( 26 )

17K 1.8K 97
                                    

unicode

သူ့ရှေ့က ရေနွေးခွက်လေးကို စိုက်ကြည့်ရင်း ပထမဆုံး တွေးမိသည်က ဒါရှောင်းကျန့် ရေနွေးသောက်ခဲ့တဲ့ ခွက်လေးပဲ။ တစ်ညတာနေခဲ့တဲ့ သူလေးရဲ့ အငွေ့အသက်များက သူ့ကိုအခုထိ လွှမ်းမိုးထားတုန်းပါလား။ 

မနေ့ညက အေးစက်ပျော့ပြဲသော ခေါက်ဆွဲများကို စားခဲ့သည့် သူ့အစာအိမ်လေးအတွက် မနက်မှာတော့ ရေနွေးကလွဲပြီး ဘာစားစရာမှလည်း ရှာမရချေ။

လင်နဲ့အဆင်မပြေတိုင်း သူ့အိမ်လာသောင်တင်လေ့ရှိသည့် အရှေ့က မျက်ကွင်းဟောက်ပက်နဲ့ တစ်ယောက်ကတော့ အသင့်စားခေါက်ဆွဲ ပြုတ်ကို အားရပါးရ စားလျက်ရှိသည်။

" မင်းနေမကောင်းဘူးလား ရိပေါ်  "

ကွမ်းယောင်က ခေါက်ဆွဲပြုတ် ပလုပ်ပလောင်းစားရင်း သူ့ကို အခုမှ မေးဖော်ရတော့သည်။

နာကျင်မှုကို ဖုံးကွယ်တတ်သည့် သူ့ပုံစံအတိုင်း ရိပေါ်  ခေါင်းသာခါပြသည်။

" ကောင်းတယ် "

" မင်းကြည့်ရတာ နွမ်းဖျော့ဖျော့နဲ့ "

" ငါ့ပဲ ဝေဖန်မနေနဲ့ မင်းမျက်လုံးလည်း ကြည့်ဦး ပန်ဒါက အဘိုးလာခေါ်နေဦးမယ် မင်း တစ်ညလုံး မအိပ်ဘူးလား "

" အိပ်မရဘူး နိုးနိုးကျလာတယ် ဒီတစ်ခါ အဲဒီကောင်ရှီးချန်နဲ့ ငါတကယ်လမ်းခွဲမှာ "

အဲဒီစကားကို ကွမ်းယောင် ဘယ်နှစ်ကြိမ်မြောက်ပြောခြင်းမှန်း သူ မမှတ်မိတော့။ သူ မှတ်မိသည်က ကြားသုံးကြား မဝင်ကောင်းဆိုသည့် စကားကို လွန်ဆန်ပြီး ရှီးချန်နဲ့ကွမ်းယောင်ကြားကို ပထမဆုံးတစ်ခေါက် ဝင်ပါခဲ့မိသည်။

အဲဒီအတွက် သူ နောက်ဆုံးရခဲ့သည်က ကွမ်းယောင်ရဲ့ အမြင်ကတ်စရာ စကားတစ်ခွန်း။

# ရိပေါ်က ကောကောနဲ့ ကလေးကို လမ်းခွဲစေချင်သေးတယ် ကလေးက စိတ်ဓာတ်ခိုင်လို့သာ # တဲ့။

ထိုကတည်းကနေ ရှီးချန်နဲ့ပတ်သက်၍ ကွမ်းယောင် ရင်ဖွင့်တိုင်း သူ့မှာ လက်ခလယ်သာ ထောင်ပြချင်သည်။ နားလည်း နားမထောင်ချင်တော့။ မဟုတ်လည်း အဆင်ပြေသွားမယ့် အတွဲပဲမလား။

Something in the dark ( completed )Where stories live. Discover now