( 67 )

14.3K 2.2K 203
                                    

unicode

သူ့ဘေးနားက နေရာလွတ်ကိုကြည့်ပြီး ရှောင်းကျန့်စိတ်ထဲ တကယ်ဟာတာတာ။ ရိပေါ်ကို တစ်ညလေး မတွေ့ရတာအတွက်  သူဒီလောက်လွမ်းရလိမ့်မည်ဟု မထင်မှတ်ခဲ့တာ အမှန်။ လက်တွေ့ကျကျ ခံစားရမှ ဒါဟာတကယ်ဆိုးဝါးတာပါပဲ။

သူထွက်သွားခဲ့ရင်လည်း ရိပေါ်ဒီလိုမျိုး ခံစားရလေမလား တွေးမိတော့ သူ့ရင်ထဲနာကျင်မိသည်။ သူတို့နှစ်ယောက်ရဲ့အချစ်က သူကိုယ်တိုင် သတိမထားမိခင်မှာပဲ တော်တော်နက်ရှိုင်းသည့် အဆင့်သို့ပြောင်းလဲနေခဲ့တာပါလား။

အိပ်ရာထဲတွင် အိပ်မပျော်ဘဲ လူးလိမ့်ရင်း အခန်းတံခါးကို ရိပေါ်ဖွင့်ဝင်လာမည့် အခိုက်အတန့်ကို စောင့်မိပေမယ့် မနက်နှစ်နာရီသာ ကျော်သွားသည်။ ထိုအခိုက်အတန့်က အကောင်အထည် ပေါ်မလာခဲ့။ ကွမ်းယောင်နဲ့တူတူ သွားမှန်းသိပေမယ့် ဘယ်သွားမှန်း မေးကြည့်ရအောင်လည်း ကွမ်းယောင်ဖုန်းနံပါတ်ကို သူတစ်ခါမှ ယူမထားမိ။ ယူရအောင်လည်း အခြေအနေက ပေးမှမပေးခဲ့ဘဲ။

သူနဲ့ရိပေါ်ဆက်ဆံရေးမှာတောင် ဖုန်းနံပါတ်က တော်တော်နောက်ကျမှ သိခဲ့ကြသည့်အဖြစ်။

တကယ်ဆို ရိပေါ်နဲ့ပတ်သက်တဲ့ လူတိုင်းရဲ့ဖုန်းနံပါတ်ကို သူယူထားခဲ့သင့်သည်။ ဒီလိုမျိုးအခြေအနေ ထပ်ဖြစ်လာခဲ့ရင် အသုံးချလို့ရတာပေါ့။

ကွမ်းယောင်အိမ်ကို ပါတီသွားဖူးတုန်းက သိထားပေမယ့် ရိပေါ်နဲ့ကွမ်းယောင်က အိမ်မှာနေလိမ့်မည်မဟုတ်တာတော့ သူစဉ်းစားနိူင်ပါသည်။

အတွေးများနဲ့ အိပ်မပျော်တဲ့ညဟာ တကယ်အထီးကျန်တာပဲ။ insomnia ရှိသည်ဟု ဆိုဖူးသော ရိပေါ်ဟာ အမြဲတမ်းဒီလိုမျိုး အိပ်မပျော်ဘဲ တစ်ယောက်တည်း ဖြစ်ခဲ့ရတာလား ဆိုတာ ကိုယ်ချင်းစာမိတော့ သူ့ခံစားချက်က ဝမ်းနည်းသည့်ဘက် ဦးတည်သွားရသည်။

သူ့နားက ရိပေါ်အသိမပေးဘဲ ထွက်သွားသည့်ညကျမှ ရိပေါ်ခံစားချက် အတော်များများကို သူပိုနားလည်သလို ခံစားရသည်။

အမှန်​​တော့ သူရိပေါ်ရဲ့ ခံစားချက်တွေကို မြင်နိူင်ခဲ့​ပေမယ့် သူကိုယ်တိုင်မခံစားဖူးတော့ ရှင်းရှင်းလင်းလင်း မဖြစ်ခဲ့။ အမှောင်ထဲက အရာတစ်ခုကို လှမ်းကြည့်ရတာ သလိုပဲ။ ရှိမှန်းသိပေမယ့် ဘာမှန်းသေချာ မမြင်နိူင်သည့်အရာ။

Something in the dark ( completed )Where stories live. Discover now