( 8 )

23.8K 2.2K 90
                                    

unicode

မျက်နှာပေါ်က ခပ်နွေးနွေး အထိအတွေ့ကြောင့် ရှောင်းကျန့် နိုးကျလာသည်။

မနက်ခင်းနေမင်းရဲ့ အလင်းရောင်က မှန်ပြတင်းပေါက်မှ တစ်ဆင့် သူ့ကိုလာမိတ်ဆက်ခြင်းပဲ။ သူ တစ်ညလုံး တောင့်တမိခဲ့သော မနက်ခင်း အလင်းရောင်လေးက နွေးထွေးလွန်းသည်။

နိုးချင်းချင်း လှည့်ကြည့်မိသည်က သူ့ဘေးနားသို့။

သူ့ဘေးနား ဘယ်သူမှ မရှိချေ။ ရိပေါ်က ဘယ်ချိန်ကတည်းက ထသွားသည် မသိ။

အစောကြီး ထတတ်တဲ့သူပဲ။

ရှောင်းကျန့် စောင်ကိုဖယ်ကာ ထထိုင်လိုက်သည်။ မနေ့က အတွေ့အကြုံများက သူ့ခန္ဓာကို နှိပ်စက်ဆဲပင်။

ဝဋ်ကြွေးတစ်ခု ပေးဆပ်တယ်ပဲ သဘောထားလိုက်ပါမယ်လေ။

သူတမင်မကြည့်ပါဘဲနဲ့ ကုတင်နားက စားပွဲခုံမှ စာရွက်စိမ်းလေးကို သွားမြင်သည်။

# နိုးရင် ထမင်းစားခန်းထဲ လာခဲ့ မနက်စာ စားရမယ် #

မနက်စာစားရအောင် လို့ ရေးရင် မြွေပွေးတက်ကိုက်မှာ စိုးလို့နဲ့ တူတယ်။

အမိန့်ဆန်သည့် စကားလုံးများကိုသာ ရိပေါ် ပြောတတ်တာလား။

ရှောင်းကျန့် အိမ်ပြန်ရန် အချိန်မဆွဲချင်တော့။ ရိပေါ်စကားအတိုင်း အမြန်လိုက်လုပ်ပေးပြီး အိမ်ပြန်ချင်မိသည်။

အခန်းတံခါးကို ဖွင့်လိုက်တော့ အပြင်ခန်းက  မနေ့ညကအတိုင်း လူသူကင်းမဲ့စွာ  တိတ်ဆိတ်နေလေသည်။  သူ အပြင်ဘက်သို့ သွားရာ လမ်းကို တစ်ချက်မျှော်ကြည့်မိသည်။

မနေ့ကလို ခိုးထွက်ဖို့တော့ စိတ်ကူး ရမလာချေ။ ကျေးဇူးရှင်လေး စိတ်ပြောင်းအောင် သွားဆွ၍ မဖြစ်။

အပြင်တံခါးကို ဦးတည်ချင်သော သူ့ဆန္ဒများကို ချိုးနှိမ်ကာ ထမင်းစားခန်းသို့သာ လျှောက်သွားလိုက်တော့သည်။

ကျယ်ဝန်းသော ထမင်းစားခန်းကလည်း တိတ်ဆိတ်ခြင်းအကူနဲ့သာ အထီးကျန်နေသည်။

ဒီလိုကြီးပြီး တိတ်ဆိတ်သည့် အိမ်တွင် မိသားစုနဲ့ အတူနေလို့ ရပါလျက် ရိပေါ်က ဘာလို့ တစ်ယောက်တည်းနေ နေရတာလဲ။ သူ့မှာ မိသားစုဝင် မရှိတာလား။ နေပါဦး သူ့အကြောင်း ဘာလို့စိတ်ဝင်စား နေရတာလဲ။

Something in the dark ( completed )Hikayelerin yaşadığı yer. Şimdi keşfedin