးသွားသည်။ အကုန်တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့။

သူ ခဏ မှင်သက်မိသွားသည် ထင်ပါရဲ့။ သူ သတိပြန်ရလာချိန်မှာ နတ်ဆိုးလေးက အဝပိတ်ရပ်နေသော သူ့ကိုအနည်းငယ် တွန်းထုတ်ဆုတ်စေပြီး အခန်းထဲ ဝင်ကာ တံခါးတောင် ပြန်ပိတ်နှင့် ပြီးပြီ။ အဖြစ်အပျက်များကလည်း မြန်ဆန်လွန်း။

" ကျိုးချန်နဲ့ အခန်းလဲလိုက်တာ မင်းလား "

" အင်း အဲဒီကောင်က reception မှာ sea view အခန်းသွားတောင်းနေတာကို co founder ကွမ်းယောင်တွေ့လို့ ကျွန်တော့်ကိုလာကူညီခိုင်းတယ် အခန်းတွေက အကုန် check in တွေကြီးပဲလေ ဒါကြောင့် အရမ်းလိုချင်နေတဲ့ အဲဒီကောင်ကို လဲပေးလိုက်ရတာ "

အခန်းတွေအကုန် check out မဖြစ်​တော့တာ ကွမ်းယောင် လက်ချက်ဆိုတာတော့ ရိပေါ်သိနှင့်ပြီးပေမယ့် ဟန်တော့ဆောင်ရမည် မလား။

" ဒီဟိုတယ်မှာ အခန်းလွတ် မရှိတော့ဘူးပေါ့ "

" ဟုတ်တယ် အဲဒါကြောင့် ခင်ဗျားနဲ့တူတူ လာအိပ်ရတာပေါ့ "

" မရဘူး ငါ ဟိုတယ်ပြောင်းမယ် "

သူပြောရင်း ထွက်မည်လုပ်လိုက်ရာ ရိပေါ်က နောက်ကနေ ခါးကိုပွေ့ဖက်ပြီး ဆွဲထားလိုက်သဖြင့် သူ့တစ်ခန္ဓာလုံးရှိ သွေးများ ပြောင်းပြန်စီးဆင်းသွားရသည်။

Something in the dark ( completed )Where stories live. Discover now