( 59 ) ⚠

24.2K 2.3K 248
                                    

unicode

ဧည့်ခန်းကနေ အိပ်ခန်းကိုသွားသည့်စပ်ကြားမှာ နှစ်ယောက်လုံး စကားမဆိုမိကြ။ ရိပေါ်ရင်ထဲ ဘာတွေတွေးနေမှန်း မသိပေမယ့် သူ့ရင်ထဲမှာတော့ မင်းရင်ဆိုင်နိူင်ပါတယ် ရိပေါ်  ဆိုသောစကားကို တိတ်တိတ်လေးဆိုမိသည်။

ရိပေါ်ဟာ ကိုယ့်ကို ဘယ်လောက်သန်မာမှန်း သေချာသိပုံမရသေး။ သူကတော့ ရိပေါ်အခြေအနေကို ဘေးကနေ တောက်လျှောက် မြင်လာခဲ့တာမို့ ဒီသခင်လေးဟာ ဘယ်လောက်ထိ လုပ်ရဲကိုင်ရဲရှိကြောင်း ဘယ်လောက်ပြတ်သားကြောင်း ဘယ်လောက်သတ္တိရှိကြောင်း အားလုံးကို မြင်ခဲ့ရသည်။

Juihai မှာတုန်းကလည်း ရိပေါ်က ပထမဆုံးလန့်သွားပုံ ရပေမယ့် ပျာယာခတ်မနေခဲ့။ သူ့ကိုတောင် လက်ဆွဲပြီး ပြန်ခေါ်လာနိူင်သည့် အဆင့်။

မင်းက သန်မာပါတယ် ရိပေါ်။

အိပ်ခန်းကိုရောက်မှ ရိပေါ်က သူ့ကိုကုတင်ပေါ်တွင် ညင်သာစွာချပေးသည်။ ပြီးတော့ သူနဲ့အတူဝင်ထိုင်ပြီး ပွေ့ဖက်ကာ စတင်နမ်းလာခဲ့သည်။

ပထမဆုံး နဖူး။ ပြီးမှ နားစပ်နား။ ထိုမှတစ်ဆင့် နှုတ်ခမ်းပါး။ အားလုံးကို မျှတစွာနမ်းပြီး လည်တိုင်ကို ရောက်သွားသည်။ လည်တိုင်ကို နမ်းရင်းမှ သူ့ရှပ်အင်္ကျီ ကြယ်သီးများကို ဆွဲဖြုတ်လာသည်။

သူကတော့ မိန်းမောမှုများကြားထဲမှာ ဘာမှမလုပ်နိူင်ဘဲ လက်ဖျားများသာ အေးစက်တုန်ယင် ချင်လာသည်။ ရိပေါ်နဲ့အတူ ဒီကိစ္စကို ဖြစ်ဖူးပေမယ့် အမြဲတမ်း တစ်ဖက်သတ်သာ ဆန်ခဲ့ရသည်။ သူက ငြင်းဆန်ချင်သော ဆန္ဒရှိခဲ့​ပေမယ့် ရိပေါ်ရဲ့ အလိုဆန္ဒကိုသာ မဆန့်ကျင်နိူင်၍ လိုက်လျောပေးခဲ့ရသည့် အချိန်များသာ ဖြစ်ခဲ့သည်မလား။

အခုလိုမျိုး သူ့ဘက်ကစ၍ လိုလိုလားလား သဘောတူမိတာက ပထမဆုံးအကြိမ်မို့ ရင်ခုန်သံနှုန်းများကလည်း အရင်တုန်းကထက် ပိုမြန်ဆန်ရသည်။

အိမ်​ထဲမှာ ဖြစ်​တာ​ကြောင့် သူ့ကိုယ်​​ပေါ်မှာက ရှပ်​အင်္ကျီတစ်​ထပ်​တည်း။ ရိ​ပေါ်လက်​ချက်​​ကြောင့် ရှပ်​အင်္ကျီက သူ့ကိုယ်​​ပေါ်မှ နှုတ်​ဆက်​သွားသည့်အခါ သူ့ကိုယ်​​ပေါ်ပိုင်းက ဗလာကျင်းသွား​တော့သည်​။

Something in the dark ( completed )Onde histórias criam vida. Descubra agora