( 57 )

15.6K 2.2K 146
                                    

unicode

သူဌေးကွမ်းယောင်အား လာတွေ့သည်ဆိုပြီး တံခါးကို ဟချောင်းကြည့်နေသည့်  programmer ဖန်ဝေကြောင့်  အတွင်းရေးမှူးမလေးမှာ ကွမ်းယောင်ရဲ့ schedule များကို စီစစ်နေရာမှ မျက်ခုံးတွန့် ကြည့်မိသည်။

ဒီ ဖန်ဝေဟာ programmer အဆင့် ဘယ်လောက်လဲ မသိပေမယ့် ကြောင်တာတော့ ကုမ္ပဏီမှာ ပထမရနိုင်တဲ့သူပဲ။ အလုပ်ဝင်လာသည့် အချိန်မှစ၍ ဘာတိုးတက်မှုမှ မရှိဘဲ အချောင်ပဲ ခိုခိုနေလို့ အလုပ်ထုတ်ပစ်မည်ဟု ခဏခဏ ကြိမ်းမောင်းခံနေရသူ။

အခုလည်း သူဌေးကို လာတွေ့ပါသည်ဟုဆိုသဖြင့် တခြားဧည့်သည်ရှိလျှင် နောက်ဧည့်သည်မတွေ့သော ကွမ်းယောင်ကြောင့် ခဏထိုင်စောင့်နေပါဟု ပြောသည်ကို ထိုင်မစောင့်ဘဲ တံခါးဝနား ချောင်းကြည့်နေပြန်သည်။

သူမက ပြောသည့်အတိုင်း ထိုင်စောင့်နေမည်ဟု ထင်သဖြင့် ကွန်ပျူတာကိုသာ အာရုံစိုက်နေမိလိုက်တာ။ ဖန်ဝေသကောင့်သားက တံခါးဝမှာ သွားချောင်းနေသည်။

" အစ်ကိုဖန်ဝေရှင့် . . . "

ခေါ်သံကြောင့် ဖန်ဝေက လန့်သွားသလိုနှင့် ပြန်လှည့်ကြည့်သည်။

" ထိုင်ခုံကို မြင်မယ်လို့ ထင်ပါတယ်ရှင့် . . . ကျေးဇူးပြုပြီး ထိုင်စောင့်ပေးပါရှင့် "

" ရပြီ ကျူယွီ အစ်ကိုသွားတော့မယ် "

ပြောပြီး သုတ်ပျာသုတ်ပျာ ပြန်ထွက်သွားသဖြင့် ကျူယွီ နှာခေါင်းရှုံ့ပြီး စိတ်ထဲ ငကြောင်ကြီးဟု ဆဲမိသည်။

နည်းနည်းဟနေဆဲဖြစ်သော တံခါးကို ပြန်သွားပိတ်တော့ ရယ်ပြုံးနေသော ဝမ်အတွင်းရေးမှူးရဲ့ ဘေးတစ်စောင်း မျက်နှာကို ထင်ရှားစွာ မြင်ရလေသည်။

အကြောတင်း ဝမ်ရိပေါ်က ဒီလိုလည်းပြုံးတတ်သေးတာပဲ။

သူမတွေးရင်း သဘောကျစွာပြုံးမိသည်။

ဝမ်အတွင်းရေးမှူးကို အကြောမာလွန်းလို့ ကြည့်သာ ကြည့်မရတာ။ ဒီလိုမျိုး ကောင်လေးရှာလာတော့လည်း တစ်မျိုးတော့ ချစ်ဖို့ကောင်းသား။

ကုမ္ပဏီမှာ ယောက်ျားလေးတွဲတဲ့သူ ထပ်ရှိလာပြီ။ fan club ထောင်ပြီး support လိုက်ရင် ကောင်းမလား။ ကုမ္ပဏီက ဖူဂျိုအုပ်စုတွေတော့ suprise ဖြစ်ကုန်တော့မှာပဲ။

Something in the dark ( completed )Where stories live. Discover now