( 28 )

16.7K 2K 201
                                    

unicode

အဒေါ်တံခါးဖွင့်သည့် နောက်က သူ လိုက်ဝင်လိုက်သည်နှင့် ခပ်လှမ်းလှမ်းက cabriole ဆိုဖာခုံတွင် ဒူးထောင်လှဲနေသော ရှောင်းကျန့်ကို တွေ့လိုက်ရသည်။ တီဗီလည်း ဖွင့်ထားပေမယ့် ရှောင်းကျန့်က ဖုန်းသာကြည့်နေလေသည်။ အပြင်မှာ အေးသလောက် တိုက်ခန်းအတွင်းမှာတော့ warmer ကြောင့် ခပ်နွေးနွေး။

အိမ်နေရင်း ဝတ်ထားသော ရိုးရိုးရှော့ပန်ဖြစ်ရာ ရှောင်းကျန့်မှာဒူးထောင် ထားသဖြင့် ပေါင်ရင်းထိ လျှောကျနေသည်။ သွယ်လျဖြူဖျော့သော ပေါင်တံများကို မြင်ရသည့်သူ့မှာ စိတ်က ထိန်းရခက်ခက်နှင့်။

ရှောင်းကျန့်က တံခါးဖွင့်ဝင်သံကြားပေမယ့် မား လာပြီလား သာတာဝန်ကျေမေးပြီး ခေါင်းတောင် ထောင်မကြည့်။ ရှောင်းကျန့်အမေမှာလည်း စိတ်ညစ်စရာများ ကြုံလာလို့လား မသိချေ။ သူ့ကို သွားထိုင်နော် ဟုသာ တိုးတိုးပြောပြီး ဝယ်လာသည့်ပစ္စည်းများကို သယ်ရင်း အတွင်းထဲဝင်သွားသည်။ သူ့ခြေလှမ်းကျယ်များက ရှောင်းကျန့်ရှိရာသို့။

သူ့ဘက်ကို ခေါင်းပေးလှဲနေသော ရှောင်းကျန့်က သူ့ကို နည်းနည်းမှ မြင်ပုံမရပါ။ ရှောင်းကျန့်ခေါင်းရင်းနား ရပ်လိုက်သည့်တိုင်အောင် ရှောင်းကျန့်က ဖုန်းသာကြည့်နေလေသည်။

စိတ်ရှိလက်ရှိ နမ်းပစ်ချင်လိုက်တာ။

ထိုဆန္ဒကို အကောင်အထည် မဖော်နိူင်တာက သူ့အတွက် ဆိုးဝါးတာပဲ။

ရှောင်းကျန့်က ဖုန်းကြည့်ရင်းမှ နောက်လက်တစ်ဖက်ဖြင့် စားပွဲပေါ်တင်ထားသော သစ်သီးပန်းကန်ကို လှမ်းယူသည်။

သစ်သီးလေးစား တီဗီလေးဖွင့် ဖုန်းလေးကြည့်ရင်း ခင်ဗျားတော့ သာယာနေတာပဲ ရှောင်းကျန့်။ အိမ်တွင်းရေး ကိစ္စတွေလည်း ဘာမှသိပုံမရဘူး။ ဒါပေမယ့် ခင်ဗျား ဒီလိုသာယာနေတာပဲ ကောင်းပါတယ်လေ။

သစ်သီးထည့်ထားသော ပန်းကန်က ရှောင်းကျန့်လက်နှင့် တိုက်မိပြီး နည်းနည်းရွေ့သွားရာ လက်က သစ်သီးကို မမှီတော့။ ဒါပေမယ့် ကိုယ်က အနည်းငယ်မှ ကြွမလာသည့်အပြင် ဖုန်းအကြည့်မပျက်ဘဲ လက်ကိုသာ ပိုရှည်လာမည့်အတိုင်း ဆွဲဆန့်လှမ်းနေသည်။

Something in the dark ( completed )Where stories live. Discover now