( 23 )

18.6K 2K 278
                                    

unicode

မနက်နိုးနိုးချင်း သူ တွေးမိသွားတာက ဒီနေ့တစ်ပတ်ပြည့်ပြီ ဆိုတဲ့အကြောင်း။ သူ Warriors ကို ပစ္စည်းသွားပို့ပြီး သခင်လေးဆီမှာ အကြမ်းဖက်ခံခဲ့ရတာ ဒီနေ့တစ်ပတ်ပြည့်ခဲ့ပြီ။

တွေ့စကတည်းက တစ်ပတ်မှာ တစ်ခါလောက် သူ့နား ပေါ်ပေါ်လာတတ်သော နတ်ဆိုးလေးက မတွေ့ရတာ တစ်ပတ်ပြည့်တဲ့ ဒီနေ့မှာရော ထပ်ရောက်လာဦးမလား။

သူအလုပ်မသွားဘဲ ခွင့်ယူသင့်လား။

ဒါပေမယ့် သူခွင့်မယူဖြစ်ခဲ့ချေ။ အလုပ်မှာ နတ်ဆိုးလေး ရောက်လာလေမလား အတွေးနဲ့ ညနေစောင်း တိုင်သွားပေမယ့် နတ်ဆိုးလေးက ပေါ်မလာခဲ့။

တစ်ပတ်ပြည့်တဲ့နေ့မှာ ပေါ်လာခဲ့ခြင်းမရှိသလို ဆယ်ရက်ပြည့်တဲ့နေ့မှာလည်း ပေါ်လာခဲ့ခြင်း မရှိတော့ပါ။ စိတ်ဆိုတာလည်း တကယ်ထူးဆန်းသည့် အရာပေ။

နတ်ဆိုးလေးဟာ သူ့နားက အရိပ်တောင် မမြင်ရဘဲ ပျောက်သွားလေတော့ တစ်ခုခုဖြစ်သွားတာလားလို့ စိုးရိမ်မိပါသတဲ့။

ဒါပေမယ့် Warriors မှ အတွင်းရေးမှူး ငေါက်ခနဲ ထသေတာပဲဖြစ်ဖြစ် တစ်ခုခု အက်ဆီးဒင့်ပဲဖြစ်ဖြစ် ယူဟိုင်က သိရလိမ့်မည်မလား။ အခု ဘာသတင်းမှလည်း မရောက်လာရာ နတ်ဆိုးလေးက ဒုက္ခရောက်ပြီး သူ့နားမရောက်လာတာတော့ မဖြစ်နိူင်။ တမင်ရှောင်နေခြင်းသာ ဖြစ်လိမ့်မည်။

ဘာလို့ ရှောင်နေရတာလဲ။ မဟုတ်သေးပါဘူး ရှောင်သွားတာက ကောင်းတာမလား။

အစိုးမရတဲ့ သူ့စိတ်တွေဟာ တောင်မြောက် ကူးလူးရင်း။ အရှေ့အနောက် လွန်ဆွဲရင်း။ အတွေးတွေဟာ နှစ်ခုစီကွဲထွက်နေလေရဲ့။

ဒါပေမယ့် ဆယ့်ငါးရက်မြောက်နေ့ ရောက်ချိန်မှာတော့ အမှတ်မရှိတဲ့ သူ့စိတ်ဟာ ရှက်ဖွယ်အတိ ဆန္ဒတစ်ခုကို တိုးတိုးလေးရေရွတ်မိပြန်သည်။

တစ်ခေါက်လောက် ပြန်တွေ့ရရင် ကောင်းမှာပဲ။

ရက်စက်သော သခင်လေးရဲ့ အပြုအမူကို ကြောက်မိပေမယ့် သူ့အပေါ် ကလေးတစ်ယောက်လို အမိန့်ပေး ပြုမူတတ်သော ပုံစံများကိုတော့ သူ့အတွင်းစိတ်က နှစ်သက်မိဟန် ရှိခဲ့သည်။ ဒါကြောင့်လည်း သခင်လေးကို သူတစ်ခေါက်လောက် ပြန်တွေ့ချင်မိခဲ့တာလား။

Something in the dark ( completed )Where stories live. Discover now