( 18 )

20.3K 2K 149
                                    

unicode

ရိပေါ် လေးထပ်ကနေ ပြန်ဆင်းလာပြီးမှ သုံးထပ်မြောက်ရှိ ယူဟိုင်သူဌေးရုံးခန်းသို့ ဝင်လာခဲ့သည်။

ခုနားက ဝင်ခါနီးမှ ခေါင်းငိုက်စိုက်နှင့် တစ်ယောက်တည်း အပေါ်ထပ်တက်သွားသည့် ရှောင်းကျန့်ကို တွေ့သဖြင့် သူနောက်က တိတ်တဆိတ်လိုက်ခဲ့ခြင်း ဖြစ်သည်။ ခေါင်မိုးထပ်ပေါ်  တက်သွားသည့် ရှောင်းကျန့်ကို လေးထပ်မြောက်ကနေ နာရီဝက်လောက် စောင့်လိုက်ရသေးသည်။

ရှောင်းကျန့်က ဆင်းလာပြန်တော့လည်း ကော်ရစ်ဒါသာ တစ်ခေါက်မျှော်ကြည့်ပြီး အကွယ်ယူထားသော သူ့ကို မြင်ပုံမရ။ ပြီးမှ တွိုင်းလက်ထဲ ဝင်သဖြင့် သူလည်းလိုက်ဝင်ခဲ့သည်။

ရှောင်းကျန့်ကတော့ သူလုပ်နေသမျှ ကိစ္စအားလုံးကို မရိပ်မိနိူင်လောက်အောင် ရိုးလွန်းသည်။ သူ့ကို မြင်လျှင် မကျေနပ်သလို အရိပ်များ ဖြတ်ပြေးသွားသော ယုန်လေးမျက်ဝန်းများကို သူ တကယ်မနှစ်သက်။

သူ့ကိုသဘောမကျသည့်တိုင် မကျေမနပ်ပုံစံနဲ့တော့ လာမကြည့်နဲ့။ လုံးဝ ခွင့်မလွှတ်ဘူး။

သူ့ကို ဟန်ဆောင်ငြင်းမှုဖြင့် တွိုင်းလက်ထဲမှာ အဆုံးစွန်ထိ ခရီးသွားပစ်မည်ဟု ရည်ရွယ်ခဲ့ပေမယ့် လိမ်ချိုးထားရက်နဲ့ပင် အေးစက်လာသည့် ရှောင်းကျန့်လက် အထိအတွေ့ကြောင့် သူ ထပ်အားပျော့ခဲ့ ရပြန်သည်။

ကိစ္စတောင် မစရသေး။ သူ့လက်တစ်ဖက် ကျုးကျော်စစ်နဲ့တောင် ပျော့ညံ့သော လူသားလေးက တုန်ယင်အေးစက် နေခဲ့လေပြီ။

ရှောင်းကျန့်ကတော့ ရုန်းနိူင်လို့ လွတ်သွားတာလို့ ထင်နေရှာမှာပဲ။

ကောင်လေးနှစ်ယောက် ရောက်လာမှုကြောင့်လည်း သူ ဆက်မလုပ်တော့တာဟု ထင်နေဦးမည်။

မှားတယ်။ ခင်ဗျားကို ဆက်လုပ်ချင်ရင် အဲဒီနှစ်ယောက်ကို ရိုက်သတ်ပစ်လိုက်ရုံပဲ။ အရမ်းကြောက်နေတယ် ထင်လို့ အလျော့ပေးလိုက်တာကို အထင်မမှားနဲ့။

သူဌေးရုံးခန်းကို သူ ပြန်ဝင်လိုက်တော့ ထိုင်နေသောသူများရဲ့ အကြည့်က သူ့အပေါ်မနှစ်သက်သည့် အကြည့်မျိုး။ ခဏလေးဆိုပြီး နာရီဝက်ကျော် ပျောက်သွားခဲ့တာကို။

Something in the dark ( completed )Where stories live. Discover now