( 37 )

17.2K 2K 144
                                    

unicode

အခန်းထဲမှာ ရှိ​သော ဆိုဖာကလည်း တစ်ယောက်ထိုင် နှစ်ခုံတည်းသာ ဖြစ်ရာ ဆိုဖာမှာလည်း ခွဲအိပ်လို့မရပြန်။ queen bed size မွေ့ရာကလွဲရင် တခြားရွေးအိပ်စရာ နေရာက တကယ်မရှိ။

ရိပေါ်ကတော့ သူ့ထက်အရင် ခုတင်ပေါ်တက်သွားပြီး ခြေရင်းမှာ အလျားလိုက် ခေါက်ချပေးထားသော စောင်ကိုတောင် ယူခြုံနေပြီ။

ရိပေါ်အိပ်အောင်ထိ စောင့်ပြီး ထွက်ပြေးရမလား။

အခုချိန်ထွက်ပြေးရင်လည်း ချက်ချင်းပြန် လိုက်ဖမ်းနိူင်မှာပဲ။ ပို၍သာ ဆိုးမည်။

" ရှောင်းကျန့် . . ကြောက်သလိုလို ရှက်သလိုလို မလုပ်နဲ့လို့ ပြောထားတယ်နော် . . အခု ဒီပေါ်တက်ခဲ့ "

သူ့စိတ်ထဲ စိုးရိမ်နေမှုများကို နတ်ဆိုးလေးက အထင်အရှား ရိပ်မိသွားပြန်ပြီ။ နတ်ဆိုးလေး ဗိုက်ထဲမှာ သူ့ခံစားချက်တွေကို ပြောပြမယ့် ပုဏ္ဏားလေးများရှိနေတာလား။

သိပဲသိနိူင် လွန်းပါရဲ့။

" ပွေ့လာခေါ်ရမလား "

" မခေါ်နဲ့ "

" မခေါ်စေချင်ရင် အခုလာခဲ့ တစ်ကနေ တစ်ဆယ်ထိရေမယ် တစ်ဆယ်ထိရေပြီးလို့ ခုတင်ပေါ်  မရောက်ရင် တွေ့မယ် "

ခြိမ်းခြောက်သံများက စလာပြန်ပြီ။

" တစ် . . နှစ် . . ခုနစ် . . ရှစ် "

" ဟမ် သုံးလေးငါးခြောက်က ဘယ်ရောက်သွားတာလဲ "

" စိတ်ထဲမှာ ဆိုပြီးသွားပြီ ကိုး . . "

" အား မရေနဲ့တော့ "

သူအချိန်မဆွဲရဲတော့ဘဲ ခုတင်ပေါ်တက်လိုက်တာ နတ်ဆိုးလေးဘေးနား ဘယ်လိုရောက်သွားမှန်းတောင် မသိတော့။

" တစ်ဆယ် . . လိမ္မာတယ် ရော့ စောင်ယူ အိပ်တော့ "

အချိန်မီရောက်လာသော သူက လိမ္မာတယ် တစ်ခွန်းတော့ ချီးမွမ်းခံရသားပဲ။

သူ့ကိုယ်ပေါ်  သခင်လေးလှမ်းခြုံပေးသော စောင်က လွှားခနဲ ရောက်လာသည့်တိုင် သူ မလှဲရဲသေး။ ရိပေါ်ကတော့ လက်တစ်ဖက်ကို ခေါင်းအောက်ထိုးထည့်ပြီး ပက်လက်လှဲသည်။

Something in the dark ( completed )Where stories live. Discover now