( 2 )

39.5K 3K 124
                                    

unicode

" မင်း နောက်တစ်ခေါက် ထပ်ပြောကြည့်စမ်း "

ရှောင်းကျန့် အသံက ဒေါသဖြင့်တုန်ခိုက် နေသလောက် ရိပေါ်က အေးဆေး။

" ထပ်ကြားချင်တာလား အင်း ကောင်းပြီလေ ခင်ဗျားပထမဆုံး အကြိမ်ကို လိုချင်တယ် "

" ငါလုပ်ရင် စုတ်ပြတ်သတ်တော့မှာပဲ "

Des bar ခဏ လာမိပါတယ်။ ပထမဆုံးအခေါက်မှာတင် သူ့ကို ခြိမ်းခြောက်နေသည့် ကောင်လေးတစ်ယောက်နဲ့ ဆုံရပြီ။ နောင်အခါတွေများ လာဖို့တောင် ကြောက်ရချည်ရဲ့။

အသက်ကမှ နှစ်ဆယ်စွန်းရုံ ရုပ်လေးနဲ့ ခပ်ကြမ်းကြမ်း ပုံစံလာဖမ်းနေသည့် ကောင်လေးကို ရှောင်းကျန့်စမှားမိတာ မှန်ပေမယ့် ဒါကတော့မဟုတ် သေးဘူးလေ။

" မင်း ငါ့ကို အဲဒီလိုမျိုးထပ်ပြောရင် ငါတကယ် ထိုးမှာ "

" ခင်ဗျား မထိုးနိုင်ပါဘူး "

ကောင်လေးစကားအဆုံး ရှောင်းကျန့်လက်သီးက ကောင်လေးမျက်နှာ ဆီသို့ ဝှစ်ခနဲ။ သို့သော် ရိပေါ်ကို မထိ။ လေကိုသာ ထိုးမိသည်။

ဖြူနုနုကောင်လေးက ဘာပညာသား မှမပါဘဲထိုးသည့် ရှောင်းကျန့်လက်သီးကို အလွယ်တကူ ရှောင်နိုင်သည်။ ကောင်လေးက ကွန်ဖူးလည်း ကျွမ်းကျင်ပုံ ရသည်။

" အဲဒီလို မလုပ်နဲ့ ဆတ်ဆတ်ထိမခံ တုံ့ပြန်တဲ့ပုံစံက ကျွန်တော့်အကြိုက်ပဲ ကျွန်တော်က ကြိုက်သွားရင် မရ ရအောင် ယူတတ်တယ် ခင်ဗျားဘဝ မတွေးရဲစရာ ဖြစ်သွားလိမ့်မယ် "

ရိပေါ်ရဲ့ မျက်လုံးထဲမှာ ဒေါသရှုးရှုးရှဲရှဲ ထွက်နေသည့် ရှောင်းကျန့်က စနောက်စရာ ဖြစ်နေတော့သည်။

" ကိုယ့်ထက်အကြီးကို အကြီးမှန်းမသိ မြေမျိုသေမယ့်ကောင် "

" မကျိန်ဆဲနဲ့ "

" ဆဲမှာ မင်းကို အောက်ပိုင်းကို မြေမျိုပြီး အပေါ်ပိုင်းကို မိုးကြိုးပစ်မှာ "

ဒီလောက်အားကြီးနဲ့ ကျိန်ဆဲတာကို ရိပေါ်ပထမဆုံး ခံလိုက်ရတာပါပဲ။ သို့သော် ဒေါသထွက်မယ့်အစား ရယ်ချင်စိတ်ကိုသာ မနည်းမျိုချ ထားရသည်။

Something in the dark ( completed )Where stories live. Discover now