( 11 )

22.5K 2K 81
                                    

unicode

ရိပေါ်ထွက်သွားမှ သူ မောပန်းစွာ ထိုင်ချလိုက်မိသည်။ သူ့ကိုဆန့်ကျင်ချင်သော မျက်ရည်များက ထိန်းချုပ်နေသည့် ကြားက သုံးလေးစက် ထပ်ကျသွားသေးသည်။

ငိုမိတာ ရှက်လိုက်တာ။

မနေ့က အခြေအနေက သူ့ကိုကြောက်လန့်မှု ပေးတုန်းပင်ဆိုတာကို ရိပေါ်နားလည် နိူင်မည်မဟုတ်ချေ။ ပြုလုပ်သူတစ်ယောက်က ခံရသူ တစ်ယောက် ခံစားချက်ကို ဘယ်လိုနားလည်နိူင်မလဲ။

အဝတ်အစားချွတ်တာက ရိုးရှင်းပေမယ့် သူ့စိတ်ထဲ တစ်နေရာကတော့ လန့်ဖျပ်စွာ ကြောက်မိသည်။ အထူးသဖြင့် ရိပေါ်ရှေ့မှာဆို ပိုတောင်ကြောက်သေးသည်။ သူ ဒီလိုဖြစ်အောင် လုပ်လိုက်တာလည်း ရိပေါ်ပဲလေ။

အပြင်ရောက်သွားရင်တောင် ဒီအိမ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို အတင်းမေ့ပစ်ပြီး သာမာန်လူတစ်ယောက်လို ပြန်နေထိုင်ဖို့ သူ ရက်အနည်းငယ် ကြိုးစားရဦးမယ်။ လန့်ဖျပ်စိတ် ဝင်နေဆဲ ဖြစ်သည့် သူ့ကို ဘာလို့ ဒီလိုထပ်လုပ်ရက် တာလဲ။

မင်း အသည်းနှလုံးကို ခွေးချီသွားတယ် ထင်တယ်။ အဲဒါကြောင့် မင်းမှာ ကြင်နာစိတ်လုံးဝ မရှိဘူး။ သူတစ်ပါးကို အနိုင်ကျင့်ချင်စိတ်ပဲ ရှိတယ်။

" ချပ် "

သူ့နောက်ကျောဘက်က တံခါးဖွင့်သံက ထပ်ကြားရပြန်သည်။ သူ လှည့်မကြည့်ပါ။ နတ်ဆိုးလေးက လွဲပြီး ဘယ်သူမှ မဖြစ်နိူင်ဆိုတာ သူ သိနေပြီးသားပဲ။

နဂိုထိုင်နေသည့် အတိုင်း ဒူးနှစ်လုံးကို လက်နှစ်ဖက်နှင့်ယှက်ကာ ထိုင်နေလိုက်သည်။

ကြမ်းပြင်ဆီ အကြည့်ပို့ထားသော သူ့မြင်ကွင်းရှေ့ရောက်လာသည့် ဖြူဝင်းကြည်ဖွေးနေသည့် ခြေဖမိုးလေးနှစ်ခု။

နတ်ဆိုးလေးက သူ့ရှေ့မှာ လာရပ်တာပဲ။

သန့်ရှင်းကြည်တောက်နေသည့်  ခြေသည်းခွံ့လေးများကို သူ မရည်ရွယ်ဘဲ ငေးမောမိသည်။ နတ်ဆိုးလေးက မျက်နှာတစ်ခုတည်း လှသည်မဟုတ်။ လက်ချောင်းလေးတွေ ခြေထောက်လေးတွေက အစ ငေးမောချင်စရာ ကောင်းအောင် လှပလွန်းသည်။ မလှပသည်က သူ့နှလုံးသား။

Something in the dark ( completed )Where stories live. Discover now