( 19 )

20.8K 2K 217
                                    

unicode

ညနေစောင်းရဲ့ အလုပ်ပြန်ချိန်က ရှောင်းကျန့်အတွက် အရင်နေ့များကဲ့သို့ တက်ကြွမှုမရှိတော့။ မနက်က ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် သူ့စိတ်က တစ်နေကုန် နတ်ဆိုးပြုစားခြင်းကို ခံလိုက်ရချေပြီ။

# Warriors နဲ့ တစ်နှစ်စာချုပ် ချုပ်နိူင်လိုက်တယ် အဲဒါကြောင့် သူဌေးက ဒီနေ့နေ့လည်စာ ဝယ်ကျွေးမယ်တဲ့ #

ထိုစကားကို ကြားတုန်းက တစ်ဌာနလုံး ရေး ဟူသော အော်သံများနှင့်အတူ လက်ခုပ်သံများ ဆူညံခဲ့ပေမယ့် သူ့ရင်ထဲမှာတော့ ဒိုင်နိုဆောအုပ်ကြီး ဖြတ်ပြေးသွားသလို။ အကုန်အလဲလဲ အပြိုပြိုဖြစ်ကုန်သည်။
ရေးဟုလည်း မအော်နိူင်ခဲ့သလို လက်ခုပ်လည်း မတီးနိူင်ခဲ့။ သူဌေးကျွေးသော နေ့လည်စာကလည်း သူ့အတွက် ခရမ်းသီးထက်တောင် အရသာဆိုးဝါး နေခဲ့သည်။

ပူပေါင်းကုမ္ပဏီဆိုပြီး ဟိုနတ်ဆိုးလေးက ယူဟိုင်ကို မကြာခဏလာလည် နေရင် ဘယ်လိုလုပ်ရမလဲ။ သူ အလုပ်ထွက်လိုက်ရမလား။

မဖြစ်ဘူး။ ဒီအလုပ်ကို ရဖို့တောင် သူခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာ။ ဒီလောက်ရာထူးရမှ နတ်ဆိုးလေးအန္တရာယ်ကို ကြောက်၍ အလုပ်ထွက်လျှင် တကယ်နှမြောစရာ ကောင်းမှာပဲ။

ပြီးတော့ နတ်ဆိုးလေးကလည်း လာဖို့ မလာဖို့တောင် မသေချာ မကျိန်းသေဘူးမလား။ သူဘာလို့ တွေးကြောက်ပြီး အလုပ်ကို ဆုံးရှုံးခံရမှာလဲ။

လုံးဝ အလုပ်မထွက်နိုင်ဘူး။

ရှောင်းကျန့် ကားမှတ်တိုင်တွင် ထိုင်ရင်း တွေးနေသည်မှာ သူစီးရမည့်ဘတ်စ်ကား သုံးလေးစီး လွတ်သွားတဲ့ အထိ။

" ပီ "

" ပီ "

သူ့အနားမှ ကပ်၍ ကားဟွန်းတီးသံကြောင့် ငိုက်စိုက်နေသော ခေါင်းက မော့ကြည့်ဖြစ်သည်။

Range Rover Evoque  အဖြူရောင်တစ်စီး။

ရှေ့ခန်းက ဒရိုင်ဘာရော နောက်ခန်းက ထိုင်စီးသူပါ ကားမှန်တံခါးချကာ သူ့ကိုကြည့်နေကြသည်။ ရှေ့ခန်းက ကားမောင်းသူကို မမြင်ဖူးတာ သေချာပေမယ့် နောက်ခန်းကသူကိုတော့ ရေးတေးတေး မြင်ဖူးသလိုပင်။ ဒါပေမယ့် ဘယ်မှာဆုံခဲ့မှန်း စဉ်းစားမရပါ။

Something in the dark ( completed )Where stories live. Discover now