( 56 )

16.4K 2.1K 205
                                    

unicode

ရိပေါ်နဲ့အတူ အိပ်လျှင် ရိပေါ်ထက်အမြဲနောက်ကျပြီးမှ နိုးတတ်တဲ့သူက ဒီနေ့မနက်မှာတော့ ရိပေါ်ထက် အရင်နိုးကျလာမိသည်။ သူနိုးကျလာချိန်မှာလည်း သူက ရိပေါ်လက်မောင်းကို ခေါင်းအုံးထားဆဲ။

ရိပေါ်ကတော့ အသက်ရှုသံ သဲ့သဲ့လေးနှင့် သေချာအိပ်မောကျနေသေးသည်။

မနက်တိုင်း ဒီလိုနိုးထခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် မနက်ခင်းရဲ့အလှ ပြီးပြည့်စုံသွားသလိုမျိုး ခံစားရတဲ့ ခံစားချက်က သိပ်ကိုကောင်းမွန်လွန်းသည်။

သူ ဘာမှလည်းမလုပ်မိဘဲ ရိပေါ်အိပ်မောကျနေသည်ကို တိတ်တိတ်လေး လှဲလျောင်းရင်း ကြည့်နေလိုက်သည်။

မနေ့ကတည်းက လက်ထပ်ရန်အတွက် ခွင့်ယူခဲ့သောကြောင့် အလုပ်ကလည်း သွားစရာမလိုသေး။ ရိပေါ်ကလည်း အလိုရှိလျှင် အလုပ်မသွားဘဲ နေနိူင်သည့် ရာထူး။ နှစ်ယောက်လုံးအားနေသည့် ဒီတစ်နေ့တာကို အလှပဆုံး ဖြတ်သန်းချင်မိသည်။

ဒါပေမယ့် ရိပေါ်ကတော့ သူ့အိမ်လိုက်ပြီး သူ့မိဘတွေနဲ့ ဆွေးနွေးစရာရှိတယ်တဲ့။ ဘာကိစ္စမှန်းမသိပေမယ့် လက်ထပ်ပွဲဖျက်သိမ်းမယ့်ကိစ္စကို သူ့ဘက်က ကူပြောပေးရန်ဖြစ်နိုင်သည်။

ပြီးတော့ ရင်လည်းမောမိသည်။ သူ့မိဘနှစ်ယောက်က ဒီလိုမျိုးချစ်ခြင်းကို လက်ခံနိုင်ပါ့မလား။

သူစဉ်းစားရင်း သက်ပြင်းချမိတော့ အဲဒီသက်ပြင်းချသံကြောင့်ပဲထင်သည်။ ရိပေါ်မျက်လုံးများက ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ မျက်လုံးပွင့်ချင်းချင်း သူ့ဘက်ကို ခေါင်းစောင်းလာပြီး နဖူး မျက်ခွံ ပါး နှုတ်ခမ်း တစ်ခုချင်းစီကို ဖွဖွလေးနမ်းသွားသည်။

နိုးတာနဲ့ နမ်းမယ့်ကိစ္စကိုပဲ အရင်တွေးမိတယ် ထင်ပါရဲ့။

" နိုးတာကြာပြီလား ကျန့်ကော "

" သိပ်မကြာသေးဘူး ခုနားကနိုးတာ "

" မနက်စာ ဘာစားချင်လဲ "

" Ummm . . . ဆန်ပြုတ် "

Something in the dark ( completed )Where stories live. Discover now