( 35 )

16K 2.1K 135
                                    

unicode

ကျိုးချန်က ရိပေါ်ဆီမှ ထွက်လာရင်တောင် ပွစိပွစိနှင့် ဘာတွေပြောမှန်း မသိ။

" Warriors Wang ဆီမှာ ×င်ခံပြီး အတွင်းရေးမှူးအဆင့်နဲ့ တခြားလူတွေကို သောက်ကြောလာတင်း နေတာ "

" ဒီအတိုင်း ရိုးရိုးတန်းတန်း အတွင်းရေးမှူးပါကွာ "

ကျိုချန်းရဲ့ ဒေါသစကားတွေကို သူကဘာလို့ လိုက်ဖာထေး ပြောဆိုမိမှန်းလည်း မသိတော့ချေ။ တကယ်ဆို ဒေါသထွက်နေသူ တစ်ယောက်ကို ဘာပြောပြော လွှတ်ထားပေးလိုက်တာက အကောင်းဆုံးပဲ မလား။

သူဖာထေးပြောပေးတော့ ဒေါသအိုးကျိုးချန်က သူ့ဘက်လှည့်လာပြန်သည်။

" ဘာလဲ အဲဒီကောင်ဘက်က ဝင်ပြောပေးနေတာလား မင်းနဲ့ အဲဒီကောင် ဘယ်တုန်းက ရင်းနှီးသွားတာလဲ "

" မဟုတ်ပါဘူး ငါက ဒီအတိုင်းပြောတာပါ သူက Warriors Wang နဲ့ အလုပ်ရှင် အလုပ်သမား ပတ်သက်မှုလောက်ပဲ ရှိမှာပါ "

" အဲဒီကောင် ဘာလုပ်လုပ် Warriors Wang က ခွင့်ပြုနေတာ ရိုးသားတယ် ထင်လို့လား ကုတင်ပေါ်မှာ Warriors Wang ကို ဘယ်လောက်ပြုစုပေးနေမှ မသိတာ "

" ဟာ မဟုတ်ပါဘူးဆို ! "

မထိန်းလိုက်နိူင်သော သူ့အသံဟာ နည်းနည်းတော့ ကျယ်သွားသည်ဟု ဆိုရပေမည်။

" မင်း ငါ့ကို အော်ပြောလိုက်တယ် အဲဒီကောင်ဘက်က နာတာလား အဲဒီကောင်က မင်းလင်မို့လို့လား "

" တော်တော့ကွာ မင်းနဲ့ရန်မဖြစ်ချင်ဘူး ကျိုးချန် "

" ဝါး မင်း ငါနဲ့ရန်ဖြစ်မယ်လို့ ပြောလိုက်တာလား အဲဒီကောင်နဲ့ ပတ်သက်ပြီးတော့လေ "

" ငါ ရန်မဖြစ်ချင်ဘူး ပြောတာလေကွာ "

" ရန်မဖြစ်ချင်ဘူးဆိုတာ မင်းရန်ဖြစ်ရင် ဖြစ်မယ်လို့ ဆိုလိုတာလေ "

" မင်း ဘယ်လိုဖြစ်နေတာလဲ ကျိုးချန် "

" အဲဒါ မင်းကိုငါ မေးရမှာ မင်းက ထူးဆန်းနေတာ "

သူတို့နှစ်ယောက် စကားများလာကြတာက hotel restaurant သို့ ရောက်လာတဲ့အထိ အဆုံးသတ်မသွားချေ။

Something in the dark ( completed )Onde histórias criam vida. Descubra agora