( 5 )

33.1K 2.5K 57
                                    

unicode

အဝါရောင်ဖြင့် အလှဆင်သော နေကြာခင်းက နေရောင်ခြည်နွေးနွေး အောက်မှာ အစွမ်းကုန် ဖူးပွင့်နေကြသည်။ လေပြည်နုများကလည်း အရမ်းကို လတ်ဆတ်လွန်းသည်။

စူးလက်နေသည့် နေရောင်ခြည်ကို ရှောင်းကျန့် လက်ဝါးကာ ကြည့်မိသည်။ လက်ကြားလေးတွေ ကြားက တောက်ပလွန်းသည့် နေမင်းကို ကြည့်မည်။ စူးလျှင် အကြည့်လွှဲမည်။ ပြီးလျှင် ပြုံးမည်။ ဒါ သူလုပ်နေကျ ခပ်ဆန်းဆန်း အကျင့်တစ်ခုပါပဲ။

ဒါပေမယ့် နေမင်းကြီးကို ချောင်းကြည့်ရာ တောက်ပမှုကို မမြင်ရ။ မည်းမှောင်ခြင်းကသာ ကြီးစိုးလာသည်။ အဝါရောင်နေကြာခင်းမှ အနက်ရောင် ပန်းခင်းကြီး အဖြစ်သို့ ပြောင်းလဲလာသည်။ လောကကြီး ဘာတွေဖြစ်ပျက် သွားခဲ့တာလဲ။

" ရှောင်းကျန့် ခင်ဗျား ပထမဆုံးအကြိမ်ကို ကျွန်တော်ပိုင်ဆိုင်တယ် "

အသံပိုင်ရှင်က ဘယ်ကလာမှန်း မသိပေမယ့် ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းမိုးသွားသည်။ လေပြင်းများ တိုက်ခတ်လာသဖြင့် အနက်ရောင် ပွင့်ဖတ်များ လေနှင့်အတူ ကြွေလွှင့်သွားကြသည်။

" ရှောင်းကျန့် "

" ထွက်သွား "

ရှောင်းကျန့်ရဲ့ စူးစူးဝါးဝါးအော်သံက အိပ်မက်ထဲမှ အပြင်ထိတောင် ခုန်ထွက်လာခဲ့သည်။

တော်သေးသည်။ ဒါအိပ်မက်ဆိုး တစ်ခုပဲ။

မဟုတ်ဘူး။ မတော်ဘူး။ အိပ်မက်ထက် ဆိုးတဲ့အရာကို သူ့လက်ရှိဘဝက တွေ့ကြုံခဲ့ပြီးပြီ။
သူ့ခန္ဓာ နာကျင်နေမှုက သက်သေ။

ရှောင်းကျန့် ခြုံထားသောစောင်ကို ဖယ်မိတော့ သူ့ကိုယ်ပေါ်မှာ ညဝတ်အင်္ကျီတစ်စုံ ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ သူအမည် မတပ်တတ်သည့် ချိုမြမြမွှေးရနံ့ တစ်ခုကလည်း ဝတ်စုံဆီမှ မွှေးပျံ့နေသည်။ ဒီရနံ့က ရိပေါ်နားကပ်မိတိုင်း သူရခဲ့မိသည့် အနံ့ပဲ။

## ကျွန်တော် ကြိုက်တဲ့ ရနံ့ပဲ ခင်ဗျားဆီက ရစေချင်လို့ ##

ဒီရနံ့က ရိပေါ်ကြိုက်သည့် အမွှေးနံ့လား။ ဒီဝတ်စုံ ပိုင်ရှင်ကလည်း ရိပေါ်သာဖြစ်လိမ့်မည်။ ဒီဝတ်စုံကို သူ့ကိုယ်ပေါ် ဆင်ပေးထားသည့်သူ ကလည်း ရိပေါ်ကလွဲပြီး ဘယ်သူမှ မဖြစ်နိူင်။

Something in the dark ( completed )Where stories live. Discover now